ရာသီခွင် တစ်ခုစီတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်စရိုက်လက္ခဏာတွေ ရှိကြပြီး အချို့ဆိုရင် စိတ်ခံစားမှုကို ဦးစားပေးတက်တဲ့ Dramatic ဆန်သူတွေ ဖြစ်ကြပါတယ်။ ဒီရာသီခွင်တွေဟာ တစစ်ဖက်လူတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်လေ့ရှိကြသလို ပြင်းပြင်းထန်ထန် စိတ်ခံစားမှုတွေကို ပြသလေ့ရှိကြပြီး တစ်ခါတစ်ရံမှာ သူတို့ရဲ့ အပြုအမူနဲ့ တုံ့ပြန်မှုတွေက ဒရမ်မာ ဇာတ်ဝင်ခန်းတစ်ခု ရိုက်နေသလားတောင် ထင်မှတ်ရပါတယ်။ အခုပြောပြပေးမှာကတော့ ဒရမ်မာ ခင်းတဲ့နေရာမှာ ပြိုင်စံရှားဖြစ်တဲ့ စိတ်နေသဘောသဘာဝတွေကြောင့် လူသိများတဲ့ ရာသီခွင် ၅ ခုအကြောင်းပါ။

(၁) Leo

Photo : The Times of India

ဒရမ်မာ ခင်းတဲ့နေရာမှာတော့ Leo ရာသီခွင် တွေက နာမည်ကြီးပါပဲ။ Leo တွေက ရဲရင့်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိပြီး တခြားသူတွေရဲ့ စိတ်အာရုံကို ဖမ်းစားဆွဲဆောင်လေ့ရှိကြပေမယ့် တစ်ခါတစ်ရံမှာ ပြင်းထန်တဲ့ စိတ်ခံစားမှုတွေနောက် လိုက်တက်ကြပြီး Dramatic ဆန်ဆန် အပြုအမူတွေ လုပ်တက်ကြပါတယ်။ သူတို့ဟာ ချစ်ခြင်းမေတ္တာကို ပြသပြီး ချီးကျူးဂုဏ်ပြုခြင်းကိုလည်း နှစ်သက်တဲ့ ထူးခြားတဲ့ စရိုက်လက္ခဏာ ရှိသူတွေပဲ ဖြစ်ပါတယ်။

(၂) Libra

Photo : The Times of India

Libras တွေကတော့ လူတွေနဲ့ ဟန်ချက်ညီညီ သဟဇာတဖြစ်ဖြစ် နေထိုင်တက်တဲ့စရိုက်ကြောင့် ကျော်ကြားတဲ့ ရာသီခွင် တစ်ခုပါ။ သို့သော်လည်း တစ်ခါတစ်ရံ ဒရမ်မာ ခင်းပြီဆိုရင်တော့ တော်ရုံဘယ်သူမှ လိုက်မမှီနိုင်ပါဘူး။ သူတို့ဟာ သူတို့ရဲ့စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ မကောင်းတဲ့ စိတ်ခံစားချက်တွေကို စွဲမြဲထားတက်သူတွေပါ။ သို့သော်လည်း ဒရမ်မာခင်းမှုနဲ့အပြိုင် ပြတ်ပြတ်သာသား လုပ်တက်မှုတွေကြောင့်လည်း နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ ထင်မှတ်မထားတဲ့ အချိန်မှာ ထင်မှတ်မထားသလို ပြင်းထန်တဲ့ မုန်တိုင်းတစ်ခုကိုလည်း ဖန်တီးတက်ကြသူတွေ ဖြစ်ပါတယ်။

(၃) Scorpio

Photo : The Times of India

Scorpio တွေကတော့ ရာသီခွင် အားလုံးထဲမှာ ဒရမ်မာအခင်းနိုင်ဆုံး Sign တစ်ခုလို့ ပြောကြပါတယ်။ သူတို့ရဲ့ စိတ်ခံစားမှုတွေက နက်နဲသိမ့်မွေ့ပြီး တော်တော်လေး ရှုပ်ထွေးတယ်လို့ ဆိုရမှာပါ။ ထူးခြားတာက သူတို့မှာ သံလိုက်လို စရိုက်လက္ခဏာတွေရှိကြပြီး အခြားသူတွေရဲ့ စိတ်အာရုံကို ဖမ်းစမ်းနိုင်တဲ့ ထူးခြားစွမ်းရည်တွေ ရှိကြပါတယ်။ ဒါပေမယ့် ပြဿနာကတော့ Scorpio တွေဟာ စိတ်ထဲကမှာ ကြိတ်ပြီး ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကို လုပ်တက်ကြသလို စိတ်ပိုင်းဆိုင်ရာ အားဖြင့်လည်း ပေါက်ကွဲလွယ်တဲ့အတွက် Scorpio တွေ ပတ်သတ်မိရင် မထင်ရင်မထင်သလို ဒရမ်မာ ခင်းတာမျိုး ကြုံရနိုင်ပါတယ်။

(၄) Pisces

Photo : The Times of India

Pisces တွေက Water Sign ဖြစ်တာနဲ့အညီ စိတ်ခံစားမှုတွေက အရမ်းကိုထိရှလွယ်ပြီး ဒီရေလိုပဲ အနိမ့်အမြင့် အတက်အကျ ဖြစ်နေလေ့ ရှိပါတယ်။ သူတို့ဟာ အသေးစိတ်ကျကျ စိတ်ကူးယဉ်တတ်သူတွေဖြစ်ကြပေမယ့် အချို့အချိန်တွေမှာ သူတို့ရဲ့ စိတ်ကူးယဉ်မှုတွေမှာလည်း တဟုတ်ချင်းဆိုသလို ပျောက်ဆုံးသွားတတ် ကြပါတယ်။ Pisces ရာသီခွင် တွေဟာ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ အနုပညာဆိုင်ရာ စီးမြောခံစားမှုတွေဟာ သူမတူတဲ့ ထူးခြားသူတွေ ဖြစ်ပေမယ့် တစ်ချိန်တည်းမှာလည်း ဒရမ်မာ ခင်းတဲ့နေရာမှာ ပြိုင်စံရှား ဆရာကြီးတွေပဲ ဖြစ်ပါတယ်။

(၅) Gemini

Photo : The Times of India

Gemini ရာသီခွင် တွေရဲ့ ပင်ကိုယ်စရိုက်လက္ခဏာကိုက ဖြတ်ထိုးဉာဏ်ကောင်းပြီးလိုက်လျောညီထွေဖြစ်တဲ့ သဘောသဘာဝရှိတာကြောင့် ပေါင်းသင်းဆက်ဆံရေးမှာတော့ တော်တော်လေး ကောင်းမွန်သူတွေလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့်လည်း Gemini တွေက Mood Swings ဖြစ်တက်ကြပြီး တစ်ခါတစ်ရံမှာ သူတို့ ဘာဖြစ်နေလဲဆိုတာကိုပင် တော်တော်လေး မှန်းဆရခက်တဲ့ အခြေအနေမျိုးတွေ ကြုံရနိုင်ပါတယ်။ စိတ်အခြေအနေက အမြဲလိုလို တက်လိုက်ကျလိုက် ပြောင်းလဲနေတက်တာကြောင့် Gemini တွေနဲ့ ပေါင်းသင်းဆက်ဆံမယ်ဆိုရင် အတော်လေးတော့ သတိထားဖို့လိုမှာပါ။

Featured Photo : The Times of India