ထူးခြားတဲ့ ခရီးသွား အတွေ့အကြုံအသစ်တွေ ရှာဖွေချင်တယ် ဆိုရင်တော့ စွန့်စားခန်း ဖွင့်ရတဲ့ ခရီးတွေ ကွီးတို့ သွားသင့်ပါတယ်။ ဘဝမှာ အမှတ်ရဆုံး ဖြစ်စေမယ့် ရှားပါး အတွေ့အကြုံတွေနဲ့ တသက်မမေ့နိုင်တဲ့ အမှတ်တရတွေကို ရရှိစေဖို့ ဒီတစ်ခေါက်မှာတော့ ကွီးတို့ မသေခင် သွားရမယ့် အမိုက်စား ခရီးစဉ်တွေကို မျှဝေပေးချင်ပါတယ်။

(၁) Mount Thor – ကနေဒါ

Photo : When On Earth

တောင်တန်းဒေသတွေဆီ စွန့်စားခန်း ဖွင့်ချင်သူတွေကတော့ ကနေဒါနိုင်ငံထဲက Mount Thor ကို ရောက်အောင် သွားသင့်ပါတယ်။ အမြင့်ပေ ၅၄၉၅ ပေရှိပြီး မတ်စောက်တဲ့ တောင်ထွက်တစ်ခု ဖြစ်တဲ့ Mount Thor ဟာ တောင်တက် ဝါသနာရှင်တွေ ၊ စခန်းချ ခရီးထွက်ချင်တွေ သေချာပေါက် အကြိုက်တွေ့စေမယ့် အထူးခြားဆုံး နေရာတစ်ခု ဖြစ်ပါတယ်။

(၂) Oymyakon – ရုရှား

Photo : Travel and Leisure Asia

Oymyakon ကတော့ တစ်နှစ်ပတ်လုံး ရေခဲဖုံးလွှမ်းနေတဲ့ ရုရှားနိုင်ငံထဲက စိတ်ဝင်စားဖွယ်ရာ မြို့ငယ်လေးတစ်ခုပါ။ လူဦးရေ ၅၀၀ ဝန်းကျင်သာ နေထိုင်တဲ့ ဒီမြို့လေးမှာတော့ ဆောင်းရာသီဆိုရင် အပူချိန်ဟာ ပျှမ်းမျှ -58 ဒီဂရီ ဖာရင်ဟိုက်ခန့် ရှိတာကြောင့် အအေးဒဏ်ကို တော်တော်လေး ခံရတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ အေးအေးခံနိုင်ပါတယ်ဆိုတဲ့ ခရီးသွားတွေကတော့ ဒီမြို့လေးကို ရောက်အောင်သွားသင့်ပြီး နှင်းလျှောစီးတာ ၊ ရေခဲပြင်ဟော်ကီနဲ့ ရေခဲပြင်ငါးဖမ်းခြင်းတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

(၃) Mawsynram – အိန္ဒိယ

Photo : Kajaawa

အိန္ဒိယနိုင်ငံထဲ စွန်းစားခန်း ဖွင့်လို့ကောင်းတဲ့ နေရာတစ်ခုကတော့ Mawsynram မြို့လေးပါပဲ။ ဒီမြို့လေးက နှစ်စဉ်ပျမ်းမျှ မိုးရေချိန် ၄၆၇ လက်မရှိပြီး ကမ္ဘာပေါ်က စိုစွတ်မှု အများဆုံးနေရာတစ်ခုအဖြစ် စံချိန်တင်မှတ်တမ်းဝင်ထားပါတယ်။ မိုးရာသီမှာ ခရီးသွားလာရခက်ခဲပေမယ့်လည်း သဘာဝ တောတောင်အလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ ဒီမြို့လေးဟာ စိတ်လှုပ်ရှားဖွယ်ရာ ခရီးစဉ်တစ်ခုကို ပေးစွမ်းမှာ သေချာပါတယ်။

(၄) Ningaloo – အနောက်ဩစတေးလျ

Photo : Live Ningaloo

ပင်လယ်ပင်ကြီးနဲ့အတူ စွန့်စားခန်း ဖွင့်ချင်တဲ့ ခရီးသွားတွေကတော့ အနောက်ဩစတေးလျ မှာရှိတဲ့ Ningaloo ကမ်းရိုးတန်းဆီ သွားရောက်လည်ပတ် သင့်ပါတယ်။ Ningaloo ကမ်းရိုးတမ်းတစ်လျှောက်မှာ လှပတဲ့ သန္တာကျောက်တန်းတွေ တည်ရှိနေပြီး ငါးမျိုးစိတ်ပေါင်း ၅၀၀ ခန့်နဲ့အတူ မျိုးတုံးပျောက်ကွယ်လုနီးပါး ရှိပြီဖြစ်တဲ့ ပင်လယ်နေ သတ္တဝါတွေအကြောင်းကို စိတ်ဝင်စားဖွယ် လေ့လာနိုင်မှာ ဖြစ်ပါတယ်။ Ningaloo ရဲ့ အနီးအနား တဝိုက်မှာ သွားရောက်လည်ပတ်နိုင်မယ့် လှပတဲ့ ကမ်းခြေတွေ များစွာလည်း တည်ရှိ နေပါသေးတယ်။

Source : LinkedIn · Saif Ali

Featured Photo : Ningaloo Whale Shark Swim