ဒီနွေဒီရာသီမှာတော့ ဘောင်းဘီရှည်တွေက ဗီရိုထဲမှာပဲ ထည့်သိမ်းထားသင့်တာပါ။ ပူပူအိုက်အိုက်နဲ့ ဘောင်းဘီရှည် ဖက်ရှင်တွေက ကွီးတို့ကို မလန်းစေပြီး ချွေးတလုံးလုံးနဲ့ ရှိုးပိုပဲ့စေမှာပါ။ အဲ့ဒီအစား ဘောင်းဘီတိုတွေနဲ့ ဖက်ရှင်ကျကျ လန်းနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ပေါ့ပါးလွတ်လပ်ပြီး နွေရာသီနဲ့ အင်မတန် လိုက်ဖက်မှုရှိတဲ့ အမျိုးသားဝတ် ဘောင်းဘီတို ဖက်ရှင်အချို့ကို မျှဝေပေးချင်ပါတယ်။

(၁) ဒူးအထက် ဘောင်းဘီတို ဖက်ရှင်

Photo : FashionBeans

Cropped Shorts တွေ အခုလို ပူအိုက်တဲ့ ရာသီနဲ့တော့ ကွက်တိပါပဲ။ ဝတ်ရတာ ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာ အပြည့်ရှိသလို အရောင်စုံ ၊ ဒီဇိုင်းစုံ ရွေးချယ်စရာလည်း များပါတယ်။ ဒူးအထက် ဘောင်းဘီတိုတွေကို Sneakers အဖြူ ၊ ဘေ့စ်ဘောဦးထုပ် ၊ နာရီ ၊ မျက်တို့လို Accessories တွေ တွဲဖက်ပြီး လူငယ်ဆန်ဆန် ဖက်ရှင်ကျကျ ဝတ်ဆင်လို့ ရပါတယ်။

(၂) ခပ်ပွပွ ဘောင်းဘီတို ဖက်ရှင်

Photo : Latvijas Cimdu Karte

Baggy ဘောင်းဘီတွေကတော့ လက်ရှိဖက်ရှင်ရေစီးကြောင်းပေါ်မှာ တကြော့ပြန် ရေပန်းစားနေတာပါ။ နွေရာသီလို ကာလတွေမှာတော့ ခပ်ပွပွ Baggy ဘောင်းဘီတိုဖက်ရှင်တွေက သေချာပေါက် ထည့်စဉ်းစားစရာပါ။ ပထမဆုံးအနေနဲ့ Baggy ဘောင်းဘီတိုတွေ ဝတ်တော့မယ်ဆိုရင် ကိုယ့်ခန္ဓာကိုယ် အချိုးအစားနဲ့ ကိုက်ညီမှုရှိတဲ့ ဘောင်းဘီဒီဇိုင်းကို ရွေးချယ်ရပါမယ်။ ဘော်ဒီအချိုးအစားနဲ့ မကိုက်ရင် ကြည့်ရသိပ်ကောင်းမှာ မဟုတ်သလို ဖက်ရှင်အဂွမ်းကြီး ဖြစ်နေပါလိမ့်မယ်။ အခုလက်ရှိ ရေပန်းစားနေတဲ့ Cargo Shorts တွေ ဝတ်နိုင်သလို Loose Baggy Denim Shorts တွေကလည်း အထာကျကျနဲ့ မိမိုက်နေစေမှာပါ။

(၃) စမတ်ကျကျ ဘောင်းဘီတို ဖက်ရှင်

Photo : WERD

ဘောင်းဘီတို ဖက်ရှင်တွေက နေရာအချိန်အခါ အရမ်းမရွေးပဲ တော်တော်များများမှာ အဆင်ပြေပြေ ဝတ်လို့ရနိုင်ပါတယ်။ အပြင်သွား ၊ ခရီးသွား Causal ဆန်ဆန်ပဲဝတ်မလား ၊ ပွဲတက်ဖို့အတွက် Smart Casual ဆန်ဆန်ပဲ ဝတ်မလား ဘာလာလာ ဒေါင်းပါတယ်။ စမတ်ကျကျနဲ့ ခပ်သန့်သန့် ခပ်ကျော့ကျော့ စတိုင်မျိုး ဝတ်ချင်တယ်ဆိုရင် Chino Shorts တွေက ရွေးချယ်ဖို့ အသင့်တော်ဆုံးပါပဲ။ Lightweight Sweater တွေနဲ့ ဝတ်ဝတ် ၊ Blazer နဲ့ပဲဝတ်ဝတ် ၊ ဒီရာသီနဲ့ ကိုက်တဲ့ Linen Shirt တွေနဲ့ပဲ ဝတ်ဝတ် တော်တော်လေး Stylish ဖြစ်စေမှာ ဖြစ်ပြီး Espadrilles ဒါမှမဟုတ် Boat Shoes တွေနဲ့ တွဲဝတ်မယ်ဆိုရင် လုံးဝ Perfect ပါပဲ။

(၄) အားကစား ဘောင်းဘီတို ဖက်ရှင်

Photo : Northyard

Sports ဘောင်းဘီတွေက Gym ကစားတဲ့အချိန် ၊ အားကစားလုပ်တဲ့အချိန်တွေပဲ ဝတ်လို့ရတာ မဟုတ်ပါဘူး။ သက်တောင့်သက်သာနဲ့ စတိုင်ကျမှုကို ရောစပ်ပြီး Trend ဖြစ်တဲ့ ထသွားထလာ ဖက်ရှင်တစ်ခုအဖြစ်နဲ့ အဝတ်များလာကြပါတယ်။ Sports ဘောင်းဘီတွေဝတ်တဲ့အခါသိပ်ပြီး များများစားစား ခေါင်းစားစရာမလိုပဲ ခပ်ပွပွ Oversized Tees တွေ ဒါမမှဟုတ် Bomber Jacket ၊ Sweatshirt တွေနဲ့လည်း တွဲဝတ်လို့ အဆင်ပြေသလို Sneakers ၊ Snapback တွေနဲ့ လူငယ်ဆန်ဆန် ဖက်ရှင်ပုံစံ ရှိုးထုတ်နိုင်ပါတယ်။

Featured Photo : The Adult Man