ကြိုးကြာနီတို့ရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး လီဗာပူးလ် ပရိသတ်တွေရဲ့ အချစ်တော် အသင်းခေါင်းဆောင်ဟောင်းကြီး စတီဗင် ဂျရတ် ကတော့ ဆော်ဒီကလပ် အယ်လ်အစ်တီဖတ်အသင်းရဲ့ နည်းပြသစ်အဖြစ် တရားဝင် ခန့်အပ်ခံလိုက်ရပါတယ်။

Photo Credit : Ettifaq Twitter

ဒီသတင်းက ကျွန်တော်တို့အတွက် surprise ဖြစ်သွားစေခဲ့ပါတယ်။ ဆော်ဒီလိဂ် ကလပ်အသင်းတွေက ကစားသမားတွေကို အပီအပြင် ခေါ်ယူနေချိန်မှာ အခုလို legend player ဟောင်း နည်းပြပေါက်စ တစ်ဦးကို ခန့်အပ်လိုက်ပြီ ဆိုတာက အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ ဒါပေမယ့် ဂျရတ် ကိုင်တွယ်ရမယ့် အယ်လ်အစ်တီဖတ်အသင်းက အယ်လ်နာဆာ အယ်လ်ဟီလယ် အယ်လ်အာလီ နဲ့ လက်ရှိ အမှတ်ပေးချန်ပီယံ အယ်လ်အီတီဟတ်တို့လို ကစားသမား အားဖြည့်မှုတွေ လုပ်ဆောင်ထားခြင်း မရှိပဲ ဆော်ဒီ ကစားသမားတွေ မထင်မရှား ပြည်ပ ကစားသမားတွေနဲ့သာ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

Photo Credit : Ettifaq Twitter

အယ်လ်အစ်တီဖတ်အသင်းက အသက် (၄၃)နှစ်အရွယ် ဂျရတ်ကို (၂)နှစ်စာချုပ်နဲ့ ခေါ်ယူ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ဂျရတ် ကလည်း ဆော်ဒီလိဂ်ကို တိုးတတ် ပြောင်းလဲစေမယ့်သူတစ်ဦးလို့ပါ အယ်လ်အစ်တီဖတ်အသင်း ဥက္ကဌဖြစ်သူက ပြောဆိုထားခဲ့ပါတယ်။ ဒါ့အပြင် ဂျရတ် အလိုရှိနေတဲ့ ကစားသမားတွေကိုလည်း အသင်းဆီ အရ ခေါ်ယူပေးဖွယ်လည်း ရှိနေပါတယ်။

Photo Credit : Bleacher Report

လတ်တလော ထွက်ပေါ်ထားတဲ့ သတင်းတွေအရလည်း ဂျရတ် က သူရဲ့ လီဗာပူးလ် အသင်းဖော်ဟောင်းဖြစ်သူ ကွင်းလယ်ကစားသမား ဂျော်ဒန် ဟန်ဒါဆန် နဲ့ ချယ်လ်ဆီးအသင်းရဲ့ ဂါဘွန် တိုက်စစ်ကစားသမား အူဘာမီယန်းတို့ကိုပါ အယ်လ်အစ်တီဖတ်အသင်းဆီ ခေါ်ဆောင်သွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဂျရတ်က ဒီကစားသမားတွေအပြင် ကော်တင်ဟို မာနေးတို့ကိုပါ ခေါ်ဆောင်ချင်နေပေမယ့်လည်း ဒီကစားသမားတွေကတော့ ဆော်ဒီမှာ လာရောက် ကစားဖို့ အစီအစဉ် မရှိတာကြောင့် ဟန်ဒါဆန် နဲ့ အူဘာမီယန်းတို့ကိုသာ ဆက်လက် ကြိုးပမ်းဖွယ်သာ ရှိနေပါတယ်။

Featured Photo : Ettifaq Twitter