ဘောလုံးလောကမှာ နာမည် ကြီးတဲ့ ကမ္ဘာကျော် ဘောလုံး သမားများသည် နာမည်တစ်လုံးရလာဖို့ဆိုတာ လွယ်ကူခဲ့တာမဟုတ်ပါဘူး။ ထရိန်နင် ပေါင်းစုံနှင့် အသည်းအသန် လေ့ကျင့် ကြိုးစားခဲ့တာဖြစ်ပါတယ်။

ကြိုးစားမှုက အရာထင်ကာ တဖြည်းဖြည်း နာမည်ရလာတဲ့အခါမှာလည်း နာမည်ကျမသွားအောင် ဆက်လက်ကြိုးစားရပါသေးတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း အသက်ရလာတဲ့အခါတော့ ငယ်ရွယ်စဥ်တုန်းကလိုမျိုး သွက်လက်ဖျတ်လတ်နိုင်မှာ မဟုတ်တော့ပါဘူး။ ဒါ့ကြောင့် ခြေစွမ်းမကျခင်မှာပဲ အားကစားသမားအဖြစ်က အနားယူကာ နည်းပြအဖြစ် ဘောလုံးနယ်ပယ်ထဲမှာ ဆက်လက်ရပ်တည်ကြပါတယ်။ ဒါမှလည်း ဘောလုံးပရိသတ်တွေရဲ့အလယ်မှာ ဒီ နာမည် ကြီး ဘောလုံး သမားက အခုကျ ဘယ်လိုဖြစ်ရတာလဲဆိုတဲ့ ငြိုငြင်ခြင်းကို မခံရမှာမဟုတ်လား။

ကွီးတို့လည်း တစ်ချိန်က နာမည် ကြီးခဲ့တဲ့ ဘောလုံး သမားတွေ အခုကျတော့ ဘယ်နေရာမှာ ဘာတွေလုပ်နေသလဲဆိုတာကို သိချင်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဆက်လက်ဖတ်ရှုကြည့်နိုင်ပါတယ်။

Javier Mascherano

Photo: Transfermarkt

Liverpool နှင့် Barcelona အသင်းတို့တွင် ကွင်းလယ်ကစားသမားအဖြစ် ကစားပြီးတဲ့ နောက်မှာတော့ ၂၀၂၀ ခုနှစ်မှာ ဘောလုံးလောကကနေ အနားယူခဲ့တာဖြစ်ပါတယ်။ အနားမယူခင်မှာတော့ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ အာဂျင်တီးနားကို ပြန်သွားခဲ့ပြီး ကျောင်းသားလူငယ်များနှင့်အတူ တစ်ပွဲတစ်လမ်း ကစားခဲ့ပါသေးတယ်။

Javier သည် ၂၀၀၃ ခုနှစ်မှာ ပွဲဦးထွက်ကစားခဲ့တာဖြစ်ပြီး သူ့ရဲ့ကစားသမားသက်တမ်းကတော့ ၁၇ နှစ်ကြာမြင့်ခဲ့တာပဲဖြစ်ပါတယ်။ ကစားသမားအဖြစ်ကနေ အနားယူပြီးတဲ့နောက်မှာတော့ လက်ရှိအချိန်တွင် အာဂျင်တီးနား U20 ရဲ့ ဘောလုံးနည်းပြအဖြစ် ဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။

Sylvain Distin

Photo: Transfermarkt

Portsmouth နှင့် Manchester City ရဲ့ အသင်းခေါင်းဆောင်အဖြစ်ကစားခဲ့တဲ့ Sylvain Distin သည် ဘောလုံးလောကတွင် ဆယ်စုနှစ် နှစ်စုစာခန့် ဆော့ကစားခဲ့တာဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်တွင် Portsmouth အသင်းတွင် ကစားခဲ့စဥ်က FA ဖလားကို ဆွတ်ခူးရရှိခဲ့ပြီး ၂၀၁၂ Everton အသင်းတွင်ကစားခဲ့စဥ်မှာတော့ Player Of The Season ဆုကို ရရှိခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး။ ၂၀၀၃ ခုနှစ်က Man City အသင်းတွင် ကစားခဲ့စဥ်ကလည်း ထို Player Of The Season ဆုကို ရရှိခဲ့ပါသေးတယ်။

ဒီလိုနဲ့ သူသည် ၂၀၁၆ မှာ အနားယူခဲ့ပြီး Aventus15 ဆိုတဲ့ ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။ ထိုကုမ္ပဏီကတော့ ကစားသမားများ ဘောလုံးရာသီမစခင်မှာ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်နေအောင် လေ့ကျင့်ပေးတာပဲဖြစ်ပါတယ်။ ဒါ့အပြင် InterEurope ဆိုတဲ့ အားကစားအေဂျင်စီအတွက်လည်း အားကစားအကြံပေးအဖြစ် လုပ်ကိုင်လျက်ရှိပါတယ်။

Drik Kuyt

Photo: Rtlboulevard

Liverpool အသင်းရဲ့ နာမည်ကြီးကစားသမားတစ်ယောက်ဖြစ်တဲ့ Drik Kuyt ကတော့ ၂၀၁၈ မှာ ကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပါတယ်။ ဘောလုံးလောကတွင် အနှစ် ၂၀ ကြာ အောင်မြင်ခဲ့တဲ့အပြင် ဆုတံဆိပ်များစွာလည်း ရရှိပိုင်ဆိုင်ခဲ့တဲ့ အကျော်အမော်တစ်ယောက်ဖြစ်ပါတယ်။

ကစားသမားအဖြစ်မှ အနားယူပြီးတဲ့နောက်မှာတော့ သူ့ရဲ့ စီနီယာများနည်းတူ ဘောလုံးနည်းပြအဖြစ် ဆက်လက်လုပ်ကိုင်လျက် ရှိပါတယ်။

ကွီးတို့ရဲ့ အကြိုက်ဆုံး ဘောလုံးသမားကရော ဘယ်သူဖြစ်များလဲ။ ကွီးတို့ရဲ့ အရင်တုန်းက အသည်းစွဲဖြစ်ခဲ့ရတဲ့ ဘောလုံးသမားဟောင်းတွေရော လက်ရှိအချိန်မှာ ဘာတွေများ လုပ်ကိုင်နေကြမလဲ။

Source: Premierleagueheroes