ရုပ်ရှင်ဇာတ်ကား တစ်ခုဖြစ်လာဖို့ဆိုတာ ဒါရိုက်တာကအစ မီးထိုးမှန်ထိုးအဆုံး ဂရုတစိုက်နဲ့ ရိုက်ကူးရပြီး ရုပ်ရှင်ဖန်တီးသူတွေဟာ လူသားတွေဖြစ်တာကြောင့် အမှားနဲ့ မကင်းနိုင်ပါဘူး။

တစ်ချို့အမှားတွေက အချိန်မီသိပြီး ပြန်လည်ပြင်ဆင်နိုင်ပေမယ့် ပရိသတ်တွေဆီ ချပြပြီးဖြစ်တာကြောင့် ပြန်လည်ပြင်ဆင်လို့မရတဲ့အမှားတွေလည်း များစွာရှိခဲ့ပြီး အခု ဖော်ပြပေးသွားမှာကတော့ နာမည်ကျော် ရုပ်ရှင်ဇာတ်ကားတွေထဲက အလွဲ တွေပဲဖြစ်ပါတယ်။

Photo: Buzzfeed

၁၀။ Little Women

၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Little Women ဇာတ်ကားဟာ ၁၈၆၃ ခုနှစ်ဝန်းကျင်က ဇာတ်လမ်းတစ်ခုဖြစ်ပေမယ့်လည်း လော်ရီရဲ့ အိမ်အတွင်းပိုင်းက ဇာတ်ဝင်ခန်းမှာ ပလတ်စတစ် ရေသန့်ဗူးတစ်ဗူး စားပွဲပေါ်မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

Photo: Buzzfeed

၉။ Harry Potter(the Chamber of Secrets)

ကမ္ဘာကျော် ဟာရီ ပေါ်တာ ရုပ်ရှင်ဇာတ်ကား ဟာ ပရိသတ်တွေ အလွန်နှစ်ခြိုက်ခဲ့ကြတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲ ဖြစ်ခဲ့ပြီး the Chamber of Secrets ဇာတ်လမ်းတွဲက ဟာရီ ပေါ်တာနဲ့ ဒရာကိုတို့ကို ရန်ဖြစ်နေတဲ့အခန်းကို ပြသရာမှာ တစ်ဖက်က ရိုက်ကူးနေတဲ့ ကင်မရာမန်းပါ ဇာတ်လမ်းထဲ ပါလာခဲ့တာဖြစ်ပါတယ်။

Photo: Buzzfeed

၈။ Captain America: Civil War

ကမ္ဘာကျော် မာဗယ်ဇာတ်လမ်းတွဲဖြစ်တဲ့ Captain America: Civil War ထဲမှာ Hawkeye ဟာ ပထမရိုက်ချက်မှာ လေးကို ညာဘက်လက်နဲ့ ကိုင်ထားခဲ့ပြီး ဘယ်ဖက်လက်က အင်္ကျီလက်ပြတ်ဖြစ်ပေမယ့် နောက်ထပ်ရိုက်ချက်မှာတော့ ဘယ်ညာ ပြောင်းပြန်ဖြစ်နေခဲ့တာကို တွေ့ရပါတယ်။

Photo: Buzzfeed

၇။ Dirty Dancing

Dirty Dancing ရုပ်ရှင်ဇာတ်ကား ထဲမှာ ဂျွန်နီအဖြစ် သရုပ်ဆောင်ခဲ့တဲ့ တစ်ချိန်က မင်းသားချော ပက်ထရစ် ဆွေဇီဟာ ကားမောင်းနေရမှာဖြစ်ပေမယ့်လည်း ဂီတာတံရဲ့ အနေအထားကို သေချာကြည့်လိုက်မယ်ဆိုရင် ပါကင်ထိုးတဲ့နေရာမှာ ရှိနေတာဖြစ်ပါတယ်။

Photo: Buzzfeed

၆။ Avatar

ကမ္ဘာကျော် စိတ်ကူးယဉ်သိပ္ပံ ရုပ်ရှင်ဇာတ်ကား ဖြစ်တဲ့ Avatar ထဲမှာ နာဗီဟာ အရပ်အားဖြင့် ၁၀ ပေ ရှိတယ်လို့ ယူဆရပေမယ့်လည်း ရုပ်ရှင်အဆုံးမှာတော့ ဂျိတ်ခ်ရဲ့လက်ဟာ နေတီရီရဲ့မျက်နှာကို အုပ်ကိုင်လိုက်ချိန်မှာ ကွက်တိကျနေတာဖြစ်ပြီး အမှန်ဆိုရင် မျက်နှာတစ်ခုလုံးကို အုပ်ကိုင်နိုင်လောက်တဲ့ အရွယ်အစားမရှိရမှာဖြစ်ပါတယ်။

Photo: Buzzfeed

၅။ Spider-Man: Far From Home

Spider-Man: Far From Home ရုပ်ရှင်ဇာတ်ကား ထဲမှာ ပီတာဟာ ပုံမှန်အဝတ်အစားနဲ့ ပင့်ကူမျှင်တွေ ပစ်နေတဲ့အချိန်မှာ လက်ကောက် ဝတ်မှာ အမျှင်ထုတ်တဲ့ခလုတ်မပါပေမယ့် ဘတ်စ်ကားထဲက ခုန်ထွက်တဲ့အခန်းမှာတော့ ခလုတ်ပါနေတာကို မြင်တွေ့ရပါတယ်။

Photo: Buzzfeed

၄။ Mamma Mia! Here We Go Again

၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Mamma Mia! ရုပ်ရှင်ဇာတ်ကား ထဲမှာ လီလီ ဂျိမ်းစ်ဟာ ၁၉၇၉ ခုနှစ် အောက်စ်ဖို့ဒ်က New College ကနေ ဘွဲ့ရတဲ့ ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားပေမယ့်လည်း တကယ့်အပြင်မှာတော့ New College ဟာ ၁၉၇၉ ခုနှစ်မတိုင်ခင်အထိ အမျိုးသမီးတွေကို ကျောင်းအပ်လက်မခံတာကြောင့် ပထမဆုံးဘွဲ့ယူမယ့် အသုတ်ဆိုရင်တောင်မှ ၁၉၈၂ ခုနှစ်မတိုင်ခင်အထိ ဘွဲ့ရဦးမှာမဟုတ်တာ ဖြစ်ပါတယ်။

Photo: Buzzfeed

၃။ Once Upon A Time in Hollywood

၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Once Upon A Time in Hollywood ဇာတ်ကားထဲက မြင်းပေါ်က လူဟာ ရုပ်ရှင်ပြသချိန် ၁ နာရီ ၃၇ မိနစ်နဲ့ ၃၀ စက္ကန့်ဝန်းကျင်မှာ “course I have”လို့ ပြောချိန်အတွင်း ပါးစပ်မလှုပ်ခဲ့ပေမယ့် အသံကတော့ ထွက်လာခဲ့တာဖြစ်ပါတယ်။

Photo: Buzzfeed

၂။ Ocean’s Eleven

Ocean’s Eleven ရုပ်ရှင်ဇာတ်ကား ထဲမှာ မင်းသား ဘရက် ပစ်တ်ရဲ့ ပုစွန် ကော့တေးခွက်ဟာ ဖန်ခွက်ကနေ ပန်းကန်ပြားအဖြစ် ပြောင်းသွားခဲ့ပြီး ပြီးတဲ့နောက်မှာ ဖန်ခွက်ပြန်ဖြစ်သွားပါတယ်။

Photo: Buzzfeed

၁။ Twilight

Twilight ရုပ်သံစီးရီးထဲမှာ အက်ဒွပ်အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား ရောဘတ် ပတ်တင်ဆန်ဟာ သွေးစုပ်ဖုတ်ကောင်ဖြစ်ပြီး သေဆုံးပြီးသား သွေးစုပ်ဖုတ်ကောင် တစ်ကောင်အနေနဲ့ နှလုံးလည်း မခုန်သလို၊ မျိုးပွားအင်္ဂါကလည်း ထောင်မတ်နိုင်ခြင်းမရှိတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အက်ဒွပ်ဟာ ဘယ်လာနဲ့တော့ ပြွတ်ပြွတ်တွေပေး ဇွတ်တရွတ်တွေကျွေးပြီး ကိုယ်ဝန်ရသွားတဲ့အထိ ဖြစ်ခဲ့တာကြောင့် အဲဒီလောက်စွမ်းတဲ့ဆေးများ ပေါ်နေပြီလားဆိုတာ တွေးစရာဖြစ်ပါတယ်။

Featured Photo : WIRED