လူသားများသည် ကျန်းမာအသက်ရှည်စွာ နေထိုင်ဖို့ရန်ဆိုတဲ့ ရည်ရွယ်ချက်နှင့် အားကစားလောကထဲသို့ တဖြည်းဖြည်းချဉ်းနင်းဝင်ရောက်လာသည်နှင့် အမျှ အားကစား အသုံးအဆောင်ပစ္စည်းများရဲ့ ရောင်းအားသည်လည်း တဖြည်းဖြည်း မြင့်တက်လာပါတယ်။ အားကစား အသုံး အဆောင်ပစ္စည်းတံဆိပ်များ အများအပြားရှိတဲ့အနက် ကမ္ဘာ့ ဈေးအကြီးဆုံး အားကစား အသုံးအဆောင် Brands တွေလည်း ရှိပါတယ်။

ခန္ဓာကိုယ် ကျန်းမာကျစ်လျစ်ပြီး အဆီပိုကင်းရှင်းတဲ့ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ချင်တဲ့ ကွီး တို့အတွက် အရည်အသွေးကောင်းပြီး ဈေးအကြီးဆုံး ဖြစ်တဲ့ အားကစား အသုံးအဆောင် Brands တွေကတော့ …

Nike

Nike ကတော့ ကမ္ဘာပေါ်မှာ နံပါတ် (၁) ရောင်းအားအကောင်းဆုံးဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး ရောင်းရငွေကတော့ ဒေါ်လာ ၄၄.၅ ဘီလီယံရှိပါတယ်။ သူကတော့ ရှူးဖိနပ်များကို အဓိကထား ထုတ်လုပ်ရောင်းချတာဖြစ်ပြီး ၁၉၆၄ ခုနှစ်ကတည်းက စတင်ရောင်းချခဲ့တာဖြစ်ပါတယ်။

Adidas

Adidas ကတော့ ဒုတိယရောင်းအားအကောင်းဆုံးဖြစ်ပါတယ်။ သူ့ရဲ့တစ်ကမ္ဘာလုံးအတိုင်းအတာ ရောင်းရငွေကတော့ ၂၃.၅ ဘီလီယံရှိပါတယ်။ သူ့ကိုတော့ ၁၉၄၉ ခုနှစ်မှာ စတင်တည်ထောင်ထားတာဖြစ်ပါတယ်။

Puma

Puma ကတော့ တတိယနေရာမှာ ဗိုလ်စွဲနေတာဖြစ်ပါတယ်။ သူကတော့ တစ်ကမ္ဘာလုံးရောင်းရငွေ ဒေါ်လာ ၆.၂ ဘီလီယံရှိပါတယ်။ သူ့ကိုတော့ ၁၉၄၈ ခုနှစ်က စတင်တည်ထောင်ထားတာဖြစ်ပါတယ်။

Under Armour

Under Armour ကတော့ တစ်ကမ္ဘာလုံးအတိုင်းအတာ ရောင်းရငွေ ၄.၅ ဘီလီယံဒေါ်လာရှိပါတယ်။ သူ့ကိုတော့ ၁၉၉၆ ခုနှစ်က စတင်တည်ထောင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

New Balance

New Balance ကတော့ အခြားသော အားကစားအသုံးအဆောင်ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်ပေမယ့် အဓိကထုတ်လုပ်တဲ့ပစ္စည်းကတော့ အားကစားဖိနပ်တွေပဲဖြစ်ပါတယ်။ သူကတော့ ၁၉၀၆ ခုနှစ်ကတည်းက စတင်တည်ထောင်ထုတ်လုပ်ထားတာဖြစ်ပါတယ်။

Lululemon Athletica

Photo: The Central Trend

သူကတော့ ယောဂအားကစားနှင့် ပတ်သက်ဆက်နွယ်တဲ့ အသုံးအဆောင်ပစ္စည်းများကို အဓိကထား ထုတ်လုပ်လျက်ရှိပါတယ်။ သူကတော့ ၁၉၉၈ ခုနှစ်ကတည်းက စတင်တည်ထောင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

Asics

ဒီဘရန်းကတော့ ၁၉၄၉ ခုနှစ်ကတည်းက စတင်ရပ်တည်နေခဲ့တာဖြစ်ပါတယ်။ သူရဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာရောင်းရငွေကတော့ ၃.၂ ဘီလီယံဒေါ်လာဖြစ်ပါတယ်။

Columbia Sportswear

ဒီဘရန်းကတော့ အားကစားအဝတ်အစားပိုင်းတွေကို အဓိကထားထုတ်လုပ်ရောင်းချတာဖြစ်ပါတယ်။ သူ့ကိုတော ၁၉၃၈ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

Fila

Fila လို့ ပြောလိုက်တာနဲ့ မသိတဲ့သူမရှိပါဘူး။ သူကတော့ ကိုရီးယားနိုင်ငံထုတ် အားကစားတံဆိပ်ဖြစ်ပြီး ရှူးဖိနပ်များကို အဓိကထား ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။ ၁၉၁၁ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ စစချင်းတုန်းကတော့ အီတလိပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ယခုအချိန်မှာတော့ ဆိုးလ်မြို့၊ ကိုရီးယားများ ရုံးချုပ်ထားရှိထားတာဖြစ်ပါတယ်။

Reebok

Reebok ကတော့ ၁၉၅၈ ခုနှစ်ကတည်းက ထုတ်လုပ်ထားတာဖြစ်ပြီး သူ့ရဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာရောင်းရငွေကတော့ ၁.၈ ဘီလီယံဒေါ်လာရှိပါတယ်။

ကွီး တို့ရော အခုဖော်ပြသွားတဲ့ အားကစားအသုံးအဆောင်ပစ္စည်း ဘရန်းတွေထဲက ဘယ်ဘရန်းကို အနှစ်သက်ဆုံးပါလဲ။

Source: Alltopeverything

Featured Image Source: Luxurylondon