အမျိုးသား အများစုကြုံတွေ့ရတဲ့ လိင်မှုဆိုင်ရာ ပြဿနာတွေထဲက တစ်ခုကတော့ ဖွားဖက်တော် ညီလေး ထောင်မတ်မှု အချိန်ကြာကြာ မထိန်းထားနိုင်တာပါ။ ဒီအခြေအနေဟာ အမျိုးသားတိုင်းလိုလိုမှာ ရံဖန်ရံခါ ဖြစ်တတ်ပါတယ်။ အဓိကအားဖြင့်တော့ အသက်အရွယ် အကြီးပိုင်း အမျိုးသားတွေမှာ အများဆုံး ဖြစ်ပွားတက်ပြီး လူငယ်/လူလတ်ပိုင်းတွေမှာလည်း တစ်ခါတစ်ရံ ကြုံရတက်ပါတယ်။ ညီလေး ကြာကြာ မမတ်နိုင်ရတဲ့ အကြောင်းအရင်း တွေထဲမှာဆိုရင်……….

Photo : HuffPost UK

  • စိတ်ဖိစီးမှုများခြင်း
  • အဝလွန်ခြင်း
  • ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • စိုးရိမ်သောကများခြင်းနဲ့
  • ဆေးလိပ်/အရက်အလွန်အကျွံသောက်ခြင်းတွေ အဓိက ပါဝင်ပါတယ်။

ညီလေး ထောင်မတ်မှု အားလျော့တဲ့ ပြဿနာဟာ ရံဖန်ရံခါ မဟုတ်ပဲ မကြာခဏ ဖြစ်နေတယ်ဆိုရင်တော့ Erectile Dysfunction (ED) လို့ခေါ်တဲ့ ပန်းသေပန်းညိုး ပြဿနာနဲ့ ဆက်စပ်နေတာ ဖြစ်နိုင်ပါတယ်။

ပန်းသေပန်းညှိုး ပြဿနာ Erectile Dysfunction (ED) ဆိုတာ ဘာလဲ ???

Photo : The Soothe

ပန်းသေပန်းညှိုး ပြဿနာ Erectile Dysfunction (ED) ဆိုတာဟာ အမျိုးသားတွေရဲ့ ဖွားဖက်တော် ညီလေး ပုံမှန်ထောင်မတ်နိုင်စွမ်း မရှိတာ ဒါမှမဟုတ် ညီလေးထောင်မတ်မှုကို အချိန်ကြာကြာ မထိန်းထားနိုင်ပဲ ပြန်ပျော့ပျော့သွားတဲ့ အခြေအနေကို ခေါ်ပါတယ်။

နားလည်လွယ်အောင် ပြောရမယ်ဆိုရင် တစ်ကိုယ်ရည်အာသာဖြေခြင်း ပြုလုပ်နေချိန်မှာဖြစ်ဖြစ် ပါတနာနဲ့ ချစ်တင်းနှော နေချိန်မှာဖြစ်ဖြစ် ညီလေးထောင်မတ်မှု အားလျော့ပြီး အချိန်တိုအတွင်းမှာ ပြန်ပျော့သွားတာပါ။ ပန်းသေပန်းညှိုး ပြဿနာ Erectile Dysfunction (ED) ဟာ နှလုံးသွေးကြောဆိုင်ရာရောဂါ ၊ သွေးတိုး ဒါမဟုတ် ဆီးချိုရောဂါကဲ့သို့ ရောဂါအခြေအနေတွေရဲ့ အစောပိုင်း လက္ခဏာတစ်ခုလည်း ဖြစ်တာကြောင့် အဆိုပါ ရောဂါတွေနဲ့ ပတ်သတ်ပြီး စစ်ဆေးကုသမှု ခံယူဖို့ လိုပါမယ်။

အကယ်၍ ကွီးတို့မှာ ပန်းသေပန်းညှိုး ပြဿနာ Erectile Dysfunction (ED) ရဲ့ လက္ခဏာတွေ ပြနေတယ်လို့ သံသယရှိပါက နားလည်တက်ကျွမ်းတဲ့ ဆရာဝန် သို့မဟုတ် လိင်မှုဆိုင်ရာ ကျန်းမာရေးဆေးခန်းတွေမှာ အမြန်ဆုံး သွားရောက်ပြီး စစ်ဆေးကုသမှု ခံယူဖို့ အကြံပြုချင်ပါတယ်။

Source : NHS

Featured Photo : Giddy