ခရီးတစ်ခါ ထွက်မယ်ဆိုရင် အရေးကြီးဆုံးကတော့ ပိုက်ဆံပါပဲ။ ပိုက်ဆံ လုံလုံလောက်လောက်ရှိမှ ကိုယ် သွားချင်တဲ့နေရာတွေကို မပူမပင် မကြောင့်မကြနဲ့ သွားလည်နိုင်မှာပါ။ အထူးသဖြင့် ဈေးအကြီးဆုံး နဲ့ ကောင်းပေ့ မိုက်မေ့ နေရာတွေကိုမှ သွားလည် ချင်သူများအတွက် ပိုက်ဆံက အရေးအကြီးဆုံးပါပဲ။ ဘတ်ဂျက် Trip စီစဥ်ချင်တယ်ဆိုရင်တော့ ဒီနေရာတွေကို သွားမလည်မိပါစေနဲ့။

ပြင်သစ်နိုင်ငံ၊ ပါရီမြို့

ပါရီမြို့မှာကတော့ ကမ္ဘာပေါ်ရှိ ဈေးအကြီးဆုံး စားသောက်ဆိုင်တွေ တည်ရှိရာ နေရာပဲဖြစ်ပါတယ်။ ဈေးအကြီးဆုံး ဟိုတယ်များ၊ ရှော့ပင်းစင်တာများ တည်ရှိပြီး အကောင်းဆုံး အတွေ့အကြုံကို ခံစားရရှိနိုင်အောင် ကူညီပေးမှာပဲဖြစ်ပါတယ်။ Jules Verne ကတော့ အီဖယ်တာဝါကြီးရဲ့ ငါးလွှာမှာ တည်ရှိပြီး အဲ့ဒီမှာ နေ့လည်စာ (သို့) ညစာ စားမယ်ဆိုရင်တော့ အနည်းဆုံး ယူရို ၂၅၀ လောက် ရှိထားမှ ဖြစ်မှာပါ။ တချို့ မီနူးတွေဆိုရင် ယူရို ၄၃၀ လောက် ရှိပါတယ်။

အမေရိကန်ရှိ နယူးယော့ခ်မြို့

နယူးယော့ခ်မြို့ရှိ ဟိုတယ် ဝန်ဆောင်မှုတွေကတော့ ဘယ်ဟိုတယ်မှ နှိုင်းမမှီလောက်အောင်ကို ကောင်းမွန်လှပါတယ်။ Night Life ကို အပြည့်အဝ ခံစားချင်သူများအတွက် နယူးယော့ခ်မြို့ က စောင့်ကြိုနေပါတယ်။ Street Food တွေပဲ စားချင်သလား၊ အဆင့်မြင့်မြင့် စားသောက်ဆိုင်တွေမှာ ကြွကြွရွရွလေး သွားစားချင်သလား။ ကွီးတို့ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။

ဘိုရာ ဘိုရာ

ကမ်းခြေချစ်သူတွေကတော့ ဘိုရာ ဘိုရာဆီ အလည်သွားသင့်ပါတယ်။ ဘိုရာ ဘိုရာ ကျွန်းရဲ့ အလှကတော့ ကမ်းခြေချစ်သူများအတွက် နိဗ္ဗာန်ဘုံအလားပါပဲ။ ထိုနေရာက ဟိုတယ်တွေကလည်း တစ်ည တည်းခိုခ ဒေါ်လာ ၁၀၀၀ ကနေ အစပြုတာဆိုတော့ ကောင်းပေ့ မိုက်ပေ့ ဈေးအကြီးဆုံး ဟိုတယ်မှာမှ သွားလည် ချင်သူများအတွက် ကွက်တိပါပဲ။

အီတလီရှိ Tuscany

Photo: Uk.hotels

Tuscany ဆိုတာကတော့ အီတလီနိုင်ငံ အလယ်ပိုင်းရှိ မြို့တစ်မြို့ဖြစ်ပါတယ်။ အီတလီနိုင်ငံရှိ ပေါ်ပြူလာအဖြစ်ဆုံး မြို့ကြီးများထဲက တစ်မြို့ပဲဖြစ်ပါတယ်။ ဈေးကလည်း ကြီးပေ့ ကောင်းပေ့ပါပဲ။ တည်းခိုစရိတ်၊ အစား အသောက်စရိတ်၊ အလည်အပတ်စရိတ်နဲ့တင် ပါသမျှ ယူရိုငွေတွေ ပြောင်သလင်းခါသွားမှာကတော့ မြေကြီးလက်ခပ်မလွဲပါပဲ။

UAE ရှိ ဒူဘိုင်း

UAE ဆီ အလည်အပတ်သွားတဲ့အခါ ဒူဘိုင်းကို မဖြစ်မနေ ဝင်လည်သင့်ပါတယ်။ ဒူဘိုင်းမောလ်ဆီ ရှော့ပင်းထွက်ရင်း စိတ်အပန်းဖြေနိုင်သလို Dubai Miracle Garden ဆီ လည်ပတ်ရင်း ပန်းဥယျာဥ်ရဲ့ အလှအပကို ရှူမြင်ငေးမောနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ရိုလာကိုစတာ စီးချင်တယ်ဆိုလည်း IMG Worlds of Adventure ဆီ သွားရောက်လည်ပတ်နိုင်ပါသေးတယ်။

ကွီးတို့ရော ဈေးအကြီးဆုံး ကောင်းပေ့ မိုက်ပေ့ နေရာများဆီသို့ သွားလည် ပတ်ဖို့ အဆင်သင့်ဖြစ်ပြီလား။

Source: Exoticca

Featured Image: Freepik