ကျန်းမာကြံ့ခိုင်ဖို့ ၊ ကိုယ်အလေးချိန် ထိန်းညှိဖို့ လေ့ကျင့်ခန်း ကတော့ ပုံမှန်လုပ်ဆောင်ဖို့ လိုပါမယ်။ ဒါပေမယ့် အခုလို ပူပြင်းတဲ့ နွေရာသီမှာ လေ့ကျင့်ခန်းလုပ်မယ် ဆိုရင်တော့ သတိကြီးကြီးထားဖို့ လိုပါလိမ့်မယ်။ ရာသီဥတုပူပြင်းတဲ့ အချိန်မှာ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့်ချွေးထွက်များပြီး ခန္ဓာကိုယ်ကနေ ရေနဲ့ ဓာတ်ဆားတွေ အများကြီး ဆုံးရှုံးတက်ပါတယ်။ အကယ်၍ ကွီးတို့က ချွေးထွက်ရတဲ့ လေ့ကျင့်ခန်းတွေကို မကြိုက်ဘူးဆိုရင်တော့ Water-Based Activities တွေကို လုပ်ဆောင်ဖို့ အကြံပေးချင်ပါတယ်။ ရေအခြေခံ လေ့ကျင့်ခန်းနည်းတွေက ကယ်လိုရီ လောင်ကျွမ်းမှုများသလို ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေကိုလည်း ကျစ်လစ်သန်မာစေပါတယ်။ ချွေးထွက်များတဲ့ လှုပ်ရှားမှုတွေ မလုပ်ရပဲ ကျန်းမာကြံ့ခိုင်ချင်တယ် ဆိုရင်တော့ အခုပြောပြမယ့် လေ့ကျင့်ခန်းနည်းတွေ လုပ်နိုင်ပါတယ်။

(၁) ရေကူးနည်း

Photo : New England for Trump

Water-Based Activities တွေအကြောင်း ပြောရင် ရေကူးနည်းကတော့ ထိပ်ဆုံးကနေ ပြောရပါလိမ့်မယ်။ ယေဘုယျအားဖြင့် နာရီဝက်ကြာ ရေကူးခြင်းဟာ ၂၁၆ ကယ်လိုရီခန့် လောင်ကျွမ်းစေပါတယ်။ အကယ်ရဲ့ အရှိန်နဲ့ အကြိမ်ရေကို တိုးပြီး အချိန်တိုအတွင်းမှာ ပြင်းပြင်းထန်ထန် ရေကူးမယ်ဆိုရင် မိနစ် ၃၀ အတွင်း ကယ်လိုရီ ၃၆၀ ခန့်အထိ လောင်ကျွမ်းစေနိုင်ပါတယ်။

(၂) ရေပေါ် Aerobics ကစားနည်း

Photo : AquaMobile Swim School

Water Aerobics ဆိုတာကတော့ ရေကူးကန်အတွင်းမှာ ကစားရတဲ့ အေရိုးဗစ် လေ့ကျင့်ခန်း နည်း ဖြစ်ပါတယ်။ Water Aerobics လေ့ကျင့်ခန်းတွေဟာ အခြေခံအားဖြင့် ညင်သာပျော့ပျောင်းတဲ့ လှုပ်ရှားမှုတွေနဲ့ ကစားရတာ ဖြစ်ပေမယ့် ရေထုရဲ့ခုခံမှုကနေ Intensity ရရှိပါတယ်။ နာရီဝက်ကြာ လှုပ်ရှားမှုအတွင်း ၁၀၈ ကယ်လိုရီခန့် လောင်ကျွမ်းစေနိုင်ပါတယ်။

(၃) Water Polo ကစားနည်း

Photo : USA Water Polo

Water Polo ကစားနည်းကတော့ ရေထဲမှာ ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် လှုပ်ရှားကစားရတဲ့ လေ့ကျင့်ခန်း တစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ သက်လုံစွမ်းအားကို တိုးစေမယ့် အကောင်းဆုံး Water-Based Sport တစ်ခုဖြစ်ပြီး ၁၅ မိနစ်အတွင်းမှာ ကယ်လိုရီ ၁၅၀ ခန့် လောင်ကျွမ်းစေနိုင်ပါတယ်။

(၄) ရေလှိုင်းစီးနည်း

Photo : Outlook Travel Magazine

Surfing လို့ခေါ်တဲ့ ရေလှိုင်းတွေနဲ့အတူ စွန့်စွန့်စားစား လိုက်ပါစီးမြောရတဲ့ ရေလှိုင်းစီးတဲ့ လှုပ်ရှားမှုဟာလည်း ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာကို ကြံ့ခိုင်သန်မာ စေရုံသာမကပဲ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကိုပါ မြှင့်တင်ပေးပါတယ်။ ပျှမ်းမျှ ၁ နာရီခန့် ရေလှိုင်စီးမယ်ဆိုရင် ကယ်လိုရီ ၂၀၀ ကနေ ၈၀၀ ကြား လောင်ကျွမ်းစေနိုင်ပါတယ်။

Source : Everyday Health

Featured Photo :