ဘန်လေအသင်း ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားချိန် အသင်းနည်းပြသစ်အဖြစ် စီးတီး ဂန္တဝင် ကြီး ဗင်းဆင့် ကွန်ပနီကို gambling ဆန်ဆန် ခန့်အပ်ခဲ့ရာ အခုတော့ ကွန်ပနီက ဘန်လေကို သူ တာဝန်ယူ ကိုင်တွယ်ရတဲ့ ပထမဆုံး ဘောလုံးရာသီမှာပဲ ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ဆီ ပြန်လည် ပို့ဆောင်နိုင်ခဲ့ပါတယ်။

Photo Credit : Reuters

တကယ်တော့ ကွန်ပနီရဲ့ နည်းပြဘဝ အစပိုင်းက အားရစရာ အနေအထားမှာ မရှိခဲ့ပေမယ့် ဘန်လေမှာတော့ ဘယ်သူမှ မထင်ထားလောက်အောင်ကို စွမ်းဆောင်နိုင်ခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီရာသီမှာ ဂွာဒီယိုလာ တပည့်တွေဖြစ်သော အာတေတာ ဇာဗီတို့ လက်စောင်းထက်နေချိန် ကွန်ပနီဟာလည်း သူရဲ့ဘန်လေကို ချန်ပီယံရှစ်ပြိုင်ပွဲထဲ အလန်းဆုံး အသင်းဖြစ်အောင် လုပ်ဆောင်ထားပြီး ရာသီမကုန်ခင်မှာပဲ ပရီးမီးယားလိဂ်ဆီ ပြန်လည် တတ်လှမ်းဖို့အတွက် ကြိုတင် လက်မှတ် ရရှိသွားခဲ့ပါတယ်။

Photo Credit : ESPN

ဒီလို အရည်အချင်းတွေနဲ့ ပြည့်စုံနေတဲ့ ကွန်ပနီကို ဘန်လေနဲ့အတူ ပရီးမီးယားလိဂ်ဆီ မတတ်လှမ်းလာခင်လေးမှာပဲ သူတို့အသင်းတွေရဲ့ နည်းပြ role ကနေ ကပြ အသုံးတော်ခံပေးဖို့အတွက် ချယ်လ်ဆီး နဲ့ စပါး လန်ဒန်ညိုကီ (၂)သင်းက ကြိုးပမ်းလာပါတယ်။ ဒီနှစ်သင်းလုံးက လက်ရှိမှာ ယာယီနည်းပြ ကိုယ်စီနဲ့ လက်ကျန် ဘောလုံးရာသီကို ဖြတ်သန်းလို့နေပြီး ရာသီအကုန်မှာတော့ နည်းပြသစ် ခန့်အပ်ဖို့ အသေအချာ ကြိုးပမ်းဖို့ ရှိနေပြီး ကွန်ပနီဟာလည်း လန်ဒန်ညိုကီ (၂)သင်းလုံးရဲ့ နည်းပြ shortlist ထဲမှာ ပါဝင်လို့နေပါတယ်။

Photo Credit : BeSoccer

ကွန်ပနီဆိုတာ နည်းပြ မဖြစ်လာခင် ကစားသမားဘဝမှာ မန်စီးတီးအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် အကောင်းဆုံး စွမ်းဆောင်နိုင်သူဖြစ်ပြီး အဲ့ဒီအချိန်ကတည်းက အသင်းဖော်တွေကို ကိုင်တွယ်နိုင်မှု အသင်းအပေါ် မောင်းနှင်နိုင်မှု အပြည့်အဝ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့ကို အခုအချိန်မှာ ချယ်လ်ဆီး နဲ့ စပါးတို့က အပြိုင် အလိုရှိနေတာဖြစ်ပြီး ကွန်ပနီအနေနဲ့ ဒီကမ်းလှမ်းမှုတွေကို စဥ်းစားမလား ဒါမှမဟုတ် ဘန်လေနဲ့ပဲ ပရီးမီးယားလိဂ်မှာပဲ ရှယ်ကြမ်းပြမလဲဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။

Featured Photo : The Analyst