ကွီးတို့ရေ Green Tea ကိုနေ့တိုင်းသောက် ဖြစ်ပါသလား။ Green Tea က ကမ္ဘာပေါ်တွင် ကျန်းမာရေးနှင့် အညီညွတ်ဆုံးသော သောက်စရာ ထဲမှ တစ်ခုဟု အသိအမှတ်ပြုခံထားရပါတယ်။ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပြီး ဦးနှောက်လုပ်ဆောင်ချက်ကို တိုးတက်စေတယ်။ ထို့အပြင် အဆီကျစေတယ်၊ ကင်ဆာကိုကာကွယ်ပေးတယ်၊ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ ဒါ့အပြင် Green Tea က ကိုယ်ရော စိတ်ပါလန်းဆန်းမှု ကိုပေးပါတယ်။ ဒါပေမယ့် ကျန်းမာရေးအတွက် ဒီလိုအကျိုး ကျေးဇူးများတဲ့ Green Tea ရဲ့အရသာ ကိုမကြိုက်လို့ တချို့က မသောက်ဖြစ်ကြပါဘူး။ ဒါဆိုရင်တော့ ဆန်းဆန်းပြားပြားလေး ဖြစ်သွားအောင် ရမ်ဖြူ နဲ့ Green Tea ကိုပေါင်းစပ်ပြီး အရသာရှိပြီး လန်းဆန်းမှုကို ပေးစွမ်းမယ့် Green Tea Mojito တစ်ခွက် ဖျော်ကြည့်ရအောင်။

Photo : Skinnytaste

အရသာရှိပြီး လန်းဆန်းမှုကို ပေးစွမ်းမယ့် Green Tea Mojito တစ်ခွက်အတွက် ပြင်ဆင်ရမယ့် ပါဝင်ပစ္စည်းတွေကတော့

(၁) သံပုရာသီး ၁ စိပ်ခန့်ကို လှီးဖြတ်ပါ (၂) ပူစီနံ အရွက် (၁၀) ရွက် (၃) သကြား စားပွဲတင်ဇွန်း ၂ ဇွန်း (၄) ရမ်ဖြူ (၄၅ မီလီလီတာ) ခန့် (၅) လက်ဖက်ရည်ကြမ်း (၁၂၅ မီလီလီတာ) သို့မဟုတ် ခွက်တစ်ဝက်ခန့် (၆) ရေခဲတုံးများ နှင့် (၇) အလှဆင်ရန်အတွက် ပူစီနံအရွက် နှင့် သံပုရာသီး ၁ စိပ်ခန့် တို့လိုအပ်ပါတယ်။

Photo : Tasting Table

ဒါတွေအားလုံး ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ Green Tea Mojito ဖျော်စပ်ဖို့အသင့်ပါပဲ

ဖျော်စပ်ပုံကတော့……………

(၁) လက်ဖက်စိမ်းကို ဖျော်ပြီး သကြား စားပွဲတင်ဇွန်း ၂ ဇွန်းကို ရောမွှေပြီး အအေးခံထားပါ။ (၂) ပူစီနံ အရွက်များနှင့် သံပုရာသီးများကို Mojito ဖန်ခွက်တစ်ခုထဲတွင် ထားလိုက်ပါ (အကယ်၍ ကွီးတို့ရဲ့ ခွက်ကနည်းနည်းသေးပြီး Mojito ဖန်ခွက်နဲ့ အံမဝင်ဘူးဆိုရင်တော့ သီးခြားပန်းကန်တစ်ခုထဲမှာ လုပ်ပါ)။ ပူစီနံ အရွက် များ နှင့် သံပုရာသီးတို့ကို ရော၍ အရည်များထွက်လာစေရန် ကြိတ်ချေပါ။ (၃) ဖန်ခွက်ကို ဖြည့်ပါ (သို့မဟုတ်) Mojito ဖန်ခွက်ထဲသို့ လွှဲပြောင်းပြီး ရေခဲတုံးများ ဖြည့်ပါ။ (၄) အဖြူရောင်ရမ်ကိုထည့်ကာ ဖန်ခွက်ကို အအေးခံပြီး ချိုမြိန်သော Green Tea ရေနွေးကြမ်းဖြင့် ဖြည့်ပါ။ သမအောင် ရောမွှေပါ။ (၅) သံပုရာသီးတစ်စိပ်နှင့် ပူစီနံ ရွက်များများဖြင့် အလှဆင်ပါ။ (၆) ကဲ ဒါဆိုရင်တော့ လွယ်လွယ်ကူကူနဲ့ အရသာရှိသော Green Tea Mojito ဖျော်စပ် ပြီးပါပြီ။

Photo : Sugar and Charm

ကွီးတို့ရေ အရသာရှိပြီး လန်းဆန်းမှုကို ပေးစွမ်းမယ့် Green Tea Mojito လေးကို လွယ်လွယ်ကူကူ ဖျော်စပ်ပြီး ချစ်ရသူတွေနဲ့ အတူသုံးဆောင်လို့ရပါပြီ။

Source : Manu’s Menu

Featured Photo : Kitchenstories