စမတ် ကျကျနှင့် စတိုင်လ်ကျလှပတဲ့ ဖက်ရှင်မျိုး ဖန်တီးချင်တဲ့ ကွီးတို့အတွက် Blazer ကုတ်အင်္ကျီများသည် အရွေးချယ်သင့်ဆုံး ဖက်ရှင်အဝတ်အထည်တစ်မျိုးပဲဖြစ်ပါတယ်။

Photo: renoon

စမတ် ကျစေတဲ့ အဝတ်အထည်တစ်ခုဖြစ်တဲ့ Blazer ကုတ်အင်္ကျီသည် ၁၈၂၅ ခုနှစ်က စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ထိုအချိန်တုန်းက Cambridge ရှိ St. John ကောလိပ်တွင် လှေလှော်အသင်းဆိုပြီး ရှိပါတယ်။ သူတို့ရဲ့ ယူနီဖောင်းအဖြစ် လူသိများခဲ့တာဖြစ်ပါတယ်။

တဖြည်းဖြည်းနဲ့ ၁၈၉၃ ခုနှစ်တွင် ဒီဇိုင်းတစ်မျိုးသစ်ဆန်းကာ အင်္ကျီရဲ့ခါးအရှည်ကို အနည်းငယ် တိုလိုက်ပါတယ်။ ၁၉၅၀ ပြည့်နှစ်တွမှာတော့ အမျိုးသားရော အမျိုးသမီးပါ ဝတ်ဆင်လာခဲ့ကြတာ ဖြစ်ပါတယ်။

ကွီး တို့အနေနဲ့ ပွဲတက်အခမ်းအနားတွေမှာ စမတ် ကျကျနဲ့ ကြည့်ကောင်းစေချင်တယ်ဆိုရင်တော့ Blazer ဖက်ရှင်များကို ရွေးချယ်သင့်ပါတယ်။

ဘလေဇာကုတ်အင်္ကျီများကို အဓိကအားဖြင့် လေးမျိုး ခွဲခြားထားပါတယ်။

ချည်သား ဘလေဇာဖက်ရှင်

ပူအိုက်တဲ့အချိန်မှာ အပေါ်ကနေ ဘလေဇာတစ်ထည် ထပ်ဝတ်ချင်တာဆိုရင်တော့ လေဝင်လေထွက်ကောင်းတဲ့ ချည်သား ဘလေဇာမျိုး ရွေးချယ်သင့်ပါတယ်။

သိုးမွေး ဘလေဇာ

သိုးမွှေးဘလေဇာတွေကတော့ ချမ်းအေးတဲ့ ရာသီဥတုအတွက်ပေါ့။

လီနင်သားနှင့် ပြုလုပ်ထားတဲ့ ဘလေဇာဖက်ရှင်

လီနင်ဘလေဇာတွေကလည်း ပေါ့ပေါ့ပါးပါးနဲ့ ဝတ်လို့ကောင်းပါတယ်။

Denim ဘလေဇာ

ယခုနောက်ပိုင်းမှာတော့ Denim ဘလေဇာတွေလည်း ခေတ်စားလာပါပြီ။

ဘလေဇာကုတ်ကို ဖက်ရှင်ကျကျ ဝတ်ဆင်ချင်ပေမယ့် ဘယ်လိုဘောင်းဘီတွေနဲ့ တွဲဖက်ဝတ်ဆင်ရမလဲ မသိသေးတဲ့ ကွီးတို့အတွက်ကတော့ …

ဂျင်းဘောင်းဘီနဲ့ တွဲဝတ်ပါ

ဂျင်းဘောင်းဘီကတော့ ဘယ်အဝတ်အစားနဲ့မဆို လိုက်ဖက်ပြီး သင့်ကို လူငယ်ဆန်ဆန်နဲ့ ကြည့်ကောင်းနေစေမှာပါ။

ပေါ့ပါးလွတ်လပ်တဲ့အသွင်ကို ဖန်တီးဖို့အတွက် ချီနိုဘောင်းဘီနဲ့ တွဲဝတ်ပါ

ချီနိုဘောင်းဘီတွေကတော့ လေဝင်လေထွက်ကောင်းပြီး သင့်ကို စမတ်ကျကျနဲ့ မိမိုက်သွားစေမှာပါ။

ဗွီပုံသဏ္ဍာန် လည်ပင်းပေါက်ပါသော တီရှပ် (သို့) ပိုလိုရှပ်များဖြင့် တွဲဝတ်ပါ

ဒီဖက်ရှင်စတိုင်လ်ကလည်း လတ်တလောမှာ အဝတ်များနေကြတဲ့ဖက်ရှင်စတိုင်လ်တစ်ခုဖြစ်ပါတယ်။

ဖက်ရှင်အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တဲ့ လည်စည်းပုဝါအသုံးပြုပါ

သင့်အနေနဲ့ တီဗွီထဲက ဟောလိဝုဒ်မင်းသားတွေလို ကြည့်ကောင်းချင်တယ်ဆိုရင်တော့ ဒီလိုစတိုင်လ်မျိုး ဖန်တီးနိုင်ပါတယ်။

Cardigan ဆွယ်တာနဲ့လည်း ရှိုးထုတ်နိုင်ပါတယ်

Cardigan ဆွယ်တာဖက်ရှင်ကိုရော ဘယ်လိုသဘောရပါသလဲ။

ဒီဇိုင်းဆန်းသော ဖက်ရှင်

ဒီလိုအကွက်ဆန်းဆန်းတွေကလည်း သင့်ကို ပေါ်လွင်ထင်ရှားစေမှာဖြစ်ပါတယ်။

ဖိနပ်ရွေးချယ်မယ်ဆိုရင်

ဖိနပ်ရွေးချယ်မယ်ဆိုရင်တော့ Boat Shoes (သို့) Sneakers ဖိနပ်မျိုးကို ဝတ်ဆင်သင့်ပါတယ်။ သင့်ကို Casual ဖက်ရှင်မျိုး ရရှိအောင် ကူညီပေးပါလိမ့်မယ်။

နာရီရွေးချယ်မယ်ဆိုရင်

နာရီကတော့ မပါမဖြစ် ဖက်ရှင်အသုံးအဆောင်ပစ္စည်းတစ်ခုပေါ့။ စမတ်နာရီမျိုးလည်း ရွေးချယ်နိုင်သလို ဒစ်ဂျစ်တယ်နာရီမျိုးကိုလည်း ရွေးချယ်နိုင်ပါတယ်။ နာရီအရောင်ကိုတော့ အရောင်ငြိမ်မျိုးကို ဦးစားပေးပါ။

Source: G3fashion

Featured Image: Fjackets