ပလတ်တီနမ်ရောင် ဆေးဆိုး ထားတဲ့ Bleached Hairstyle တွေဟာ နာမည်ကျော်ကြားသူတွေကနေ စတင်ခဲ့တဲ့ ဖက်ရှင်တစ်မျိုးပါပဲ။ မင်း သားကြီး Brad Pitt ရဲ့ငွေရောင် ဆံပင်ရှည်စတိုင် ၊ Adam Levine ရဲ့ ရွှေရောင် ဆံပင်ဖက်ရှင် ၊ Ryan Gosling ရဲ့ ဆံပင်အတို Bleached Hairstyle ကနေ Justin Bieber ၊ Jared Leto တို့အထိ နာမည်ကျော် Celes တွေ အတော်များများ တစ်ကြိမ်မဟုတ် တစ်ကြိမ် ချွတ်ဆေးသုံးပြီး အရောင်တင် ဆေးဆိုးထားတဲ့ Bleached Hairstyle ထားလေ့ ရှိပါတယ်။

Photo: Dmarge

Bleached Hairstyle ရွေးမယ်ဆိုရင် အရင်ဆုံး စဉ်းစားရမှာက Skin Tone ပါပဲ။ ငွေမှင်ရောင်ကာလာအတွက် ကိုယ့် Skin Tone ဟာ အသားအရည်ဖြူပြီး အမှတ်ရွတ် နဲ့ ဝက်ခြံတို့ ကင်းတဲ့ Skin မျိုး ဖြစ်ဖို့ လိုပါတယ်။ မဟုတ်ရင် အဖြူရဲ့ ရောင်ပြန် Highlight ကြောင့် မျက်နှာပေါ်က အဖုအထစ်တွေ ပိုပေါ်တတ်လို့ ဖြစ်ပါတယ်။ နောက်တစ်ခုက Bleached လုပ်တာဟာ ဆံပင် ပါးသူတွေ ပိုပြီး ဆံပင်ကျွတ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်က နဖူးပြောင်စ ပြုနေရင် Bleaching မလုပ်ဘဲ ရှောင်ကြဉ်ဖို့ ပြောချင်ပါတယ်။

Hair Colour အနေနဲ့ အနက် ဒါမှမဟုတ် အညိုရင့် Dark Brown သမားတွေဟာ တစ်ကြိမ်ထက်ပိုပြီး ချွတ်ဆေးနဲ့ အရောင်ချွတ်ဖို့ လိုပါတယ်။ ချွတ်ဆေး Bleaching လုပ်တာ များလေလေ ဆံပင်အရောင်ဟာ ပလတ်တီနမ်ဘက်ထက် လိမ္မော်ရောင် ကြေးဝါရောင်ဘက် သမ်းသွားတတ်ပါတယ်။ ကိုယ့်ဆံပင်မူလအရောင်ကို မပျက်စီးစေချင်ရင် Bleaching မလုပ်တာ ကောင်းပါတယ်။

Photo: Dmarge

Bleaching လုပ်မယ်ဆိုရင် ပရော်ဖက်ရှင်နယ် တကယ်တတ်ကျွမ်းတဲ့ Stylist နဲ့ တိုင်ပင်ပြီးမှ လုပ်ဆောင်သင့်ပါတယ်။ မလုပ်ခင် Beauty Salon တွေအကြောင်းလည်း စုံစမ်းထားသင့်ပါတယ်။ ကြိုပြီး အသေးစိတ် စီစဉ်ထားတာ အကောင်းဆုံးပါပဲ။ ဆံပင်ပုံစံအနေနဲ့ နောက်လှန် အရှည်ဒီဇိုင်း ၊ ဘေးခွဲ အောက်ခြေပါး ၊ Messy အဖွစတိုင် ၊ အပြောင်သိမ်း ဘေးခွဲ နဲ့ Bow Cut Hairstyles တွေ ရွေးချယ်နိုင်ပါတယ်။

Featured Photo : manofmany