ယနေ့ခေတ်လို ဖွံ့ဖြိုးတိုးတက်နေတဲ့အချိန်မှာ စမတ်ဖုန်းတွေသည်လည်း ကျနော်တို့ လူသားတွေရဲ့ နေ့စဉ်ဘဝထဲမှာ များစွာ အရေးပါပါတယ်။ တစ်စထက် တစ်စ တိုးတက်လာတဲ့ စမတ်ဖုန်း နည်းပညာ များကြောင့်လည်း နေ့စဉ်ဘဝသည် များစွာ ပိုမိုလွယ်ကူလာပြီး အချိန်ကုန်လည်း သက်သာလာပါတယ်။ ဒီလိုမျိုး နေ့စဉ်ဘဝမှာ ပိုမိုလွယ်ကူသက်သာလာပြီး အချိန်ကုန်သက်သာလာခြင်းသည် တိုးတက်လာတဲ့ စမတ်ဖုန်း နည်းပညာ များကြောင့်ဆိုလည်း မမှားပါဘူး။

AI နည်းပညာ

Photo: How2shout

စမတ်ဖုန်းလောကသည် AI နည်းပညာကို ၂၀၁၇ ကတည်းက အာရုံစိုက်လာခဲ့တာပဲဖြစ်ပါတယ်။ စတင်ခဲ့ပုံကတော့ Apple သည် Siri ဆိုတဲ့ အသံအထောက်အပံ့ကို စတင်မိတ်ဆက်ပြီးနောက်မှာတော့ အခြားသော Andriod ဖုန်းများသည်လည်း AI နည်းပညာကို စတင်အသုံးပြုနိုင်ဖို့ရန်အတွက် ကြိုးစားလာခဲ့ပါတယ်။

ဒီလိုကနေ တစ်စထက်တစ်စ စမတ်ဖုန်း များတွင် AI နည်းပညာ ကို မြင်တွေ့လာခဲ့ရတာပဲ ဖြစ်ပါတယ်။

ဖုန်းဖြင့် ငွေပေးချေခြင်း နည်းပညာများ

Photo: Bankinfosecurity

အရင်ကဆို ငွေလွှဲဖို့ဆိုရင် ဘဏ်ကို တကူးတကသွားရပြီး အချိန်ကုန် လူပင်ပန်းပါတယ်။ ယနေ့ခေတ်မှာတော့ ဖုန်းထဲမှာ အက်ပလီကေးရှင်း မျိုးစုံ ထည့်နိုင်လာတဲ့အတွက်ကြောင့် ငွေလွှဲဖို့ဆိုရင်လည်း ဘဏ်ကို တကူးတကသွားစရာမလိုတော့ဘဲ အွန်လိုင်းကနေ ဈေးဝယ်တဲ့အခါမှာလည်း အလွယ်တကူ ဝယ်ယူလာနိုင်ပြီပဲ ဖြစ်ပါတယ်။

Cloud ပေါ်တွင် သိမ်းဆည်းထားနိုင်ခြင်း

Photo: Eescorporation

စမတ်ဖုန်း နည်းပညာ များသည် တစ်စထက် တစ်စ မြင့်မားလာသည်နှင့်အမျှ Cloud ပေါ်မှာ မိမိရဲ့ ဒေတာများကို သိမ်းဆည်းထားနိုင်ပြီပဲဖြစ်ပါတယ်။ Storage များများဖြင့် စွမ်းဆောင်ရည် ကောင်းစွာ သိမ်းဆည်းထားနိုင်ပြီး လိုအပ်တဲ့အချက်အလက်များကိုလည်း မိမိလိုချင်တဲ့အချိန်မှာ အလွယ်တကူ ဒေါင်းလုတ်ဒ်ချနိုင်ပြီပဲ ဖြစ်ပါတယ်။

5G Connection

Photo: Networkworld

ယနေ့ခေတ်မှာ 4G Connection သည် ခေတ်အစားဆုံးပဲ ဖြစ်ပါတယ်။ သို့သော် နောက်ဆုံးမှာ ထွက်ရှိလာတဲ့ နောက်ဆုံးပေါ် ဖုန်းများသည် 5G ကို အသုံးပြုလာခဲ့ကြပါတယ်။ 5G သည် 4G ထက်စာရင် အဆ ၁၀၀ ပိုမြန်ပါတယ်။ ဒါ့အပြင် လိုင်းဆွဲအားလည်း ပိုမိုကောင်းမွန်လာတဲ့အတွက်ကြောင့် အသုံးပြုရတဲ့ ခံစားချက်သည်လည်း ပိုမိုက်လာပါလိမ့်မယ်။

ပိုမိုအဆင့်မြင့်လာသော ဖုန်း လုံခြုံရေးစနစ်များ

Photo: Techradar

စမတ်ဖုန်းတွေ မပေါ်တုန်းကဆို အိမ်သုံး ကြိုးဖုန်းများကိုသာ အသုံးပြုခဲ့ကြတာပါ။ နောက်မှ ခေါက်ဖုန်း၊ ထိုမှတဆင့် Slide ဖုန်း၊ ထိုမှတဆင့် Touch ဖုန်း နောက်ဆုံးကျမှ ယနေ့ခေတ်မှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြတဲ့ စမတ်ဖုန်းတွေ အလှည့်ရောက်ရှိလာခဲ့တာပါ။ အရင်တုန်းကဆိုလည်း Face Unlock များ၊ အသံဖြင့် Lock ဖြေခြင်း၊ လက်ဗွေရာဖြင့် Unlock လုပ်ခြင်းတို့ မရှိသေးပါဘူး။ ယခုကျမှ တဖြည်းဖြည်း အဆင့်မြင့်လာပြီး နည်းပညာများစွာ စုံလင်လာတာပဲဖြစ်ပါတယ်။

သယ်ယူပို့ဆောင်ရေးစနစ်နှင့် ကြော်ငြာများ

Photo: Freeimages

နည်းပညာများ တစ်စထက် တစ်စတိုးတက်လာတဲ့အတွက်ကြောင့် အက်ပလီကေးရှင်းမျိုးစုံသည်လည်း ရွေးချယ်စရာများပြားလှပါတယ်။ ဥပမာ Grab ဖြင့် တက္ကစီငှားကာ သွားလာခြင်းသည် တက္ကစီခ ဈေးညှိရတဲ့ ပြဿနာကနေ ကင်းဝေးပြီး မိမိရဲ့ လုံခြုံရေးအတွက်လည်း ပိုမိုစိတ်ချရပါတယ်။

ဒီလိုတစ်စထက် တစ်စ တိုးတက်လာတဲ့ နည်းပညာများနှင့် အသားကျလာတဲ့ ကျနော်တို့ လူငယ်များအနေနဲ့လည်း နောက်ထပ် တိုးတက်လာတဲ့ နည်းပညာများကို ပိုမိုအသုံးပြုနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ရပါတယ်။

Source: Sam-solutions

Featured Image: Techbooky