Gym မှာ အလေးတွေမ ၊ တာဝေပြေး ၊ လက်ဝှေ့ထိုးတာလို ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းတွေ လုပ်မှ ခန္ဓာကိုယ်ရဲ့ ကျစ်လစ်ကြံ့ခိုင်မှုကို တိုးစေတာ မဟုတ်ပါဘူး။ ကွီးတို့အိမ်မှာပဲ ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာ လုပ်လို့ရတဲ့ လေ့ကျင့်ခန်း နည်းတွေနဲ့လည်း ခန္ဓာကိုယ်ကျစ်လစ် ကြံ့ခိုင်မှုကို တိုးတက်အောင် လုပ်ဆောင်လို့ ရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အခုစလေ့ကျင့်ခန်းစလုပ်မယ့်သူတွေရော လေ့ကျင့်ခန်းပုံမှန်လုပ်လေ့ရှိတဲ့ ကွီးတို့အတွက်ပါ ကြံ့ခိုင်မှု တိုးစေမယ့် အကောင်းဆုံး Strength Exercises အချို့ကို ရွေးချယ်တင်ဆက် ပေးချင်ပါတယ်။

(၁) Squat

Photo : Man Of Many

Squat လေ့ကျင့်ခန်း ကတော့ ခန္ဓာကိုယ်မှာရှိတဲ့ အကြီးဆုံး ကြွက်သားအုပ်စုတွေထဲကတစ်ခုဖြစ်တဲ့ အောက်ပိုင်းမာဆယ်တွေကို အဓိက ပစ်မှတ်ထားတဲ့ အထိရောက်ဆုံး လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ Lower Body ကြွက်သားတွေသာမကပဲ Core ကြွက်သားတွေကိုပါ ကျစ်လစ်သန်မာစေပြီး အရိုးအဆစ်တွေရဲ့ ကြ့်ခိုင်သန်မာမှု ၊ ခန္ဓာကိုယ်ရဲ့ ကျစ်လစ်တောင့်တင်းမှုကို တိုးစေဖို့ ကူညီပေးပါတယ်။

(၂) Single-Leg Wall Deadlift

Photo : Man Of Many

Single-Leg Wall Deadlift လေ့ကျင့်ခန်း က ခြေထောက်တစ်ဖက်ကို နံရံမှာ မှီထားပြီး ဘော်ဒီဝိတ်အတိုင်းပဲ Deadlift ဆွဲရမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကလည်း ခန္ဓာကိုယ်အောက်ပိုင်း Lower Body ကြွက်သား အစိတ်အပိုင်းတွေရဲ့ ကျစ်လစ်သန်မာမှု ၊ ကြံ့ခိုင်မှုကို တိုးစေတဲ့ အကောင်းဆုံး Exercise တစ်ခု ဖြစ်ပါတယ်။

(၃) Baseball Throw

Photo : Man Of Many

Baseball Throw ဆိုတဲ့ ကစားနည်း နာမည်အတိုင်းပါပဲ။ ဒီ လေ့ကျင့်ခန်း က Baseball ဘောလုံးပစ်သလို Position အတိုင်း ခန္ဓာကိုယ်ကို ဘယ်ညာတစ်လှည့်စီ လှည့်ပြီး ကစားပေးရမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုကို ဟန်ချက်ညီညီ ထိန်းညှိပြီး ကစားရမှာ ဖြစ်တာပြီး ဝမ်းဗိုက်ကြွက်သားတွေနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားအစိတ်အပိုင်းတွေရဲ့ ကျစ်လစ် ကြံ့ခိုင်မှုကို တိုးတက်ကောင်းမွန်စေဖို့ ကူညီပေးပါတယ်။

(၄) The Wall Angel

Photo : Man Of Many

The Wall Angel လေ့ကျင့်ခန်း ကတော့ အထိုင်များသူတွေ သေချာပေါက်လုပ်သင့်ပါတယ်။ ဒီလေ့ကျင့်ခန်းက Lower Body နဲ့ Glutes ကြွက်သားတွေကို ကျစ်လစ်သန်မာစေရုံမက ပခုံးနဲ့လည်ပင်း ကြွက်သားတွေရဲ့ တင်းမာမှုကိုလည်း ပြေလျော့သက်သာစေပါတယ်။ ခန္ဓာကိုယ်ကို နံရံမှာ မှီထားပြီး ပခုံးအမြင့်အတိုင်း လက်နှစ်ဖက်ကို ဦးခေါင်းဘေး တစ်ဖက်တစ်ချက်စီမှာ ထားပါ။ ထို့နောက် လက်နှစ်ဖက်ကို အပေါ်သို့ ၉၀ ဒီဂရီ မြှောက်တင်ပေးရပါမယ်။ ဒီပုံစံအတိုင်း စက္ကန့်အနည်းငယ်ကြာ ထိန်းထားပြီး မူလစတင်ခဲ့တဲ့ အနေအထားကို ပြန်သွားရမှာ ဖြစ်ပါတယ်။

Source : Man Of Many

Featured Photo : T3