ခရစ္စတီယာနို ရော်နယ်လ်ဒို ဟာ အင်စတာဂရမ်မှာ စပွန်ဆာပို့စ်တစ်ခု တင်လိုက်တိုင်း ပရိသတ်အတု တွေ ဆီကနေ ပေါင် ၃၈၈၀၀၀ ဝန်းကျင် ဝင်ငွေ ရရှိနေကြောင်း လေ့လာမှုအသစ်အရ သိရပါတယ်။

Photo: Daily Star

Livefootballtickets.com ကနေ ပြုလုပ်ခဲ့တဲ့ သုတေသန စစ်တမ်းအသစ်မှာ ဘယ်ကစားသမားတွေက အင်စတာဂရမ်ပေါ်မှာ ပရိသတ်အတုတွေဆီကနေ ဝင်ငွေအများဆုံးရရှိနေလဲလို့ လေ့လာဆန်းစစ်ခဲ့ရာမှာ ရော်နယ်လ်ဒိုက ထိပ်ဆုံးကနေ ရပ်တည်နေကြောင်း ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ လီယွန်နယ် မက်ဆီ၊ နေမာတို့လို ကစားသမားတွေကို ပရိသတ်အတုအများဆုံးနဲ့ အနိုင်ယူနိုင်ခဲ့တာဖြစ်ပြီး အဲဒီပရိသတ်အတုတွေဆီကနေ စပွန်ဆာပို့စ်တစ်ခုတင်တိုင်း အမြင့်မားဆုံးဝင်ငွေ ရရှိနေတာဖြစ်ပါတယ်။

Photo: Daily Star

မန်ချက်စတာ ယူနိုက်တက်တိုက်စစ်မှူးဟာ မကြာသေးခင်က လူမှုကွန်ရက်ပေါ်မှာ ပရိသတ်သန်း ၄၀၀ ပြည့်မြောက်တဲ့ ပထမဆုံးလူပုဂ္ဂိုလ်ဖြစ်လာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ပရိသတ်ပေါင်း ၄၀၃ သန်းအထိ ရှိနေပြီဖြစ်ပါတယ်။ လေ့လာဆန်းစစ်သူတွေက အင်စတာဂရမ် credibility tool ဖြစ်တဲ့ grin.co ကို အသုံးပြုပြီး ကစားသမားတစ်ဦးချင်းစီမှာ ပရိသတ်အတု ဘယ်လောက်အထိ ရှိလဲဆိုတာကို ရှာဖွေခဲ့တာဖြစ်ပြီး ရော်နယ်လ်ဒိုက ပရိသတ်အတု ၉၂.၄၆ သန်းနဲ့ ထိပ်ဆုံးကနေ ရပ်တည်နေခဲ့တာဖြစ်ပါတယ်။

Photo: Daily Star

ပေါ်တူဂီ ကြယ်ပွင့်ဟာ စပွန်ဆာပို့စ်တစ်ခု တင်တိုင်း ပရိသတ်အတု တွေဆီကနေ ပေါင် ၃၈၈၅၇၀ ရရှိနေတာဖြစ်ပြီး ပို့စ်တစ်ခုကို စုစုပေါင်း ခန့်မှန်းခြေ ပေါင် ၁.၆၉ သန်း ရရှိနေတာဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ကစားသမားရဲ့ တရားမဝင် ပို့စ်တစ်ခုဆီကနေ ဝင်ငွေရရှိနေမှုက ပရိသတ်အတု ဆီကနေ ပို့စ်တစ်ခု ကို ပေါင် ၂၈၇၂၁၀ ရရှိနေတဲ့ လီယွန်နယ် မက်ဆီထက် ၃၅.၃ ရာခိုင်နှုန်းပိုမိုများပြား ရရှိနေတာ ဖြစ်ပါတယ်။

Featured Photo: Daily Star