ဂိမ်းကစားခြင်းက ကွီးတို့ကို ညစ်နေတာတွေ ပြေပျောက်သွားအောင် ကူညီပေးနိုင်ပါတယ်။ အထူးသဖြင့် အက်ရှင် ဂိမ်းတွေ တိုက်ပွဲ ဆင်နွှဲရတဲ့ ဂိမ်း တွေက ကွီးတို့ရဲ့ အာရုံကို ပိုမိုဖမ်းစားပြီး စိတ်လက် အပန်းပြေအောင် ကူညီပေးနိုင်ပါတယ်။

အက်ရှင် ဂိမ်းတွေ တိုက်ပွဲ ဂိမ်း တွေကိုမှ ဆော့ချင်တဲ့ ကွီးတို့အတွက်ကတော့ အခုဖော်ပြပေးမယ့် ဂိမ်းတွေက အသင့်တော်ဆုံးပါပဲ။

Bright Memory

Photo Source: Steam

ဒီဂိမ်းကတော့ FYQD Personal Studio က Develop လုပ်ကာ ထုတ်ထားတဲ့ ဂိမ်းပဲဖြစ်ပါတယ်။ ကွီးတို့က ကိုယ်တိုင်ပစ်ကာ ဆော့ကစားနေရတဲ့ မြင်ကွင်းမျိုးကို ဖန်တီးပေးကာ ဆော့ကစားနိုင်အောင် ရေးဆွဲထားတာပဲ ဖြစ်ပါတယ်။​ ဒီဂိမ်းက ၂၀၁၉ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ ဂိမ်းဖြစ်ပြီး ယခုထိတိုင် Updates တွေကလည်း တစ်ခုပြီးတစ်ခု ရှိနေတာကြောင့် ပျင်းစရာ မကောင်းပါဘူး။

Blade of God : Vargr Souls

Photo Source: MEmu

အက်ရှင် ကြမ်းကြမ်း တွေကိုမှ ဆော့စားချင်တဲ့ ကွီးတို့အတွက်ကတော့ Blade of God : Vargr Souls ဆိုတဲ့ ဂိမ်းလေး ရှိပါတယ်။ လက်နက် ပစ္စည်း အစုံအလင်နဲ့ ကွီးတို့ ဆော့ကစားရတာ အားရကျေနပ် စရာကြီးပါပဲ။

Apple Knight

Photo Source:Poki

အကောင်းစား အက်ရှင် ဂိမ်းလို့ သတ်မှတ်ခြင်း ခံထားရတဲ့ ဂိမ်းတွေထဲမှာ Apple Knight ကလည်း တစ်ခုအပါအဝင်ပါပဲ။​ တိုက်ပွဲ ဂိမ်း တွေထဲမှာ နစ်မြောနေတော့ ကွီးတို့ရဲ့ စိတ်ဖိစီးစရာများလည်း သူ့အလိုလို ပြေပျောက်သွားမှာ မယုံမရှိပါနဲ့။

Shades: Shadow Fight Roguelike

Photo Source: GamingonPhone

ရွေးချယ်စရာ ကာရိုက်တာများ စုံစုံလင်လင် ပါရှိပြီး စွမ်းအား အထက်ဆုံး လက်နက်များကိုလည်း လယ်ဗယ်တစ်ခုချင်းစီအလိုက် စွမ်းအား မြှင့်နိုင်ပါတယ်။ အက်ရှင် ဂိမ်းအကောင်းစားတွေကို ရွေးချယ်ချင်တယ်ဆိုရင်တော့ ဒီအမျိုးအစားကို ရွေးချယ်သင့်ပါတယ်။

Call of Duty : Mobile

Photo Source: Pocket-lint

Call of Duty : Mobile ဂိမ်းကတော့ ဂိမ်းချစ်သူများအကြား နာမည်ကြီး ရေပန်းစားတဲ့ ဂိမ်းအမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ ၂၀၁၉ ကတည်းက ထွက်ရှိခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ပြီး ယခုထက်ထိတိုင် လူကြိုက်များနေဆဲပါတယ်။ Android ဖုန်းမှသာမက iOS ဖုန်းတွေမှာလည်း ဆော့ကစားနိုင်တာကြောင့် လူကြိုက်များပါတယ်။

Farlight 84

Photo Source: VG247

ဒီဂိမ်းကတော့ မနှစ်ကမှ လောလောလတ်လတ် ထွက်ရှိထားတဲ့​ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ လူကြိုက်အများဆုံး ဂိမ်းတွေထဲမှာ သူလည်း တစ်ခု အပါအဝင်ပါပဲ။ ကွီးတို့ မယုံဘူးဆိုရင်တော့ ကိုယ်တိုင် ဆော့ကစားကြည့်လိုက်ပါ။ ဘာ့ကြောင့် လူကြိုက်အများဆုံး ဖြစ်ရသလဲဆိုတာကို သိသွားပါလိမ့်မယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဂိမ်းတွေထဲက ဘယ်ဂိမ်းတွေကို ဆော့ကစားဖူးပါသလဲ။​

Source: Softonic

Featured Image: Pockettactics