ကွီးတို့ရေ ယနေ့အချိန်မှာ ကားနဲ့ခရီးထွက်တဲ့အခါ ကိုယ်သွားချင်တဲ့ နေရာကို အကွာအဝေး လမ်းကြောင်း၊ ကြာမဲ့အချိန်တွေကို လိုက်မေးပြီး စမ်းတဝါးဝါး သွားနေစရာ မလိုဘဲ GPS စနစ်နဲ့ အလွယ်တကူ လမ်းကြောင်းရှာဖွေ သွားနိုင်ပါတယ်။ GPS လို့ခေါ်တဲ့ Global Position System ဆိုတာ ဂြိုလ်တုမှတဆင့် ပေးပို့သော အချက်ပြမှုများကို သုံး၍ တိကျသေချာသော တည်နေရာ ၊ ဦးတည်ချက်နဲ့ အချိန် တွေကို ဖော်ထုတ်ပေးသော စနစ်ဖြစ်ပါတယ်။ ကွီးတို့ ကားပေါ် တပ်ဆင်ထားတဲ့ GPS အကြောင်း ကို လေ့လာမိသလောက် ဝေမျှချင်ပါတယ်။

GPS ကို အမေရိကန်က ပိုင်ဆိုင်ပြီး ၁၉၇၃ ခုနှစ်ကစပြီး အသုံးပြုလာခဲ့ပါတယ်။ အလားတူ တရုတ် က BeiDou NSS, ရုရှားက GLONASS, အီးယူက Galileo NSS စသည်ဖြင့် ပိုင်ဆိုင်ကြပါတယ်။ GPS မှာ Space Segment, Control Segment, User Segment လို့ခေါ်တဲ့ အဓိကအပိုင်း (၃)ပိုင်း ရှိပါတယ်။ အမေရိကန်ပြည်ထောင်စု လေတပ်က Space Segment, Control Segment ကိုထိန်းချုပ်ပြီး ဂြိုလ်တုက အချက်ပြမှုကို ထုတ်လွှင့်ပေးပါတယ်။ ဂြိုလ်တုအချက်ပြ လှိုင်းတွေကို GPS Receiver က တွက်ချက်ပြီး တည်နေရာ၊ ဦးတည်ချက်နဲ့ အချိန်ကာလကို တိကျစွာ ဖော်ပြပေးပါတယ်။

Photo : Youtube

GPS လက်ခံကိရိယာများကို ပုံစံအမျိုးမျိုးနဲ့တွေ့နိုင်ပြီး ကား၊ တယ်လီဖုန်း နဲ့နာရီများမှာလည်း ထည့်သွင်းထားပါတယ်။ ဂျီပီအက်စ်မှာ အများပြည်သူသုံးအ‌ဖြစ် ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်တဲ့ အက်ပလီကေးရှင်းများ ထည့်သွင်းထားပါတယ်။ GPS နည်းပညာ၏ အသုံးချမှုများဟာ အင်တာနက်၊ ဘဏ်လုပ်ငန်း၊ ဆက်သွယ်ရေးကွန်ရက်၊ မြေပုံထုတ်ခြင်း၊ စစ်ရေး၊ စိုက်ပျိုးရေး အစ နယ်ပယ်အများ ပါဝင်ပါတယ်။

(Google Map VS Waze)

Photo : Youtube

၂၀၂၂ ခုနှစ်အတွက် အခမဲ့ GPS Navigation Apps အချို့ကို အလွယ်တကူ ရနိုင်ပါတယ်။ ဥပမာ – Google Maps, Waze, MapQuest, Traffic Spotter စသည်တို့ ဖြစ်ပါတယ်။ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး GPS ဟာ ယနေ့ခေတ် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးနှင့် မော်တော်ကားများတွေမှာ အရေးပါသော အစိတ်အပိုင်း တစ်ခုဖြစ်တာကို သက်သေပြပါတယ်။ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး အက်ပ်လီကေးရှင်းများဟာ GPS လက်ခံကိရိယာများအတွက် အကြီးဆုံးစျေးကွက်များထဲမှ တစ်ခုဖြစ်ပါတယ်။ ဒီ အက်ပ်လီကေးရှင်းများကို ယာဉ်စုစီမံခန့်ခွဲမှု၊ အများသူငှာ သယ်ယူပို့ဆောင်ရေး၊ တက္ကစီဝန်ဆောင်မှုများ၊ ပို့ဆောင်ရေးဝန်ဆောင်မှုများ၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ ကိုယ်ပိုင်ကားအသုံးပြုသူတွေမှာ အသုံးပြုပါတယ်။

မော်တော်ကားမှာ GPS ဘယ်လို အလုပ်လုပ်သလဲ

Photo : Rewire Security

GPS ကားလမ်းကြောင်းပြစနစ်များကို မော်တော်ကားအသစ်များတွင် စက်ရုံမှ တပ်ဆင်ပေးနိုင်ပါတယ်။ သို့မဟုတ် အပိုပရိုဂရမ် ဆက်စပ်ပစ္စည်းအဖြစ် ဝယ်ယူတပ်ဆင်နိုင်ပါတယ်။ GPS လမ်းကြောင်းရှာ စနစ်ဟာ GNSS Network ကို အသုံးပြုပြီး ဂြိုလ်တုများမှ အချက်ပြမှုများကို အပြန်အလှန် အကျိုးသက်ရောက်သော ယာဉ်ပေါ်ရှိ မြေပုံများနှင့်အတူ ပေါင်းစပ်အသုံးပြုခြင်းဖြင့် အလုပ်လုပ်ပါတယ်။ GPS ကားလမ်းကြောင်းပြစနစ်များသည် အမျိုးမျိုးသော ကိန်းရှင်များစွာကို အခြေခံ၍ လမ်းကြောင်းများကို စီစဉ်ပေးနိုင်ပါတယ်။ အချို့သော GPS ကားလမ်းကြောင်းပြစနစ်များဟာ ယာဉ်ကြောအသွားအလာဆိုင်ရာ အချက်အလက်ရင်းမြစ်များနှင့် အပြန်အလှန် ချိတ်ဆက်ထားပြီး အကောင်းဆုံးလမ်းကြောင်းကို ဆုံးဖြတ်ပါတယ်။ တွေ့နိုင်တဲ့ လမ်းလုပ်ငန်းနှင့် ပိတ်ဆို့မှုများကို အလိုအလျောက်ထည့်သွင်း ပေးပါတယ်။ GPS ကားလမ်းကြောင်းပြစနစ်များဟာ အမှားအယွင်းအတွက် လမ်းကြောင်းအမှန်ကို အမြန်ပြင်ပေး နိုင်ပါတယ်။ အသံ သို့မဟုတ် ရုပ်ပုံဆိုင်ရာ ညွှန်ကြားချက်များကို ပံ့ပိုးပေးပါတယ်။ ဤအချက်တွေဟာ ယာဉ်မောင်းများအား အနီးဆုံး ဓာတ်ဆီဆိုင် သို့မဟုတ် သူတို့ အကြိုက်ဆုံး စားသောက်ဆိုင်ကို ရှာဖွေရာတွင်လည်း ကူညီပေးနိုင်ပါတယ်။

ကွီးတို့ရဲ့ ကားမှာ GPS ကို ဘယ်လိုသုံးမလဲ

Photo : Hiking GPS

ကားပေါ်က မော်နီတာ Screen ပေါ်မှာ Google Map App ကို ဖွင့်ပါ။ လမ်းကြောင်းညွှန်ပြချက် (၂) ခု လောက်တွေ့ပါမယ်။ ကွီးရဲ့ ခရီးဆုံးကို နှိပ်ပါ။ ပြီးရင် Start ကိုနှိပ်ရင် Google Map မှာ မီးခိုးရောင် လိုင်းပေါ်လာပါမယ်။ ပြထားတဲ့လိုင်းအတိုင်း မောင်းနှင်နိုင်ပါတယ်။ GPS ကားလမ်းကြောင်းပြစနစ်ရဲ့ ယာဉ်ပေါ်ရှိမြေပုံများကို နှစ်စဉ်အပ်ဒိတ်လုပ်ဖို့ လိုအပ်ပါတယ်။ လမ်းကြောင်းအသစ်များ၊ ဘဏ်/ ATM များ၊ ဓာတ်ဆီဆိုင်များ၊ စားသောက်ဆိုင်များနှင့် ဟိုတယ်များကဲ့သို့သော အပြောင်းအလဲများအတွက် GPS ကားလမ်းကြောင်းပြစနစ်များကို အကောင်းဆုံးဝန်ဆောင်မှုရဖို့ အပ်ဒိတ်များ လိုအပ်ပါတယ်။ မြေပုံအပ်ဒိတ်များကို GPS ကားလမ်းကြောင်းပြစနစ် ထုတ်လုပ်သူများထံမှ ဝယ်ယူရရှိနိုင်ပါတယ်။

GPS တပ်ထားတဲ့အတွက် ဘာအကျိုးတွေရမလဲ

Photo : Rojar Aur Nirman

ယာဉ်မောင်းတွေရဲ့ လုံခြုံမှု ပိုကောင်းပြီး ဘေးအန္တရာယ်ကင်းစေပါတယ်။ ယာဉ်မောင်းနေစဉ် အလိုအလျောက် အချက်ပြစနစ်ကြောင့် ချို့ယွင်းမှုကို အမြန်ပြင်ဆင်နိုင်ပါတယ်။ ယာဉ်အမြန်နှုန်း၊ ခရီးအကွာအဝေး၊ စက်သုံးဆီ ကုန်ကျစရိတ်တွေကို စိစစ်နိုင်ပါတယ်။ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် လုပ်နိုင်တဲ့အတွက် စီးပွားရေးအကျိုးအမြတ် ပိုရစေပါတယ်။ အချက်ပေးစနစ်တွေကြောင့် ယာဉ်နဲ့ ပစ္စည်းတွေကို သူခိုးရန်မှ ကာကွယ်နိုင်ပါတယ်။

ကွီးတို့ရေ ကားပေါ် တပ်ဆင်ထားတဲ့ GPS ဘယ်လိုအလုပ်တယ် ၊ ဘာအကျိုးတွေရနိုင်သလဲဆိုတာကို ဗဟုသုတ ရ မယ်လို့ထင်ပါတယ်။

Source : Techwalla

Featured Photo : Tracker