ကျစ်လစ်ပြီး ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ရှိခြင်းက အမျိုးသားတစ်ယောက်အတွက် ဆွဲဆောင်မှုရှိခြင်းပါပဲ။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဗိုက်အဆီစုလာပြီး One Pack ကို ပိုင်ဆိုင်လာကြတယ် မဟုတ်ပါလား။ ဒီလို ဝမ်းဗိုက်မှာ အဆီစုလာခြင်းက ကွီးတို့ကို အဝတ်အစားဝတ်ရာမှာ အဆင်မပြေစေတဲ့အပြင် ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ ဒါ့အပြင် ဗိုက်အဆီတွေက ချေဖျက်ဖို့ အခက်ဆုံးထဲမှာပါပါတယ်။ အန္တရာယ်ကင်းကင်းနဲ့ အမြန်ဆုံးဗိုက်အဆီတွေကို ချေဖျက်ဖို့ နည်းလမ်းက ထိရောက်တဲ့ လေ့ကျင့်ခန်းများကို ပြုလုပ်ခြင်းပါပဲ။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် ဆော်လေးတွေ ကြည်စေဖို့ အတွက် One Pack ကို အပီဖြုတ်နိုင်မယ့် လေ့ကျင်ခန်းတွေကို ဝေမျှသွားမှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၁) Burpee

Photo : Inspire USA Foundation
ဗိုက်အဆီကို ချေဖျက်ဖို့ Burpee လေ့ကျင့်ခန်းတွေက မပါမဖြစ်ပါပဲ။ ဒီလေ့ကျင့်ခန်းက အနည်းငယ်ပြင်းထန်သော ကိုယ်လုံးပြည့်လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ကွီးတို့ရဲ့ ခေါင်းမှ ခြေဖျားအထိ ကြွက်သားတိုင်းကို ထိမှန်စေပါတယ်။
ဒီလေ့ကျင့်ခန်းကို အခုမှစလုပ်မယ့် သူများအနေနဲ့ အကြိမ်ရည် အနည်းငယ်နဲ့ စတင်နိုင်ပြီး နောက်ပိုင်းတွင် ကိုယ့်ရဲ့ ခန္ဓာကိုယ်ခံနိုင်ရည်နဲ့ ကြံ့ခိုင်မှုအလိုက် အကြိမ်ရည်ကို ဖြေးဖြေးချင်းတိုးသွားနိုင်ပါတယ်။
လေ့ကျင့်ခန်း (၂) Mountain Climber

Photo : Inspire USA Foundation
ဒီလေ့ကျင့်ခန်းကလည်း ကွီးတို့ရဲ့ ဝမ်းဗိုက်အဆီတွေကို ချေဖျက်ရမှာ ထိရောက်တဲ့လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။
အခုမှလေ့ကျင့်ခန်း စလုပ်သူများအတွက် တစ်ဖက်က်လျှင် ၁၅ ကြိမ်မှ အကြိမ် ၂၀ ခန့် တစ်လှည့်စီ ပြုလုပ်ပေးနိုင်ပါတယ်။
လေ့ကျင့်ခန်း (၃) Squat Jump

Photo : Inspire USA Foundation
Squat Jump က ကယ်လိုရီလောင်ကျွမ်းမှု ပြင်းထန်တဲ့ အပြင် ဗိုက် အဆီကို ကျစေမဲ့အပြင် ခန္ဓာကိုယ်အောက်ပိုင်း ကြံခိုင်မှုအတွက် အထောက်အကူပြုတဲ့ လေ့ကျင့်ခန်းများ ထဲကတစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ခွန်အားတည်ဆောက်ခြင်းနဲ့ သွက်လက်မှုတို့ကိုပါ ပေးစွမ်းနိုင်တဲ့ လေ့ကျင့်ခန်း တစ်ခုပါပဲ။
ဒီလေ့ကျင့်ခန်းကို ၁၀ ကြိမ်ကနေ ၁၂ ကြိမ် အထိ ပြုလုပ်ပေးပါ။
လေ့ကျင့်ခန်း (၄) Sit-Ups

Photo : Inspire USA Foundation
Sits-Ups တစ်နည်းအားဖြင့် အိပ်ထမတင်ပြုလုပ်ခြင်းက ချပ်ရပ်သော ဗိုက်ဖြစ်စေရန် ရေပန်းအစားဆုံးနှင့် အသုံးအများဆုံးလေ့ကျင့်ခန်း လည်းဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ဝမ်းဗိုက်အား ခံနိုင်ရည်ရှိစေမဲ့ လေ့ကျင့်မှုဖြစ်ပြီး ဝမ်းဗိုက်ကြွက်သားများကို လုံးဝ ပစ်မှတ်ထားတဲ့လေ့ကျင့်ခန်းလည်းဖြစ်ပါတယ်။
ဒီလေ့ကျင့်ခန်းကိုလည်း အခုမှ စတင်လုပ်မဲ့သူများ အနေဖြင့် အကြိမ်ရေ နည်းနည်းနဲ့ စတင်နိုင်ပြီး နောက်ပိုင်းတွင် အကြိမ်ရေကို ဖြေးဖြေးချင်းတိုးသွားနိုင်ပါတယ်။
လေ့ကျင့်ခန်း (၅) Plank

Photo : Inspire USA Foundation
Plank က မယုံနိုင်လောက်အောင် ရိုးရှင်းသော်လည်း ထိရောက်မှုက ပြင်းထန်ပါတယ်။ ဗိုက်အဆီတွေကို လောင်ကျွမ်းစေဖို့ အကောင်းဆုံး ကိရိယာလွတ် လေ့ကျင့်ခန်းများထဲက တစ်ခုဆိုလည်း မမှားပါဘူး။
အခုမှစပြီး Plank လေ့ကျင့်ခန်းကို ပြုလုပ်မယ်ဆိုရင် စက္ကန့် ၃၀ ခန့်မှ စတင်ပါ။ Plank လေ့့ကျင့်ခန်းခန်းများကို အနည်းဆုံး ၁ မိနစ်ခန့် ပြုလုပ်ပြီး ၁၀ စက္ကန့်ကြာ အနားယူပါ။ အနည်းဆုံး နှစ်ကြိမ်ခန့် ပြုလုပ်ပါ။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ဝမ်းဗိုက်အဆီတွေကို ချေဖျက်နိုင်မယ့် အကူကိရိယာမလိုတဲ့ လေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။ ဆော်လေးတွေ ကြည်စေဖို့ ဒီလေ့ကျင့်ခန်းတွေလုပ်ရင်း One Pack ကို အပီဖြုတ်လိုက်တော့ဗျို့။
Source : Men’s Health
Featured Photo : Vista Create

