အားကစားသများအများစုသည် အနိုင်ရဖို့အတွက် (သို့) ဝင်ငွေကောင်းဖို့ရန်အတွက် (သို့) အောင်နိုင်သူ ချန်ပီယံတစ်ယောက်ဖြစ်ဖို့ရန်အတွက် (သို့) သူ ပြုလုပ်သော အားကစားကို ချစ်မြတ်နိုးတဲ့အတွက် အစရှိတဲ့ အချက်တွေကြောင့် အားကစားနယ်ပယ်တစ်ခုမှာ အောင်မြင်အောင် ပြုလုပ်ကြပါတယ်။ ဒါပေမဲ့ လူ့ပတ်ဝန်းကျင်ရဲ့ မှားယွင်းနေတဲ့ စံနှုန်း သတ်မှတ်ချက်အချို့ကို ရိုက်ချိုးပေးနိုင်ခဲ့တဲ့ ကမ္ဘာကျော် အားကစားသမား အချို့လည်း ရှိပါတယ်။

ထိုကဲ့သို့သော အားကစားသမားအချို့သည် သူတို့ရဲ့ ဂုဏ်သတင်းကျော်ဇောမှု၊ နာမည်ကြီးမှုတို့ကို အထာမကျတဲ့ အချို့သော သတ်မှတ်ချက်တွေကို ပြောင်းလဲဖို့ကြိုးစားနေတဲ့ နေရာမှာ အသုံးချကြပါတယ်။

Jesse Owens

Photo: Jammin1015

လယ်သူရင်းငှားရဲ့ သားတစ်ယောက်လည်းဖြစ်၊ ကျွန်တစ်ယောက်ရဲ့ မြေးလည်းဖြစ်တဲ့ Jesse Owens သည် ၁၉၃၆ ခုနှစ်မှာ ဘာလင်မြို့မှာကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ သူသည် ရွှေတံဆိပ် (၄) ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး အောင်မြင်တဲ့ ပြေးခုန်ပစ်အားကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ လူမဲတစ်ဖြစ်လည်းဖြစ်ပြီး ချမ်းသာတဲ့အသိုင်းအဝိုင်းမဟုတ်တော့ ပတ်ဝန်းကျင်ရဲ့ဖိနှိပ်မှုဒဏ်ကို ခံခဲ့ရတော့အမှန်ပါပဲ။ အသိသာဆုံးကတော့ အခြားသော ကစားသမားများကဲ့သို့ သမ္မတနဲ့ လက်ဆွဲနှုတ်ဆက်ခွင့်မရှိတာပါပဲ။

သို့သော် ၁၉၇၆ ခုနှစ်မှာတော့ သမ္မတ Gerald Ford က သူ့ကို ဆုတံဆိပ်ချီးမြှင့်တဲ့အခါမှာတော့ လက်ဆွဲနှုတ်ဆက်ခွင့်ရခဲ့ပါတယ်။

Billie Jean King

Photo: Wimbledon

သူ(မ)ကတော့ အမျိုးသမီးတင်းနစ်လောကမှ နံပါတ် (၁) နေရာမှာ ရပ်တည်နေတဲ့ အတော်ဆုံးတင်းနစ်ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ သူကတော့ ပတ်ဝန်းကျင်ရဲ့ စံနှုန်း သတ်မှတ်ချက်ကို ဘယ်လိုပြောင်းလဲဖို့ ကြိုးစားခဲ့တဲ့ အားကစားသမား တစ်ယောက်ဖြစ်မလဲ။

၁၉၇၃ မတိုင်မှီက အမျိုးသမီးအားကစားပြိုင်ပွဲများသည် အမျိုးသားအားကစားပြိုင်ပွဲများထက် အားပေးခံရခြင်းနည်းပါတယ်။ အမျိုးသမီးဖြစ်နေလို့ဆိုတဲ့ အကြောင်းပြချက်ကြောင့်ပါပဲ။ ၁၉၇၃ ခုနှစ်မှာတော့ Billie Jean King ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အချိန်ကျရောက်လာခဲ့ပါတယ်။

ထိုအခွင့်အရေးကတော့ ကမ္ဘာ့အတော်ဆုံး အမျိုးသားတင်းနစ်ကစားသမားတစ်ယောက်နဲ့ ယှဉ်ပြိုင်ဖို့အတွက် အကြောင်းဖန်လာခြင်းပါပဲ။ သူ(မ)သည် ထိုအမျိုးသားရဲ့ စိန်ခေါ်မှုကို လက်ခံခဲ့ပြီး ပွဲစဉ်သုံးပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ ၆ မှတ်-၄ မှတ်၊ ၆ မှတ် – ၃ မှတ်၊ ၆ မှတ် – ၃ မှတ်တို့ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ထိုအချိန်မှစ၍ အမျိုးသမီးအားကစားသမားမျာသည်လည်း အမျိုးသားကစားသမားများကဲ့သို့ တန်းတူအခွင့်အရေးရလာခဲ့ပါတယ်။

Jackie Robinson

Photo: people

Jackie Robinson သည်လည်း အောင်မြင်ကျော်ကြားကာ နာမည်ကြီးတဲ့ ဘေ့စ်ဘောကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ သူသည်လည်း လယ်သူရင်းငှားမျိုးရိုးဖြစ်ပြီး လူမဲတစ်ယောက်ဖြစ်ပါတယ်။ သူသည် ဘေ့စ်ဘောအားကစားလောကတွင် ပထမဦးဆုံးသော လူမဲကစားသမားဖြစ်ပြီး သူကပဲ ထိုဘေ့စ်ဘောလောကတွင် တည်ရှိနေတဲ့ လူဖြူလူမဲ အသားအရောင်ဖိနှိပ်ခြင်းကို တားဆီးခဲ့တာဖြစ်ပါတယ်။ ထို့နောက် Negro Leagues ဆိုတဲ့ အားကစားအဖွဲ့အစည်းကို တည်ထောင်ခဲ့ပြီး ၂၀ ရာစုအစောပိုင်းတွင် လူမဲအမျိုးသားတစ်ဦးပိုင်ဆိုင်တဲ့ အအောင်မြင်ဆုံး အဖွဲ့အစည်းတစ်ခုဖြစ်ခဲ့ပါတယ်။

Althea Gibson

Photo: History

သူ(မ)ကတော့ ၁၉၂၇ တွင် မွေးဖွားခဲ့ပြီး သူ့မိဘတွေကလည်း လယ်လုပ်ငန်းကိုင်ကိုင်ကြသူတွေဖြစ်ပါတယ်။ ၁၉၅၀ ခုနှစ်၊ သူ(မ) အသက် ၂၃ နှစ်အရွယ်မှာတော့ အမျိုးသမီးဘေ့စ်ဘောလောကတွင် အသားအရောင်ဖိနှိပ်ခွဲခြားမှုကို ချိုးဖျက်ခဲ့တဲ့သူပဲဖြစပါတယ်။

Michael Sam

Photo: People

သူကတော့ အမေရိကန်ဘောလုံး အားကစားသမားတစ်ယောက်ဖြစ်ပါတယ်။ သူ့ကတော့ လိင်တူနှစ်သက်သူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဖြစ်တည်မှုကို ဖွင့်ဟပြောဆိုတဲ့အခါမှာတော့ သူ့ရဲ့အသင်းသားတွေကလည်း နွေးထွေးစွာနဲ့ပဲ ကြိုဆိုတာကို တွေ့ရပါတယ်။

Jim Abbott

Photo: Star2

Jim Abbott ကတော့ ၁၉၈၉ နဲ့ ၁၉၉၉ ခုနှစ်ကြားမှာ ဘေ့စ်ဘောပြိုင်ပွဲပေါင်း မြောက်မြားစွာမှာ ပါဝင်ဆော့ကစားခဲ့တဲ့ ဘေ့စ်ဘောအကျော်အမောတစ်ယောက်ပဲဖြစ်ပါတယ်။ သူသည် ဘယ်သန်တစ်ယောက်ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မွေးကတည်းက ညာလက်မပါတဲ့ မသန်စွမ်းတစ်ယောက်ဖြစ်တာကြောင့် အခြေအနေလိုအပ်ချက်အရ ဘယ်လက်ကိုသာ အသုံးပြုရတာဖြစ်ပါတယ်။

ထိုအချိန်ကတည်းက မသန်စွမ်းတွေအပေါ် ခွဲခြားဆက်ဆံမှုအနည်းငယ် ရှိခဲ့ပြီး Jim ကတော့ ထိုဆက်ဆံမှုအကြား သာမန်လူထက် ပိုမိုအောင်မြင်ကျော်ကြားတဲ့လူတစ်ယောက်ဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။

မသန်စွမ်းတွေသည်လည်း သာမန်လူတွေ လုပ်သလိုမျိုး လုပ်ဆောင်နိုင်ကြောင်း သက်သေပြခဲ့ကာ လူ့ပတ်ဝန်းကျင်ရဲ့ စံနှုန်း သတ်မှတ်ချက်တွေကို ရိုက်ချိုးခဲ့တဲ့ အားကစားသမား တစ်ယောက်ဖြစ်ပါတယ်။

Rudy Galindo

Photo: Americanprofile

Rudy Galindo ကတော့ မက်ဆီကန် အမေရိကန်ကပြားတစ်ယောက်ဖြစ်ပြီး Figure Skating သမိုင်းတွင် အတော်ဆုံးကစားးသမားတစ်ယောက်ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်တွင် သူသည် လိင်တူဆက်ဆံသူတစ်ယောက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး LGBTQ+ အတွက် လမ်းကြောင်းတစ်ခုဖောက်ပေးခဲ့တာဖြစ်ပါတယ်။ အားကစားလောကတွင်လည်း LGBTQ+ တွေအတွက် နေရာပေးသင့်ကြောင်းကို သက်သေပြခဲ့တဲ့ နောက်ထပ် အားကစားသမားတစ်ယောက်ဖြစ်ပါတယ်။

စာဖတ်သူတို့လည်း လူ့ပတ်ဝန်းကျင်ရဲ့ အထာမကျတဲ့ စံနှုန်း သတ်မှတ်ချက်အချို့ကို ရိုက်ချိုးခဲ့တဲ့ အခြားသော အားကစားသမား များကို သိသေးတယ်ဆိုရင် ဝေမျှခဲ့ပါဦး

Source: Finance

Featured Image: Elitesportsny