ဒင်နာပါတီ ဆိုတာ ကိုယ့်ရဲ့သူငယ်ချင်းမိတ်ဆွေတွေ ဒါမှမဟုတ် အရေးကြီး ပုဂ္ဂိုလ်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ညစာအတူစားကြပြီး ပျော်ရွှင်ကြည်နူးစရာ အချိန်လေးတွေ အတူမျှဝေကြတဲ့ အခိုက်အတန့်လေးပါ။ ဒီလိုအခိုက်အတန့်လေးကို ပိုမိုသက်ဝင်လှုပ်ရှားစေဖို့ တေးဂီတတွေလည်း လိုအပ်ပါတယ်။ တေးဂီတဆိုတာ ပါတီနဲ့ခွဲခြားလို့ မရတဲ့အရာပါ။ ဒါကြောင့် ဒင်နာပါတီနဲ့ လိုက်ဖက်တဲ့ သီချင်း ကောင်းလေးတွေ ကို ကွီးတို့အတွက် ဝေမျှပေးချင်ပါတယ်။

Photo : Pinterest

“Don’tGet Around Much Anymore” by Michael Buble

Source : Michael Buble

“Don’tGet Around Much Anymore” ဆိုတဲ့ သီချင်းလေးဟာ ဂန္တဝင်ဆန်တဲ့ ခံစားချက်ကိုပေးစွမ်းနိုင်တဲ့ ဒင်နာပါတီနဲ့ လိုက်ဖက်တဲ့ သီချင်း ကောင်းလေးတွေ ထဲက တစ်ပုဒ်ပါ။ ကော့လ်တေး သောက်ပြီး ဂျက်ဇ်ဂီတ သံစဉ်လေးတွေကို နားဆင်ရခြင်းက လူတွေကို ပုံပြင်ဟောင်းတွေ ပြောပြသလို ခံစားစေပါတယ်။

“Slow Burn” by Kacey Musgraves

Source : Kacey Musgraves

ဒင်နာပါတီနဲ့ လိုက်ဖက်တဲ့ သီချင်းကောင်းတွေ ထဲက နောက်ထပ်တစ်ပုဒ်ကတော့ Kacey Musgraves ရဲ့ Slow Burn ဆိုတဲ့ သီချင်းလေးပါပဲ။ ဒီသီချင်းရဲ့ သံစဉ်လေးက ကွီးတို့ရဲ့ ညစာစားပွဲလေးကို လေးနက်ပြီး အသက်ဝင် လာစေပါလိမ့်မယ်။

“Leon On Me” by SpeechLess

Source : SpeechLess

SpeechLess ရဲ့ “Lean on Me” က ရိုးရှင်းပြီး နားဆင်ခံစားလို့ကောင်းတဲ့ သံစဉ်တွေနဲ့ ခံစားချက်အပြည့်ရှိသော သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒင်နာပါတီနဲ့ လည်း တကယ်ကိုလိုက်ဖက်တဲ့ သီချင်း တစ်ပုဒ်ဖြစ်ပါတယ်။ ဒင်နာပါတီမှာ သူငယ်ချင်းများ၊ ရယ်မောသံများနှင့် ခံစားချက်ကောင်းတေးဂီတများဖြင့် ပြည့်နှက်နေစေဖို့ ဒီသီချင်းလေးကို ရွေးချယ်လိုက်ပါ။

“Don’t Know Why” by Norah Jones

Source : Norah Jones

Norah Jones ရဲ့ချိုမြတဲ့ အသံလေးနဲ့ နားဆင်ခံစားလို့ကောင်းတဲ့ နူးနူးညံ့ညံ့ သံစဉ်တွေနဲ့ သီဆိုထားတဲ့ Don’t Know Why ဆိုတဲ့ သီချင်းလေးကလည်း ပြီးပြည့်စုံတဲ့ ဒင်နာပါတီလေးဖြစ်ဖို့ အားဖြည့်ပေးပါလိမ့်မယ်။ ဒင်နာပါတီအတွက် သီချင်းရွေးနေတယ်ဆိုရင် ဒီသီချင်းလေးကို ထည့်သွင်းရွေးချယ်ဖို့ မမေ့ပါနဲ့။

“Drew Barrymore” by SZA

Source : SZA

ကွီးတို့ ဒင်နာပါတီမှာ ဖွင့်ဖို့အတွက် နောက်ထပ်သီချင်းကောင်းလေးကတော့ SZA ရဲ့ “Drew Barrymore” ပဲ ဖြစ်ပါတယ်။ SZA ရဲ့အသံပါဝါ ကောင်းကောင်းနဲ့ ဆန်းသစ်တဲ့သီချင်းလေးက ကွီးတို့ ဒင်နာပါတီကို ပိုမိုအသက်ဝင်စေမှာပါ။

“Stand By Me” by Ben E. King

Source : SpeechLess

ဒင်နာပါတီနဲ့ လိုက်ဖက်တဲ့ သီချင်း ကောင်းလေးတွေ ထဲက နောက်တစ်ပုဒ်ကို ဖော်ပြရမယ်ဆိုရင် ဂန္တဝင်ဆန်တဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Ben E. King”Stand by Me ပဲ ဖြစ်ပါတယ်။ ဒီသီချင်းဟာ ညစာစားပွဲတွေအတွက် အလိုက်ဖက်ဆုံး သီချင်းတစ်ပုဒ်လို့တောင် ဆိုကြပါတယ်။

Featured Photo : Dinner Party