ကွီးတို့အတွက် အမတန်ကို ပျင်းစရာကောင်းတဲ့ international break ပြီးဆုံးသွားချိန်မှာတော့ april fool day ဖြစ်တဲ့ ဧပြီ တစ်ရက်နေ့ရဲ့ ညနေ (၆)နာရီမှာပဲ မန်စီးတီးအသင်း နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ အလန်းစား ပရီးမီးယားလိဂ်ပွဲကောင်းက ကလပ်အသင်းပွဲတွေ ငတ်ပြတ်နေတဲ့ ကွီးတွေကို ရှယ်ဖျော်ဖြေပေးသွားဖို့ ရှိနေပါတယ်။ ဒီပွဲအကြောင်းလေး တီးခေါက်လိုက်ရအောင်ဗျာ။

Photo Credit : Sports Illustrated

ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ စီးတီးက အခုအချိန်မှာ ဆင်ပျံကြီးနဲ့ (၁)ပွဲလျော့ (၈)မှတ်ကွာဟနေတယ်။ ဆင်ပျံက ဒီတစ်ပတ်ထဲမှာ လိဒ်စ်နဲ့ ကစားရမယ်။ (၃)မှတ်ရဖို့က သေချာသလောက်ကို ရှိနေတာမို့ စီးတီးသာ ဆင်ပျံတို့ကို ဆက်လက် ဖိအားပေးထားချင်ရင် ဒီပွဲမှာ မဖြစ်မနေ ရလဒ်ကောင်းထားရပါမယ်။ ဒါပေမယ့် အသင်းရဲ့ ဂိုးသွင်းစက် ဟာလန်း ပါနိုင်မပါနိုင်ကလည်း စောင့်ကြည့်ရပါလိမ့်မယ်။

Photo Credit : CNN

အန်ဖီးလ်မှာဆို အထာမထားပဲ ရှယ်အဖြုတ်ကြမ်းတဲ့ လီဗာပူးလ်က အန်ဖီးလ်မဟုတ်တဲ့ ကွင်းတစ်ကွင်းကွင်းကို ရောက်သွားရင် ဇယားအောက်မှာ ကုန်းကောက်နေရတဲ့ ဘုန်းမောက်ကိုတောင် ရှုံးခဲ့ပါသေးတယ်။ ဖလားလက်မဲ့ ဖြစ်သွားရတဲ့ လီဗာပူးလ်အတွက်က top 4 ထဲ တိုးဝင်ဖို့ တစ်ခုသာ ကျန်နေတော့တာမို့ အဝေးကွင်း ရလဒ်တွေ စုတ်ပြတ်နေသည့်တိုင် စီးတီးဆီက အမှတ်ရအောင် ယူဖို့ ပြင်ဆင်လာမှာ သေချာပါတယ်။

Photo Credit : The Sun

၂၀၂၃ထဲမှာ အိမ်ကွင်းဆို ရှယ်ဖြုတ်ထားတဲ့ စီးတီးနဲ့ ၂၀၂၃ထဲမှာ အဝေးကွင်း နိုင်ပွဲ (၂)ပွဲသာ ရှိထားသေးတဲ့ လီဗာပူးလ်။ ဒီလို fact အရေးကြီးတဲ့ တစ်ခု ရှိနေတယ် ဆိုပေမယ့်လည်း နှစ်သင်းလုံးမှာ ကိုယ်စီ မျှော်လင့်ချက်တွေ ရှိနေကြတာကိုတော့ မေ့ထားလို့ မရပါဘူး။ ဒါပေမယ့် ဒီရာသီထဲမှာ ပြိုင်ပွဲစုံ ရှုံးပွဲ (၁၁)ပွဲအထိတောင် ရှိထားရတဲ့ လီဗာပူးလ်က Etihad မှာ အိမ်ရှင် စီးတီးကို ဟန့်တားနိုင်ပါ့မလား။ ကျွန်တော်ကတော့ မထင်မိပါဘူး။ ကွီးတို့ရော???

Featured Photo : Marca