လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေထဲကတစ်ခုဖြစ်တဲ့ ပါးစပ်နဲ့ ချစ်တင်းနှော တာဟာ ဘေးကင်းမှုရှိတယ်လို့ ထင်နေရင်တော့ မှားပါလိမ့်မယ်။ အဓိကအားဖြင့် စုံတွဲအများစုဟာ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြေကို တားဆီးကာကွယ်ဖို့ ပါးစပ်နဲ့ ချစ်တင်းနှောခြင်းကို လုပ်ဆောင်လေ့ ရှိကြပါတယ်။ တကယ်တော့ အကာအကွယ်မဲ့ ပါးစပ်နဲ့ ချစ်တင်းနှောတာဟာ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးအန္တရာယ်တွေ အများကြီး ရှိနေပါတယ်။

(၁) Human Papillomavirus (HPV)

Photo : Prensa Latina – Latin American News Agenc

Human Papillomavirus (HPV) ဟာ အမျိုးသားရော အမျိုးသမီးတွေမှာပါ ဖြစ်နိုင်တဲ့ ဗိုင်းရပ်စ်တစ်မျိုးပါ။ များသောအားဖြင့် အရေပြားကနေ အရေပြား တိုက်ရိုက် ထိတွေ့ခြင်းမှတဆင့် ကူးစက်ပြန့်ပွားနိုင်ပါတယ်။ အဆိုပါ ဗိုင်းရပ်စ်ပိုးဟာ ပါးစပ် ၊ လည်ချောင်းနဲ့ လိင်အင်္ဂါ ဧရိယာတဝိုက်ကို သက်ရောက်မှု ရှိစေနိုင်ပြီး Protrusions သို့မဟုတ် ကြွက်နို့ (Warts) တွေကို ဖြစ်ပွားစေနိုင်ပါတယ်။

(၂) Herpes

Photo : MedExpress

Herpes Simplex Virus ကြောင့် ဖြစ်ပေါ်တက်တဲ့ STIs ဟာ အရေပြားကနေ အရေပြား တိုက်ရိုက်ထိတွေ့ခြင်းမှတဆင့် လွယ်ကူစွာ ကူးစက်ပြန့်ပွားနိုင်ပါတယ်။ ဥပမာအားဖြင့် ကွီးတို့ ပါတနာရဲ့ ပါးစပ်တစ်ဝိုက်မှာ ခံတွင်းရေယုန် ရှိပါက အကာအကွယ်မဲ့ ပါးစပ်နဲ့ ချစ်တင်းနှော စဉ်မှာ လိင်အင်္ဂါ ဧရိယာကို ရောဂါပိုးတွေ ကူးစက်သွားနိုင်ပါတယ်။ ရေယုန် (Herpes) တွေအခြေခံအားဖြင့် ယားယံခြင်း ၊ ပူစပ်ပူလောင်ဖြစ်ခြင်းနဲ့ နာကျင်မှု ဝေဒနာတွေ ခံစားရတက်ပါတယ်။

(၃) Acquired Immunodeficiency Syndrome (AIDS)

Photo : The Family Planning Association of Sri Lanka

Human Immunodeficiency Virus (HIV) ကြောင့်ဖြစ်ပွားရတဲ့ အဆိုပါ လိင်မှတဆင့်ကူးစက်တဲ့ရောဂါ (STD) ဟာ ကိုယ်ခံအားစနစ်ကို ပြင်းထန်စွာတိုက်ခိုက်တာကြောင့် ဖျားနာခြင်း ၊ ပင်ပန်းနွမ်းနယ်ခြင်း ၊ ထပ်ဖန်တလဲလဲ ကူးစက်ခံရခြင်း ၊ ရုတ်တရက် ကိုယ်အလေးချိန် အပြောင်းအလဲ ဖြစ်ခြင်း စတာတွေကို ဖြစ်စေနိုင်ပါတယ်။ ပါးစပ်နဲ့ ချစ်တင်းနှော တာက HIV ကူးစက်နိုင်ခြေ နည်းပါးပေမယ့်လည်း ရောဂါပိုးရှိသူရဲ့ ပါးစပ် သို့မဟုတ် လိင်အင်္ဂါ ဧရိယာမှာ သွေးထွက်အနာ ၊ ပွန်းပဲ့ ဒဏ်ရာတွေ ရှိပါက သွေးမှတဆင့် ကူးစက်နိုင်ပါတယ်။

(၄) Syphilis

Photo : Metropolis Healthcare

Syphilis ကတော့ မိန်းမကိုယ် ၊ စအို သို့မဟုတ် ပါးစပ်နဲ့ ချစ်တင်းနှော ချိန်မှာ ရောဂါပိုးရှိသူရဲ့ အရေးပြားနဲ့ တိုက်ရိုက်ထိတွေ့မိခြင်းကနေ ကူးစက်နိုင်တဲ့ ဘက်တီးရီးယား ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ပါတနာရဲ့ လိင်တံ ၊ မိန်းမကိုယ် ၊ စအို ၊ နှုတ်ခမ်းနဲ့ ပါးစပ်တို့မှာ အနာတွေရှိနေပါက ကွီးတို့ထံကို ရောဂါပိုး အလွယ်တကူ ကူးစက်နိုင်ပါတယ်။

Source : Healthshots

Featured Photo : MedicalNewsToday