နည်းပညာ Gadgets တွေဟာ များသောအားဖြင့် ဈေးကြီးတဲ့အထဲမှာလို့ ပါတယ်လို့ ပြောရမှာပါ။ ဒါပေမယ့် အားလုံးတော့ မဟုတ်ပါဘူး။ ဈေးကွက်ထဲမှာ ဈေးနှုန်း အသင့်အတင့်နဲ့ ကောင်းကောင်းသုံးလို့ ရတဲ့ ပေါချောင်ကောင်း ခပ်ဆန်းဆန်း ခပ်လန်းလန်း ပစ္စည်းလေးတွေ အများကြီး ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဈေးအသင့်အတင့် ၊ ဘတ်ဂျတ် Save ဖြစ်ဖြစ်နဲ့ လျှော့တွက် လို့မရတဲ့ အမိုက်စား နည်းပညာ Gadgets လေးတွေကို ဖော်ပြပေးပါမယ်။

(၁) Panasonic ErgoFit Wired Earbuds

Photo : Windows Central

Earbuds ကောင်းကောင်း တစ်စုံဝယ်ဖို့ စဉ်းစားနေရင်တော့ Panasonic ရဲ့ ErgoFit ကြိုးတပ် Earbuds လေးကို စဉ်းစားနိုင်ပါတယ်။ ဈေးနှုန်းအားဖြင့်လည်း ၁၀ ဒေါ်လာ ဝန်းကျင်သာ ရှိပေမယ့် ကွာလတီပိုင်းကတော့ လျှော့တွက် လို့မရတာ အမှန်ပါ။ Panasonic ဖြစ်တာနဲ့အညီ အသံထွက် ကွာလတီ ၊ ဒီဇိုင်းပိုင်း ကျစ်လစ်သေသပ်မှုကိုတော့ ပြောစရာကို မလိုပါဘူး။

(၂) HOTO Electric Precision Screwdriver

Photo : Hototools

ဒီဂျစ်တယ်ခေတ်ကြီးမှာ ပုံမှန် ဝက်အူလှည့်ကြီးတွေပဲ သုံးနေရင်တော့ တော်တော်လေး ခေတ်နောက်ကျနေပါပြီ။ HOTO ရဲ့ Electric Precision Screwdriver ကတော့ တစ်ချက်ခုတ် ၂၅ ချက်လောက်ပြတ်မယ့် ခေါင်းအမျိုးအစား ၂၅ မျိုး ပြောင်းလဲ အသုံးနိုင်တဲ့ 25 in 1 Electric Screwdriver Set ပါ။ ဈေးနှုန်းအားဖြင့် ၄၈ ဒေါ်လာဝန်းကျင် ရှိပါတယ်။

(၃) Anker MagGo Wireless Charger

Photo : Notebookcheck

Anker ရဲ့ MagGo Wireless Charger ကတော့ Qi2 Charging စနစ် ပါတဲ့ နောက်ဆုံးပေါ် Wireless Charger ဖြစ်ပါတယ်။ အခုနှစ် ၂၀၂၄ ထဲမှာ အသစ်ထွက်ထားတာ ဖြစ်ပြီး 2-in-1 Stand ဒီဇိုင်းနဲ့ လာပါတယ်။ 15W Charging Speeds နဲ့ အားသွင်းနိုင်မှာ ဖြစ်ပြီး ဈေးနှုန်းကတော့ ၄၉ ဒေါ်လာဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

(၄) Besign LS10 Aluminum Laptop Stand

Photo : The Verge

Laptop Stand ဝယ်ချင်တဲ့ ကွီးတို့အတွက်တော့ Besign LS10 Aluminum Laptop Stand လေးရှိပါတယ်။ ပေါ့ပါးပြီး ကျစ်လစ်အကြမ်းခံတဲ့ Aluminum ကိုယ်ထည်ဒီဇိုင်းနဲ့ Adjustable လုပ်နိုင်မှာဖြစ်ပြီး အလေးချိန် ၁၃ ပေါင်အထိ ခံနိုင်ရည် ရှိပါတယ်။ ဈေးနှုန်းကတော့ ‌၁၅ ဒေါ်လာ ဝန်းကျင် ရှိပါတယ်။

(၅) Oontz Solo

Photo : Ubuy Djibouti

ဒေါ်လာ ၂၀ ဝန်းကျင်ထဲက Portable Wireless Bluetooth Speaker ကောင်းကောင်းတစ်လုံး ရှာနေရင်တော့ Oontz Solo ရှိပါတယ်။ ဒီကောင်လေးက ရေစိုခံ အကြမ်းခံ ၊ ပေါ့ပါးကျစ်လစ်တဲ့ အသေးစား Wireless Bluetooth Speaker ဖြစ်ပြီး အသံထွက် ကွာလတီကောင်း ကောင်းနဲ့ ဘက်ထရီသက်တမ်း ၁၀ နာရီဝန်းကျင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Source : The Verge

Featured Photo : CNET