နယူးကာဆယ်က မန်ချက်စတာ ယူနိုက်တက်အသင်းကို (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်း အသင်းရဲ့ အဓိက ဂိုးသမားဖြစ်သူ နစ်ပုတ် ပခုံးဒဏ်ရာ ရရှိသွားခဲ့တာကြောင့် လူစားလဲမှုပါ ပြုလုပ်ခဲ့ရပြီး အခုဆိုရင် နစ်ပုတ်က ဒီဒဏ်ရာကို ခွဲစိတ်မှုပါ ခံယူရပါတော့မယ်။ ဒီလို အခြေအနေမှာ နယူးကာဆယ်အနေနဲ့ နစ်ပုတ်ကို ကာလအတန်ကြာ အနားပေးရတာဖြစ်လို့ ဂိုးသမားသစ်တစ်ဦး ရှာဖွေဖို့ ပြင်ဆင်လာခဲ့ပါတယ်။

Photo Credit : Stretty News

လက်ရှိ နယူးကာဆယ်မှာ ဂိုးသမားဆိုလို့ ဒူဗရက်ကာ နဲ့ လီဗာပူးလ်မှာ flop ခဲ့တဲ့ ကာရီးယပ်စ်တို့သာ ရှိနေပြီ အသင်းအနေနဲ့ကလည်း ချန်ပီယံလိဂ်မှာရော ပရီးမီးယားလိဂ်နဲ့ ပြည်တွင်း ရှုံးထွက်ပွဲတွေမှာပါ ဆက်လက် တိုက်ပွဲဝင်ရဦးမှာဖြစ်လို့ ထိပ်တန်း ဂိုးသမားတစ်ဦးခန့် လိုအပ်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ နယူးကာဆယ်က လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေပြီး ဘောလုံးလောကရဲ့ ထိပ်တန်း ဂိုးသမားတစ်ဦးလည်း ဖြစ်ခဲ့ဖူးတဲ့ စပိန် လက်ရွေးစင်ဟောင်း ဒေးဗစ် ဒီဂီယာကို ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : Transfermarket

အသက် (၃၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဒီဂီယာက လွန်ခဲ့တဲ့ ၂၀၁၁ခုနှစ်ကတည်းက မန်ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ စတင် ဖြတ်သန်းခဲ့တာဖြစ်ပြီး ပွဲပေါင်း (၄၁၅)ပွဲအထိ ပါဝင်ကစားခဲ့ရင်း Clean Sheets အကြိမ်ရေပေါင်း (၁၄၈)ကြိမ်အထိ ရယူနိုင်ခဲ့ပါတယ်။ ယူနိုက်တက်အတွက် နောက်ပိုင်း ကစားပေးထားတဲ့ ပွဲစဉ်တွေအတွင်း လက်စွမ်း မတည်ငြိမ်မှုတွေ နဲ့ အမှားအယွင်းတွေ များလာခဲ့တဲ့ ဒီဂီယာဟာ သူရဲ့ လျင်မြန်လွန်းတဲ့ ကာကွယ်မှုတွေ မယုံကြည်နိုင်စရာ ဂိုးကာကွယ်မှုပေါင်း များစွာကိုလည်း လုပ်ဆောင်နိုင်တဲ့ ဂိုးသမားတစ်ဦး ဖြစ်နေပါတယ်။

Photo Credit : Football365

ဒီဂီယာအနေနဲ့ကလည်း ဘောလုံးလောကနဲ့ အဆက်ပြတ်နေတာက ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ဖြစ်နေတာမို့ အခုအချိန်မှာ သူ့အတွက် အသင်းသစ် တစ်သင်းကို သေချာရှာဖွေဖို့ လိုအပ်နေပြီး ဒီအချိန်မှာ ဆော်ဒီကလပ်တွေအပြင် ဆော်ဒီတို့နဲ့ ဆက်နွယ်မှု ရှိနေတဲ့ နယူးကာဆယ်ကပါ ဒီဂီယာကို ချိန်ရွယ်လာခဲ့ပါတယ်။ ဒီဂီယာကတော့ ဆော်ဒီကို ပြောင်းဖို့ ဆန္ဒမရှိတာကြောင့် နယူးကာဆယ်နဲ့ လက်တွဲပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တစ်ကျော့ပြန်လာနိုင်မလားဆိုတာ…

Featured Photo : Clutch Points