ကျွန်တော်တို့ ကမ္ဘာကြီးက နည်းပညာများဖြင့် စဉ်ဆက်မပြတ်ပြောင်းလဲနေပြီး နည်းပညာဆိုင်ရာ တိုးတက်မှုတွေက ဘက်ပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံကို ပိုပြီး အဆင်ပြလွယ်ကူ ကောင်းမွန်လာစေပါတယ်။ ထိုအထဲမှာ မော်တော်ကားတွေလဲ အပါအဝင်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များအတွင်း မော်တော်ယာဉ်များရဲ့ မောင်းနှင်သည့်ပုံစံ၊ ဘေးကင်းမှု၊ သက်တောင့်သက်သာရှိမှု အကြမ်းခံမှု နဲ့ ရေရှည်အသုံးပြုနိုင်မှုတို့က ယနေ့ခေတ် ဖန်တီးထုတ်လုပ်လာကြတဲ့ ကားတွေနဲ့ တော်တော်လေးလေး ကွာခြားပြီး ယနေ့ခေတ်ကားတွေမှာ ပိုမိုတိုးတက်ကောင်းမွန်လာတာ မိတ်ဆွေတို့ မျက်မြင်ပဲ မဟုတ်ပါလား။ ဒီနေ့ခေတ်မှာ နည်းပညာများကို အသုံးပြုပြီး မော်တော်ကားများမှာ ဘေးကင်းလုံခြုံမှု၊ အဆင်ပြေချောမွေ့မှု၊ သက်တောင့်သက်သာရှိမှုတို့အပြင် ပိုပြီး အဆင့်မြင့်စွာ ဖန်တီးထုတ်လုပ်လာကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကားချစ်သူ မိတ်ဆွေတို့အတွက် ဆယ်စုနှစ်တစ်ခုရဲ့ နောက်ဆုံးပေါ် ထိပ်တန်း ကားနည်းပညာများ ကို ဗဟုသုတအနေဖြင့် လေ့လာမိသလောက် ဝေမျှပေးချင်ပါတယ်။

Autonomous Driving

Photo : ZDNet

မကြာသေးမီနှစ်များအတွင်း သိသာထင်ရှားသောတိုးတက်မှုများထဲမှာ ကားချစ်သူတို့အားလုံး စိတ်ဝင်စားကြတဲ့ အလိုအလျောက်မောင်းနှင်မှု နည်းပညာပဲ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာ Tesla က ၎င်းရဲ့ Full Self-Driving (FSD) ပက်ကေ့ဂျ်ကို ထုတ်ဖော်ပြသခဲ့ပြီး သိသာထင်ရှားတဲ့ ရလဒ်တစ်ခုတစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် BMW၊ Audi နှင့် Volvo တို့ကဲ့သို့ အခြားသော ကုမ္ပဏီကြီးများကလည်း ၎င်းရဲ့ ဦးဆောင်မှုကို လိုက်ပြီး Autopilot အင်္ဂါရပ်များကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီနည်းပညာအတွက် ပိုပြီးကောင်းမွန်ပြည့်စုံဖို့ ကြိုးစားနေဆဲဖြစ်သော်လည်း ထင်ရှားတဲ့ နည်းပညာ တိုးတက်မှုတစ်ခုဆိုတာတော့ ငြင်းဖွယ်မရှိပါဘူး။

ဒီ Autonomous Driving ပြုလုပ်နိုင်တဲ့ ကားများမှာ လူကိုယ်တိုင် ထိန်းကျောင်းစရာ မလိုဘဲ ယာဉ်ကြောပိတ်ဆို့မှုများကို ဖြတ်ကျော်ရန်၊ အတားအဆီးများကို ရှာဖွေရန်နှင့် ဆုံးဖြတ်ချက်များချရန်အတွက် အဆင့်မြင့်အာရုံခံကိရိယာများ၊ ဆော့ဖ်ဝဲနှင့် အယ်လဂိုရီသမ်များကို အသုံးပြုထားပါတယ်။ ဒီနည်းပညာက မတော်တဆမှုအရေအတွက်ကို လျှော့ချနိုင်တဲ့ အလားအလာရှိနေပြီး ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချရန်နှင့် ကိုယ်တိုင်မမောင်းနိုင်သူများအတွက် အမှန်တကယ်ကို အထောက်အကူပြုနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Artificial Intelligence

Photo : Netscribes

Artificial Intelligence (AI) လို့ ခေါ်ကြတဲ့ ဉာဏ်ရည်တုက လျင်လျင်မြန်မြန် အရှိန်အဟုန်နဲ့ တိုးတက်နေပြီး ဘက်ပေါင်းစုံမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါတယ်။ မော်တော်ကားများမှာလည်း AI ကို အသုံးပြုလာကြပါတယ်။ AI ကို များသောအားဖြင့် ယာဉ်စွမ်းဆောင်ရည် မြှင့်တင်ရန်၊ ဘေးကင်းမှု မြှင့်တင်ရန်နှင့် ပိုမို စိတ်ကြိုက် မောင်းနှင်မှု အတွေ့အကြုံကို ပေးဆောင်ရန် အသုံးပြုနိုင်ပါတယ်။ AI က ကားများမှာ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ကြိုတင်ခန့်မှန်းကာ ယာဉ်တိုက်မှုများကို ရှောင်ရှားခြင်းဖြင့် လုံခြုံမှုကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ယာဉ်ကြောအသွားအလာပုံစံများ၊ လမ်းအခြေအနေနှင့် ရာသီဥတုကို ထည့်သွင်းစဉ်းစားကာ အဆင့်မြင့်လမ်းပြနိုင်မှုစွမ်းရည်များကိုလည်း AI က ပံ့ပိုးပေးနိုင်ပါတယ်။ အခြားသော လုပ်ဆောင်မှုများအတွက်လည်း AI ကို မော်တော်ကားများမှာ အသုံးချလာကြပါတယ်။

Advanced Safety Systems

Photo : Drive

Advanced Safety Systems တစ်နည်းအားဖြင့် အဆင့်မြင့် လုံခြုံရေးစနစ်များကို ကားများမှာ ယနေ့ခေတ်နည်းပညာဖြင့် ပိုမိုအဆင့်မှီအောင် ဖန်တီးထုတ်လုပ်လာနိုင်ပါ်တယ်။ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုက ကားများနဲ့ မတူဘဲ ယနေ့ခေတ်ကားအများစုမှာ ရှေ့မီးများ၊ Blind-Spot Monitoring၊ အလိုအလျောက် အရေးပေါ်ဘရိတ်ဖမ်းခြင်း၊ လမ်းသွားလမ်းလာနဲ့ လမ်းအခြေအနေများကို ထောက်လှမ်းပေးနိုင်ခြင်း စတဲ့ အဆင်မြင့်အင်္ဂါရပ်များ ပါဝင်လာပါတယ်။ ဒီလို အဆင့်မြင့်လာတဲ့ လုံခြုံရေးစနစ်ကြောင့် မတော်တဆမှုအရေအတွက်ကို သိသိသာသာလျှော့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Electric Vehicles

Photo : Capitals

လောင်စာဆီအတွက် ကုန်ကျစရိတ်ပိုမိုသက်သာပြီး လျှပ်စစ်မော်တာများဖြင့် အားပြန်သွင်းနိုင်သော ဘက်ထရီများကိုအသုံးပြုထားသော EV ကားများကို ယနေ့ခတ်မှာ လူစိတ်ဝင်စားမှုများလာပါတယ်။ Electric Vehicles တွေကလည်း ဆယ်စုနှစ်တစ်ခုရဲ့ နောက်ဆုံးပေါ် ထိပ်တန်း ကားနည်းပညာများထဲက တစ်ခုဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်တာကြောင့် လူကြိုက်များလာတဲ့ အထဲမှာ ပါပါတယ်။ EV များက ဓာတ်ငွေ့သုံးကားများထက် ပိုမိုချောမွေ့သော မောင်းနှင်မှုအတွေ့အကြုံကို ပေးဆောင်နိုင်ပါတယ်။ ဘက်ထရီနည်းပညာများ ပိုမိုတိုးတက်လာပြီး EV ကားများရဲ့ ခရီးဝေးခရီးသွားနိုင်တဲ့ အကွာအဝေး ပိုမိုကောင်းမွန်လာမယ်ဆိုရင်တော့ ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။

Automatic Emergency Braking

Photo : Carscoops

Automatic Emergency Braking (AEB) ကလည်း ထိပ်တန်း ကားနည်းပညာများ ထဲမှာ နောက်ဆုံးပေါ် နည်းပညာတစ်ခုဖြစ်ပြီး ဘေးကင်းရေးအတွက် အမှန်တကယ်ပင် အကျိုးရှိစေပါတယ်။ Automatic Emergency Braking (AEB) ဆိုတာကတော့ ယာဉ်တိုက်မှုဖြစ်နိုင်ချေကို ထောက်လှမ်းသိရှိနိုင်ပြီး ပြင်းထန်သောထိခိုက်မှုကို ကာကွယ်ရန် သို့မဟုတ် လျှော့ချရန်အတွက် ဘရိတ်များကို အလိုအလျောက်အသုံးပြုသည့် ဘေးကင်းရေးစနစ်တစ်ခုပဲ ဖြစ်ပါတယ်။ AEB နည်းပညာက ကင်မရာများနဲ့ အာရုံခံကိရိယာများကို ပေါင်းစပ်အသုံးပြထားပြီး လမ်းပေါ်မှ အခြားယာဉ်များ၊ လမ်းသွားလမ်းလာများ သို့မဟုတ် စက်ဘီးစီးသူများကို ထောက်လှမ်းနိုင်ပါတယ်။ ယာဉ်မောင်းများအနေဖြင့် ၎င်းတို့ရဲ့ယာဉ် ဘေးကင်းရေးအင်္ဂါရပ်များကို ပိုမိုယုံကြည်စိတ်ချနိုင်ပြီး အရေးပေါ်အခြေအနေများတွင် ၎င်းတို့ကို ကာကွယ်ရန်အတွက် စနစ်က လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

ကားချစ်သူ ကွီးတို့အတွက် ဆယ်စုနှစ်တစ်ခုအတွင်း အရှိန်အဟုန်ဖြင့် ပြောင်းလဲတိုးတက်လာခဲ့တဲ့ နောက်ဆုံးပေါ် ထိပ်တန်း ကားနည်းပညာများ ထဲမှ အချို့ကို ဝေမျှပေးလိုက်တာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ဖော်ပြပေးပါဦးမယ်။

Source : Pay Space, Cars 24

Featured Photo : BBVA