ဆံပင်စတိုင်နဲ့ ပတ်သတ်လာရင် အမျိုးသား အများစုကတော့ အများကြီး ပုံသွင်းဖြီးလိမ်းနေရတဲ့ Hairstyles တွေ သိပ်မကြိုက်ကြပါဘူး။ ရာသီဥတု အခြေအနေကလည်း ကျွန်တော်တို့ရဲ့ ဆံပင်စတိုင်အပေါ် အများကြီး သက်ရောက်မှု ရှိတယ် မဟုတ်လား။ အခုလို ပူအိုက်တဲ့ နွေရာသီကာလတွေမှာဆိုရင် ပိုပြီး သိသာပါတယ်။ ရာသီဥတုက ပူပူ ဆံပင်က ရှည်ရှည်နဲ့ အတော်လေး စိတ်အိုက်စရာပါ။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ပူအိုက်တဲ့ နွေရာသီ ကာလမှာ အမျိုးသားတွေအတွက် တိုတိုကပ်ကပ်နဲ့ ရှင်းသန့်တဲ့ စတိုင်ကို ပေါ်လွင်စေမယ့် အမိုက်စား ဆံပင်စတိုင် အချို့ကို ပြောပြပေးချင်ပါတယ်။

(၁) Short Crop

Photo : Man Of Many

Crop Haircut ကတော့ တိုတိုရှင်းရှင်း ပေါ့ပေါ့ပါးပါးနဲ့ မော်ဒန်ဆန်တဲ့ ဆံပင်စတိုင် တစ်ခုပါ။ ဆယ်ကျော်သက်နဲ့ လူငယ်ပိုင်း ကွီးတို့အတွက် ပိုသင့်တော်ပါတယ်။ ဘေးနဲ့အနောက်ကို ခပ်ပါးပါး ရှိတ်ထိုးထားပြီး အပေါ်ဆံပင်ကို တိုတိုရှင်းရှင်း ညှပ်ထားရတာ ဖြစ်ပါတယ်။ ထွေထွေ ထူးထူး ဆံပင်ထိန်းသိမ်းမှု လုပ်စရာမလိုပဲ ရှင်းရှင်းသန့်သန့်နဲ့ လူငယ်ဆန်ဆန် အထာကျနေစေမှာပဲ ဖြစ်ပါတယ်။

(၂) Buzz Cut

Photo : Man Of Many

အမျိုးသား တော်တော်များများ ကြိုက်နှစ်သက်တဲ့ ဆံပင်စတိုင်တွေထဲမှာ Buzz Cut က ထိပ်ဆုံးကနေ ပါပါတယ်။ တိုတိုရှင်းရှင်း ၊ ပေါ့ပေါ့ပါးပါးနဲ့ ယောကျာ်းဆန်တဲ့ ဆံပင်စတိုင်တစ်ခုပါ။ Buzz Cut ဆံပင်စတိုင်က ဘဲဥပုံနဲ့ စတုရန်းပုံ မျက်နှာကျ ပိုင်ရှင်ကွီးတို့နဲ့ အထူးလိုက်ဖက်ပါတယ်။

(၃) Messy Hairstyle

Photo : Man Of Many

ဒီဆံပင်စတိုင်က အပေါ်ယံကြည့်ရင်တော့ သေချာပုံသွင်းထားရတဲ့ ပုံပေါက်ပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ထွေထွေထူးထူး ဖြီးလိမ်းနေစရာမလိုပဲ သဘာဝဆန်ဆန် ခပ်ရှုပ်ရှုပ် အနေအထား ထားရတဲ့ပုံစံ ဖြစ်ပါတယ်။ အပေါ်ဆံပင်ကို ၂ လက်မကနေ ၄ လက်မအတွင်း ကွီးတို့ စိတ်ကြိုက်အတိုအရှည်ကို ချိန်ဆထားနိုင်ပြီး ဘေးဘက်ကိုတော့ Clipper ခေါင်း နံပါတ် ၂ ဒါမှမဟုတ် ၃ လောက်နဲ့ ညှပ်ရမှာ ဖြစ်ပါတယ်။ Sexy ဆန်ပြီး ဆွဲဆောင်မှုမြင့်တဲ့ ခေတ်သစ်ယောကျာ်း တစ်ယောက်ရဲ့ အသွင်အပြင်ကို ရရှိစေမှာ ဖြစ်ပါတယ်။

(၄) Faux Hawk

Photo : Man Of Many

Mohawk ဆံပင်စတိုင်ကနေ ဆင်းသက်လာတဲ့ ပုံစံခွဲတစ်ခု ဖြစ်ပါတယ်။ Mohawk ပုံစံလည်းကြိုက်တယ်။ ဒါပေမယ့် Mohawk လို ဘေးဘက်အပြောင်နဲ့ အလယ်ဆံပင်လိုင်းတစ်ခုတည်း ထင်းထင်းကြီး ဖြစ်နေတာမျိုး မထားရဲဘူး ဆိုရင်တော့ Faux Hawk က တော်တော်လေး အဆင်ပြေပါတယ်။ Faux Hawk က ဘေးနဲ့အနောက်ကို ခပ်တိုတို ခပ်ပါးပါး ညှပ်ထားပြီး အပေါ်ဆံပင်ကို မတိုမရှည် အနေအထား ပုံသွင်းထားရမှာ ဖြစ်ပါတယ်။ လူငယ်ဆန်သလို ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျနေစေတဲ့ ဆံပင်စတိုင် တစ်ခုပဲ ဖြစ်ပါတယ်။

Featured Photo : Man of Many