ဒီနေ့ခေတ်မှာ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ လူတွေအတွက် စွမ်းဆောင်ရည်မြင့် အသုံးအဆောင်ပစ္စည်းများကလည်း များပြားလာပါတယ်။ ထိုအထဲမှာ နားကြပ်တွေကလည်း အပါအဝင်ပါပဲ။ နားကြပ်တွေဟာ သီချင်းနားထောင်ဖို့၊ စကားပြောဖို့ သက်သက်သာ မဟုတ်တော့ဘဲ နောက်ပိုင်းမှာ ကိုယ့်ရဲ့ဖက်ရှင်ကို အားဖြည့်ပေးတဲ့ အသုံးအဆောင်တစ်ခုလည်း ဖြစ်လာပါတယ်။ ဘယ်သွားသွား ဘာလုပ်လုပ် သီချင်းလေးနဲ့ ငြိမ့်ချင်လို့ ဖြစ်စေ၊ ဘေးနားက ချစ်သူလေး ဘယ်လောက်ပွားပွား ဒါလေးနဲ့ဆို အိုကေ မှာ စိုပြေစေဖို့ ဖြစ်စေ၊ နားကြပ်ကောင်းကောင်းလေး တစ်စုံတော့လိုပါတယ်။ ဒီဆောင်းပါးလေးမှာတော့ စွမ်းဆောင်ရည်မြင့်တဲ့ နားကြပ်တွေ ကို ဈေးနှုန်းနဲ့တကွ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Cambridge Audio Melomania 1 Plus

Photo : Cambridge Audio

အသံစွမ်းဆောင်ရည် ကောင်းမွန်ပြီး သယ်ဆောင်ရတာလွယ်ကူတဲ့ အသေးစားလေးတွေကိုပဲ ကြိုက်နှစ်သက်တဲ့ သူများအတွက် Cambridge Audio Melomania 1 Plus နားကြပ်လေး ရှိပါတယ်။ သူ့ရဲ့ ဒီဇိုင်းကလည်း အလွန်ပြောင်မြောက်ပီး သေးငယ်သောဘောင်နှင့် ပေါ့ပါးသောတည်ဆောက်မှု ရွေးချယ်ချင်စရာပါပဲ။ ဒါ့အပြင် အသုံးပြုရလည်း လွယ်ကူပြီး ဘတ်ထရီ သက်တမ်းကတော့ ၉ နာရီခန့် ခံပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ၅၉.၅၅ ဒေါ်လာခန့် ကျသင့်မှာ ဖြစ်ပါတယ်။

Sony WH-CH510

Photo : Gadget Tree

အသံစွမ်းရည်ကောင်းမွန်ပြီး ဘတ်ထရီသက်တမ်း ကြာကြာခံတာလေး လိုချင်တယ်ဆိုရင်တော့ Sony ရဲ့ Sony WH-CH510 ရှိပါတယ်။ သူ့ရဲ့ ဘတ်ထရီသက်တမ်းက ၃၅ နာရီခံပါတယ်။ ကျစ်လစ်တဲ့ ဒီဇိုင်းနဲ့သယ်ဆောင်ရတာ ပေါ့ပါးလွယ်ကူပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ၅၈ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ ခရီးသွားရင် သီချင်းလေးတွေနဲ့ အချိန်ကြာကြာ ငြိမ့်ချင်ရင် ဒါလေးနဲ့ဆို အိုကေ ပါတယ်။

JLab Go Air Pop

Photo : JLab

သေးငယ်ပြီး သက်တောင့်သက်သာရှိတဲ့ ပေါ့ပေါ့ပါးပါး နားကြပ်လေး လိုချင်ရင် JLab Go Air Pop ရှိပါတယ်။ ဒီဇိုင်းကလည်း ကွီးတို့လူငယ်တွေ အကြိုက်တွေ့စေမှာ အသေအချာပါပဲ။ အသံစွမ်းဆောင်ရည်လည်း ကောင်းမွန်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၃၀ ခန့်သာ ကျသင့်မှာ ဖြစ်လို့ တော်တော်လေး သင့်တော်တယ်လို့ ပြောလို့ရပါတယ်။

Earfun Air Pro

Photo : Amazon

Earfun Air Pro ကတော့ ဆူညံသံပယ်ဖျက်နိုင်တဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ပါရှိပြီး အသံပိုင်းဆိုင်ရာ ချိန်ညှိခြင်းကလည်း သဘောကျစရာပါပဲ။ သူ့ရဲ့ ဘတ်ထရီသက်တမ်းကတော့ ၉ နာရီခန့် ခံပါတယ်။ ဒီဇိုင်းကလည်း ပေါ့ပါးပြီး ကျစ်လစ်တာကြောင့် လူငယ်တွေ တော်တော်များများ ဘဘောကျကြမှာပါ။ ဈေးနှုန်းကတော့ ၇၉.၉၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

LYPERTEK PurePlay Z3 2.0

Photo : Amazon

ဆန်းသစ်ပြီး တောက်ပြောင်ခမ်းနားတဲ့ အသွင်အပြင်နဲ့ သက်တောင့်သက်သာရှိစေတဲ့ ဒီနားကြပ်ကတော့ LYPERTEK PurePlay Z3 2.0 ပဲ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အသံအရည်အသွေးကို ပေးစွမ်းနိုင်ပြီး သူ့ရဲ့ ဘတ်ထရီ သက်တမ်းကလည်း ၁၀ နာရီခံပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ၈၉ ဒေါ်လာ ဖြစ်ပါတယ်။

ကွီးတို့ရော ဒီနားကြပ်တွေထဲက ဘယ်တစ်ခုကို ကြိုက်နှစ်သက်ပါသလဲ။

Source : Techrader

Featured Photo : Earfun