” ပျက်အစဉ် ပြင်ခဏ ” ဆိုတဲ့ မြန်မာဆိုရိုးစကားလေးအတိုင်းပါပဲ။ ကွီးတို့ အိမ်မှာ ပျက်စီးနေတဲ့ အိမ်သုံးပစ္စည်းတစ်ခုခုကို အလွယ်လေး အမှိုက်ပုံးထဲ ပစ်လိုက်တာထက် ပြန်လည်ပြုပြီး အသစ်တဖန် ဖန်တီးတာဟာ ငွေယိုပေါက်ကို တက်နိုင်သမျှ ပိတ်ရာရောက်သလို ကွီးတို့ရဲ့ဖန်တီးနိုင်စွမ်း Skill တွေကို တက်လာစေမယ့် လက်မှုအနုပညာတစ်ရပ်ပဲ မဟုတ်ပါလား။ DIY ကို စိတ်ဝင်စားတဲ့ ကွီး စာဖတ်ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာတော့ အိမ်မှာရှိတဲ့ နာရီအပျက်တစ်လုံးကို အသစ်တဖန် ပြန်လည်ဖန်တီးနိုင်ဖို့ အိုင်ဒီယာလေးတစ်ခု ချပြပေးချင်ပါတယ်။

Photo : Pillar Box Blue

အဆင့် (၁) ပထမဆုံးအနေနဲ့ ကွီးတို့ အိမ်မှာရှိတဲ့ နာရီအဟောင်းတစ်လုံးရဲ့ အစိတ်အပိုင်းတွေကို တစ်ခုချင်းစီ ဖြုတ်ပြီး သန့်ရှင်းရေး လုပ်ပေးရပါမယ်။

Photo : Pillar Box Blue

အဆင့် (၂) နာရီအထိုင်ကို ပေကျိုးနဲ့ သေချာလေး တိုင်းပြီး အတိုင်းကို စာရွက်နဲ့ ချမှတ်ထားရပါမယ်။

Photo : Pillar Box Blue

အဆင့် (၃) ထို့နောက် နာရီရဲ့ အထိုင်ကို ပေကြိုးနဲ့ တိုင်းထားတဲ့အတိုင်း အလှဆင်ဖို့အတွက် အဝတ်စကို ဖြတ်ပေးရပါမယ်။

Photo : Pillar Box Blue

အဆင့် (၄) နောက်တဆင့်ကတော့ ဖြတ်ထားတဲ့ အဝတ်စကို နာရီအထိုင်ပေါ်မှာ ကပ်ဖို့ အရင်ဆုံး နာရီအထိုင်ကို ကော်သုပ်ပေးပါ။ ကော်မခြောက်ခင်မှာ အဝတ်စကို သေချာလေး ညီညီညာညာ လိုက်ကပ်ပေးရပါမယ်။

Photo : Pillar Box Blue

အဆင့် (၅) အဲ့ဒီနောက်မှာတော့ အဝတ်စကပ်ထားတဲ့ နာရီအပြင်မှာအုံပေါ်ကို တပ်နဲ့ကပ်ပေးပါ။ ပြီးရင်တော့ နာရီဒိုင်ခွက်ကို ကွီးတို့ စိတ်ကြိုက်အရောင် ဆေးရောင်မှုတ်ပေးရမှာ ဖြစ်ပါတယ်။ ဒိုင်ခွက်နဲ့ ဂဏန်းတွေကို တစ်ရောင်တည်း အသုံးပြုလို့ ရသလို အရောင်မတူတဲ့ ကာလာ ၂ ခုကိုလည်း တွဲဖက်အသုံးပြုလို့ ရပါတယ်။

Photo : Pillar Box Blue

အဆင့် (၆) နောက်ဆုံးအဆင့်ကတော့ နာရီစက်ကို ပြန်လည်တပ်ဆင်လိုက်မယ်ဆိုရင် အဟောင်းကနေ အသစ်တစ်ဖန် ပြန်လည်ဆန်းစစ် ဖန်တီးထားတဲ့ DIY နာရီလေး တစ်လုံးရပါပြီ။

Photo : Pillar Box Blue

ဒီနည်းလေးကို အိုင်ဒီယာယူပြီး ကွီးတို့ အိမ်က ပျက်နေတဲ့ နာရီအဟောင်းတွေကို အသစ်တစ်လုံး ပြန်လည် ဖန်တီးလိုက်ပါနော်။ ” ပျက်အစဉ် ပြင်ခဏ ” ဆိုတဲ့အတိုင်း ပျက်နေတဲ့ နာရီတစ်လုံးကို ကွီးတို့ ပြန်လည်ပြုပြင်လိုက်ခြင်းက အသစ်တစ်လုံး ထပ်ဝယ်တာလောက် ငွေကုန်မှာမဟုတ်သလို ကွီးတို့ရဲ့ ဖန်တီးမှု အနုပညာလက်ရာ စစ်စစ်ကို ရရှိစေမှာပဲ ဖြစ်ပါတယ်။

Source : Pillar Box Blue

Featured Photo : Pillar Box Blue