ဂျုဗင်တပ်စ်အသင်းရဲ့ ပြင်သစ် ကွင်းလယ် ကစားသမား ပေါလ် ပေါ့ဘာဟာ တားမြစ်ဆေး ပြသာနာတွေကြောင့် (၄)နှစ်ခန့်လောက်အထိ ပွဲပယ် ပြစ်ဒဏ် ကျခံသွားရနိုင်တယ်လို့ သိရှိရပါတယ်။

Photo Credit : Sky Sports

ပေါ့ဘာက ဒီနှစ်ဘောလုံးရာသီ စီးရီးအေ အဖွင့်ပွဲအဖြစ် အူဒီးနီးစ်အသင်းနဲ့ ပွဲအတွက် ဆေးစစ်မှု ခံယူခဲ့ရာမှာ ဆီးစစ်ဆေးမှုအတွင်း တားဒမြစ်ဆေး သုံးစွဲထားသည်ကို စစ်ဆေး တွေ့ရှိခဲ့ရပါတယ်။ အဲ့ဒီပွဲမှာ ပေါ့ဘာက ပါဝင် ကစားခွင့် မရခဲ့ပဲ အရန်ခုံမှသာ ထိုင်ခဲ့ရရင်း နောက်ပိုင်းမှာတော့ သူရဲ့ ဆေးစစ်မှုဟာ ကျရှုံးကြောင်း အဖြေထွက်ပေါ်လာတဲ့အတွက် အီတလီ ဘောလုံးအဖွဲ့ချုပ် နဲ့ အီတလီ တားမြစ်ဆေး ဆန့်ကျင်ရေးအဖွဲ့က ပေါ့ဘာကို ပွဲကစားခွင့်တွေ ယာယီ ပိတ်ပင်လိုက်ပါတယ်။

Photo Credit : Goal

အသက် (၃၀)အရွယ်ရှိ ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာဟာ ပြီးခဲ့တဲ့နှစ် နွေဈေးကွက်ကမှ မန်ယူနိုက်တက်ကနေ အသင်းဟောင်း ဂျုဗင်တပ်စ်အသင်းဆီကို အလွတ်နဲ့ ပြန်လည် ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ယခင်တုန်းကလည်း ယူနိုက်တက်ကနေ ဂျုဗင်တပ်စ်ဆီ အလွတ်နဲ့ ရောက်လာခဲ့စဉ်တုန်းက အသင်းရဲ့ အမာခံ ကစားသမားအဖြစ် အောင်မြင်မှုများ ရယူနိုင်ခဲ့ပေမယ့်လည်း အသင်းထံ ပြန်ရောက်လာချိန်မှာတော့ ဒဏ်ရာတွေ ပြသာနာတွေနဲ့သာ လုံးပန်းနေခဲ့ရပါတယ်။

Photo Credit : Goal

အခုဆိုရင်လည်း ပေါ့ဘာက တားမြစ်ဆေး ပြသာနာအထိပါ ရင်ဆိုင်နေရပြန်ပြီး ပြစ်မှုထင်ရှားမယ်ဆိုရင်တော့ (၄)နှစ်လောက်အထိတောင် ပွဲပယ်ခံရနိုင်ပါတယ်။ ပေါ့ဘာကတော့ သူ့အနေနဲ့ ဂျုဗင်တပ်စ်အသင်းရဲ့ အစားအသောက် ဖြည့်စွက်စာတချို့မှာ testosterone ပါဝင်နေမှန်း မသိပဲ စားသောက်မိခဲ့ရာကနေ အခုလိုတွေ ဖြစ်လာခဲ့ရတယ်လို့ ဝန်ခံ ပြောဆိုထားခဲ့သလို တကယ်လို့သာ ပေါ့ဘာအနေနဲ့ ကာလရှည်ကြာ ပွဲပယ်ခံရမယ်ဆိုရင်တော့ သူရဲ့ကစားသမားဘဝကိုပဲ အနားယူသွားနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

Featured Photo : CBS Sports