ယနေ့ခေတ်မှာ နည်းပညာများဟာ မြင့်မားသထက် မြင့်မားလာနေ ကြပါတယ်။ ဒါ့အပြင် လူသားများအပေါ် အကျိုးပြုတဲ့ နည်းပညာ ဆိုင်ရာ အောင်မြင်မှုများကိုလည်း ကမ္ဘာနဲ့ တစ်ဝှမ်းရရှိခဲ့ပြီးဖြစ်ပါတယ်။ နည်းပညာကြောင့် လူသားတွေရဲ့ ဘဝမှာ ပိုမိုလွယ်ကူလာစေရုံသာမက လူမှုရေးနဲ့ စီးပွားရေးရပ်တည်မှုကို လွှမ်းမိုးလာပါတယ်။ ဒါဟာ တကယ်ကိုကောင်းတဲ့ အချက်ပါ။ ဆက်လက်ပြီးတော့ နည်းပညာရဲ့ လူသားများအပေါ် အပြုသဘောဆောင်သော ကောင်းကျိုးများ ထဲက အချို့ကိုလေ့လာကြည့်ရအောင်။

ပညာရေးသို့ ပိုမိုလွယ်ကူစွာ ဝင်ရောက်နိုင်မှု

Photo : Trendy Blog

နည်းပညာရဲ့ ကောင်းကျိုးများ ထဲက တစ်ခုကိုပြောပါဆိုရင် ပညာရေးကို ပိုမိုလွယ်ကူစွာ ချည်းကပ်လာနိုင်တာပဲ ဖြစ်ပါတယ်။ အရင်ခေတ်တုန်းကဆို ပညာရေးအတွက် ကျောင်းတတ်ဖို့အပြင် တခြားရွေးချယ်စရာ နည်းပါးလှပါတယ်။ ဒီနေ့ခေတ်မှာတော့ ကွီးတို့ သင်ယူလေ့လာချင်တဲ့ အရာအားလုံးအတွက် အွန်လိုင်းကနေ သင်ယူလို့ရပါတယ်။ ဒါ့အပြင် ဆရာနဲ့ ကျောင်းသားများထိတွေ့မှုကိုလည်း အွန်လိုင်းကနေ ဆောင်ရွက်နိုင်တဲ့ အပြင် အဆင့်မြင့်ပညာရေးများကို ချည်းကပ်ဖို့အတွက်လည်း မခက်ခဲတော့ပါဘူး။

Artificial Intelligence

Photo : DaVinci Institue

နည်းပညာရဲ့ အောင်မြင်မှုတစ်ခုကို‌ ပြောပါဆိုလျှင် Artificial Intelligence ကျော်သွားလို့မရတဲ့ အရာတစ်ခုပါ။ Artificial Intelligence ဟူသော အယူအဆသစ် တစ်နည်းအားဖြင့် နည်းပညာက လျင်မြန်စွာ ကြီးထွားလာပြီး ရေပန်းစားလာလျက်ရှိပါတယ်။ မြန်မာလို ဉာဏ်ရည်တု လို့ခေါ်တဲ့ A I ဆိုသည်မှာ လူသားတို့၏ ဉာဏ်ရည်ဉာဏ်သွေး လုပ်ငန်းစဉ်ကို စက်ဖြင့်ပုံဖော်ခြင်း၊ အထူးသဖြင့် ကွန်ပျူတာစနစ်ဖြင့် ပုံဖော်ခြင်းကိုရည်ညွှန်းပါတယ်။ AI နည်းပညာရဲ့နမူနာများ ကတော့ Google maps, Chatbots, Face Detection and Recognition နဲ့ Siri စသည်ဖြင့် အများကြီးပါဝင်ပါတယ်။ AI ရဲ့ လုပ်ဆောင်နိုင်မှုတွေက တစ်နေ့တစ်ခြား တိုးတတ်ကောင်းမွန် လာတာကြောင့် လူသားတွေရဲ့ နေ့စဉ်ဘဝမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာပါပြီး ကောင်းတဲ့ သက်ရောက်မှုများစွာ ရရှိနေပါတယ်။

နယ်ပယ်များစွာမှာ ဆန်းသစ်တီထွင်လာနိုင်တယ်

Photo : Trendy Online Solution

နည်းပညာက ပညာရေးအတွက်သာမက နယ်ပယ်များစွာတွင် ဒစ်ဂျစ်တယ်ပြောင်းလဲခြင်းနှင့် ခေတ်မီခြင်းတို့ကို အမှန်တကယ်ဖြစ်ပေါ်စေခဲ့ပါတယ်။ ဆေးဝါး၊ ကုသရေး သို့မဟုတ် အီလက်ထရွန်းနစ် နယ်ပယ်တွင်ဖြစ်စေ နည်းပညာသည် ကမ္ဘာလုံးဆိုင်ရာ နည်းပညာများက လူသားတွေရဲ့ နေ့စဉ်ဘဝ အတွက် ကောင်းကျိုးကို ဖြစ်စေခဲ့ပါတယ်။ ကျန်းမာရေး ကဏ္ဍမှာလည်း နည်းပညာတွေ ထွန်းကားလာတာကြောင့် အများကြီး အကျိုးရှိပါတယ်။ ကုသရန် ခက်ခဲ့တဲ့ ရောဂါများအတွက်လည်း နည်းပညာ အကူအညီနဲ့ မှန်ကန်တဲ့ ကုသနည်းတွေကို ရှာဖွေနိုင်ခဲ့ပါတယ်။

ဆက်သွယ်ရေးနည်းပညာများ တိုးတတ်ကောင်းမွန်လာပါတယ်

Photo : Sandpiper

နည်းပညာရဲ့ ကောင်းကျိုးများ ထဲက နောက်တစ်ခုကတော့ လူသားများရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ နေ့စဉ်ဘဝအတွက် အသုံးချနိုင်တဲ့ ဆက်သွယ်ရေးနည်းပညာများ တိုးတတ်လာတာပဲ ဖြစ်ပါတယ်။ လူတွေအတွက် ဖုန်းတစ်လုံးရှိရုံနဲ့ ဆက်သွယ်ရေးနည်းပညာ တော်တော်များများကို အသုံးချလို့ရပါတယ်။ ယနေ့ခေတ်မှာ ကျွန်တော်တို့ လွယ်လွယ်ကူကူ အသုံးပြုနေတဲ့ ဗီဒီယိုခေါ်ဆိုမှု၊ အသံဖိုင်ပို့ခြင်းများ၊ ဓာတ်ပုံနှင့် ဗီဒီယိုများကို ပေးပို့ခြင်း စသည်တို့က ယခင်က မလွယ်ကူခဲ့ပါဘူး။ ယနေ့ခေတ်မှာတော့ တစ်နေရာနဲ့ တစ်နေဆက်သွယ်ဖို့ စက္ကန့်ပိုင်းလောက်သော အချိန်ကလုံလောက်ပါတယ်။ နည်းပညာကြောင့် ကျွန်တော်တို့ ဘဝမှာ သက်တောင့်သက်သာရှိလာစေပြီး အရာရာလွယ်ကူလာတော့ အမှန်ပါပဲ။

Source : Advergize

Featured Photo : Middle East Observer