အိမ်မှာ အသုံးမလိုတော့တဲ့ ကား တာဟာ အဟောင်းတစ်လုံး ရှိရုံနဲ့ ကွီးတို့ အမိုက်စား DIY စားပွဲ တစ်လုံး ကိုယ်တိုင် ဖန်တီးလို့ ရပါတယ်။ ခက်ခက်ခဲခဲ လုပ်ဆောင်ရမယ့်အဆင့်တွေ မပါပဲ ဘတ်ဂျတ်နည်းနည်းနဲ့ ခေတ်မှီအထာကျတဲ့ စားပွဲတစ်လုံး ကွီးတို့ လွယ်လွယ်ကူကူ လုပ်လို့ ရမှာပါ။ ကဲဒါဆို ဆက်လက်ပြီး ပြုလုပ်နည်းအဆင့်ဆင့်ကို ကြည့်လိုက်ရအောင်။

လိုအပ်တဲ့ ပစ္စည်းများ

  • တာယာ အဟောင်း ၁ လုံး
  • တာယာဆိုဒ်နဲ့ တူညီတဲ့ အထပ်သား (အဝိုင်းပုံသဏ္ဌာန်) – ၂ ချပ်
  • စကူ – ၆ လုံး
  • အုန်းဆံကြိုး
  • Glue Gun

တို့ လိုအပ်ပါတယ်။

အဆင့် (၁)

Photo : Livin Spaces

အထပ်သား ၂ ချုပ်ကို တာယာ အပေါက်မှာ အပေါ်အောက် ကပ်ပြီး ခိုင်မာမြဲမြံသွားအောင် စကူနဲ့ တပ်ဆင်လိုက်ပါ။

အဆင့် (၂)

Photo : Livin Spaces

Glue Gun ကို အသုံးပြုပြီး အုန်းဆံကြိုးကို အထပ်သား အခွေလိုက် လိုက်လံကပ်ပေးပါ။

အဆင့် (၃)

Photo : Livin Spaces

တာယာကွင်းရဲ့ ဘေးပတ်ပတ်လည်ကိုလည်း အုန်းဆံကြိုး အပြည့်လိုက်လံ ကပ်ပေးရပါမယ်။

အဆင့် (၄)

Photo : Livin Spaces

တာယာကွင်းအပြည့် အုးန်ဆံကြိုးတွေ လိုက်လံကပ်ပြီးပြီ ဆိုရင်တော့ ပိုနေတဲ့ ကြိုးစကို သေသေသပ်သပ် ဖြစ်သွားစေဖို့ ညှပ်ထုတ်ပါ။

ဒါဆိုရင်တော့ လွယ်ကူရိုးရှင်းပြီး အထာကျတဲ့ အမိုက်စား DIY စားပွဲတစ်လုံး ရပါပြီ။

ကွီးတို့ နှစ်သက်သလို စားပွဲရဲ့ အောက်ခြေမှာ ခြေထောက် တပ်ဆင်လို့ ရသလို ဒီတိုင်းလည်း အသုံးပြုနိုင်ပါတယ်။

အိမ်မှာ တာယာအဟောင်း ရှိတယ်ဆိုရင်တော့ အမိုက်စား DIY စားပွဲတစ်လုံး ဖန်တီးလိုက်ပါနော်။

Source : Livin Spaces

Featured Photo : AwesomeJelly.com