နည်းပညာ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ တီထွင်ဆန်းသစ်မှုတို့သည်လည်း တစ်ခုပြီးတစ်ခု သစ်လွင်နေတာဖြစ်ပါတယ်။ တီထွင်ဆန်းသစ်မှုများအနက် စမတ်နာရီသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ စမတ်ကျ ကျနဲ့ ရှိုးထုတ်ချင်တဲ့ ကွီး တို့သည်လည်း နာရီရွေးချယ်တဲ့အခါ အခုဆိုရင် နောက်ဆုံးပေါ် စမတ် နာရီ များကို ရွေးချယ်လာကြပါတယ်။

စမတ်ကျ ချင်တဲ့ ကွီး တို့အတွက် ရွေးချယ်စရာ စမတ် နာရီ များ အများအပြားရှိတဲ့အနက် အရည်အသွေး အကောင်းဆုံးနဲ့ လူကြိုက်အများဆုံး စမတ်နာရီ (၇) မျိုးကို ဖော်ပြပေးလိုက်ရပါတယ်။

Apple Watch Series 7

Photo: Pocket

Series 7 ဟာဆိုရင် လတ်တလောမှာ လူကြိုက်အများဆုံးဖြစ်ပါတယ်။ အထူးသဖြင့် iPhone ကိုင်တဲ့ ကွီးတို့အတွက် ရွေးချယ်သင့်တဲ့ စမတ်နာရီတစ်လုံး ဖြစ်ပါတယ်။ သူ့မှာ Feature အမျိုးအစား စုံစုံလင်လင်ပါဝင်ပြီး ကျန်းမာရေး လိုက်စားသူများအတွက်လည်း Apps တွေ စုံနေအောင် ပါဝင်ပါသေးတယ်။

Samsung Galaxy Watch 4

Photo: Wired

တကယ်လို့ ကွီးတို့က Samsun Galaxy ဖုန်းလေး သုံးတယ်ဆိုရင်တော့ အတွဲလိုက်ဖြစ်သွားအောင်လို့ Samsung Galaxy Watch 4 လေးကို ရွေးချယ် ဝယ်ယူသင့်ပါတယ်။ သူသည်လည်း Apple Watch Series 7 နဲ့ အပြိုင် ရောင်းအားကောင်းနေတာဖြစ်ပါတယ်။

Garmin Venu 2 Plus

Photo: Dcrainmaker

ဒီစမတ်နာရီကတော့ တောင်တက်အားကစား လိုက်စားတဲ့ ကွီးတို့အတွက် အသင့်တော်ဆုံးပါပဲ။ စမတ်နာရီရဲ့ အားသာချက်ကတော့ ရိုးရိုးနာရီတွေလိုမဟုတ်ဘဲ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် အင်မတန်အသုံးတည့်တာကတော့ အားသာချက်တစ်ခုပါပဲ။

Fitbit Sense

Photo: Dcrainmaker

နောက်ထပ် ရွေးချယ်စရာ စမတ်နာရီတစ်လုံးကတော့ Fitbit Sense ပဲဖြစ်ပါတယ်။ သူသည်လည်း ဈေးနှုန်းသင့်တင့်ပြီး စမတ်ကျ ချင်တဲ့ ကွီး တို့အတွက် ရွေးချယ်သင့်တဲ့ နာရီ တစ်လုံးဖြစ်ပါတယ်။

Withings ScanWatch

Photo: Theguardian

အကောင်းစား Hybrid စမတ်နာရီကို ပြောပါဆိုရင်တော့ ဒီနာရီလေးကို ညွှန်းပါရစေ။ သူသည် ရိုးရိုးလက်ပတ်နာရီနှင့် စမတ်နာရီတို့ကို ပေါင်းစပ်ထားတဲ့ Hybrid နာရီတစ်မျိုး ဖြစ်ပါတယ်။ သူသည် SpO2 ကိုလည်း ပြသတဲ့အပြင် ECG အညွှန်းပါပါတော့ အမိုက်တကာ့ အမိုက်ဆုံးပဲဖြစ်ပါတယ်။

Fitbit Charge 5

Photo: Theverge

Fitbit Charge 5 ရဲ့ အရောင်တွေကလည်း ကွီးတို့အတွက် အရူးအမူးဖြစ်ချင်စရာပါပဲ။ Feature အမျိုးအစား စုံလင်ပြီး အားကစားသမားများအတွက် ကွက်တိပါပဲ။

Xiaomi Mi Band 6

Photo: Gsmarena

ကွီးတို့အနေနဲ့ ဈေးလည်း သက်သာရမယ်။ အရည်အသွေးလည်း ကောင်းရမယ်ဆိုတဲ့ စမတ်နာရီမျိုးကို ရှာဖွေနေတယ်ဆိုရင်တော့ Xiaomi Mi Band 6 ကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ သူသည်လည်း အားကစားလိုက်စားတဲ့ စမတ်ကျ ကျ ကွီး တို့ကို အကြိုက်တွေ့စေမယ့် နာရီ တစ်လုံးဖြစ်ပါတယ်။

Source: Androidauthority.com

Featured Image: Irreverentgent