ကွီးတို့ တစ်သက် မှာ တစ်ခါလောက် ဆော့ ကစားသင့်တဲ့ မိုဘိုင်းလ် ဂိမ်း တွေက ဘယ်ဂိမ်းတွေ ဖြစ်မလဲ။ ဘယ်လိုဂိမ်းတွေက ကောင်းလွန်းလို့ တစ်သက်မှာ တစ်ခါလောက် ဆော့သင့်တယ်လို့ တင်စားထားရသလဲဆိုတာကို သိချင်ပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် ဆောင်းပါးလေးကို အဆုံးထိ ဖတ်ကြည့်လိုက်ပါ။ အပိုမပြောဘူးဆိုတာ ကွီးတို့ ယုံသွားပါလိမ့်မယ်။

Top Troops

Source: Top Troops

ဂိမ်းရဲ့ ဇာတ်လမ်းကတော့ ရာဇပလ္လင်ကို မရတဲ့ မင်းသားငယ်က မနာလိုဝန်တိုစိတ်များ ပြည့်နှက်သွားပြီး မကောင်း ဆိုးဝါးအဖြစ် ပြောင်းလဲသွားကာ ထီးနန်းကို ပြန်လည် သိမ်းပိုက်တဲ့ ဇာတ်လမ်းမျိုး ဖြစ်ပါတယ်။ ထိုမကောင်းဆိုးဝါးကို အနိုင်တိုက်နိုင်မှသာလျှင် ကွီးတို့သည် ထိုဂိမ်းမှာ နိုင်မှာ ဖြစ်ပါတယ်။

Bright Memory

Source: Steam

ဒီဂိမ်းကတော့ FYQD Personal Studio က Develop လုပ်ကာ ထုတ်ထားတဲ့ ဂိမ်းပဲ ဖြစ်ပါတယ်။ ကွီးတို့က ကိုယ်တိုင်ပစ်ကာ ဆော့ကစားနေရတဲ့ မြင်ကွင်းမျိုးကို ဖန်တီးပေးကာ ဆော့ကစားနိုင်အောင် ရေးဆွဲထားတာပဲ ဖြစ်ပါတယ်။​ ဒီဂိမ်းက ၂၀၁၉ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ ဂိမ်းဖြစ်ပြီး ယခုထိတိုင် Updates တွေကလည်း တစ်ခုပြီးတစ်ခု ရှိနေတာကြောင့် ပျင်းစရာ မကောင်းပါဘူး။

Roblox

သိပ္ပံ စိတ်ကူးယဥ် ဂိမ်းတစ်မျိုးဖြစ်ပြီး နင်ဂျာများအပြင် အခြားသော ကာရိုက်တာ ပေါင်းစုံ ပါဝင်တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ လူကြီးတွေတင် မကပါဘူး။ ကလေးတွေလည်း ကြိုက်နှစ်သက်ကြတဲ့ အတွက်ကြောင့် နံပါတ် (၁) နေရာမှာ ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။

Honkai: Star Rail

ဒီဂိမ်းကဆိုရင် The Game Award for Best Mobile Game ဆုကိုတောင် ရရှိထားတဲ့အတွက်ကြောင့် ဘယ်လောက်ထိ ကောင်းသလဲဆိုတာကိုတော့ အထူးတလည် ညွှန်းနေစရာတော့ လိုမယ် မထင်ပါဘူး။ miHoYo ဆိုတဲ့ Developer နဲ့ Cognosphere. Ltd တို့ ပူးပေါင်းကာ ထုတ်လုပ်ထားတဲ့ ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ Android ဖုန်းတွေအပြင် iOS နှင့် PlayStation 5 ၊ Microsoft Windows တို့မှာပါ ဆော့ကစားနိုင်ပါတယ်။

Laya’s Horizon

Source: Netflix

Laya’s Horizon ကိုတော့ iOS ဂိမ်းတွေမှာ သာမက Android ဂိမ်းတွေမှာလည်း ဆော့ကစားနိုင်ပါတယ်။ ဒါ့အပြင် Netflix ဂိမ်းမှာလည်း ဆော့ကစားနိုင်ပါတယ်။ ကောင်းကင် တစ်ခွင်မှာ လေဟုန်စီးပြီး စွန့်စွန့်စားစား ဂိမ်းမျိုးကို ဆော့ကစားချင်တယ် ဆိုရင်တော့ ဒီဂိမ်းလေးကို ရွေးချယ်သင့်ပါတယ်။ ဒီလို ဂိမ်း မျိုးကို တစ်သက် မှာ တစ်ခါမှ မ ဆော့ ဖူးရင်တော့ ဂိမ်း ချစ်သူ တစ်ယောက် မဟုတ်နိုင်ပါဘူး။ ပြီးတော့ ကွီးတို့က ခေတ် နောက်ကျနေတာ အသေအချာပါပဲ။

အခုဖော်ပြသွားတဲ့ ဂိမ်းတွေထဲက ဘယ်နှခုလောက်ကို ကွီးတို့ ဆော့ဖူးပါသလဲ။

Source: Polygon

Featured Image: Unsplash