ပျော်ရွှင်ကြည်နူးစရာ အမှတ်တရ နှစ်ပတ်လည်နေ့များ၊ မွေးနေ့များ၊ ညစာစားပွဲတွေ၊ ပါတီတွေ၊ နေ့ထူးနေ့မြတ်တွေ ၊ အောင်မြင်မှုကို ဂုဏ်ပြုချင်တဲ့အခါ ဒါမှမဟုတ် ပွဲအခမ်းအနားတွေ စသည်ဖြင့် ရှန်ပိန် ပုလင်းဖောက်ဖို့ ကောင်းတဲ့အကြောင်းပြချက်တွေ အများကြီးရှိပါတယ်။ ဒါ့အပြင် ပေါ့ပေါ့ပါးပါး အားလပ်ရက်တွေမှာ ရှန်ပိန်လေးသောက်ရင်း သူငယ်ချင်းတွေနဲ့ ပျော်ရွှင်တဲ့အချိန်လေးတွေ ဖြတ်သန်းလို့ လည်းရပါတယ်။ ဘယ်လိုအခြေအနေ ၊ ဘယ်လို ပွဲ အခမ်းအနားနဲ့မဆို လိုက်ဖက်တဲ့ အကောင်းဆုံး ရှန်ပိန်များ ကို ကွီးတို့ ရွေးချယ်ရလွယ်ကူအောင် ဖော်ပြပေးချင်ပါတယ်။

Krug Grande Cuvée Brut Champagne

Photo : The Finest Bubble

ဘယ်လို ပွဲ အခမ်းအနားနဲ့မဆို လိုက်ဖက်တဲ့ အကောင်းဆုံး ရှန်ပိန်များ ထဲကတစ်ခုကတော့ Krug Grande Cuvée Brut Champagne ပဲဖြစ်ပါတယ်။ ဒီ ရှန်ပိန်ကို ဝိုင် ၂၀၀ နီးပါးနဲ့ ရောစပ်ထားပြီး သစ်သီးအချို့လည်း ပါဝင်ပါတယ်။ စျေးနှုန်းကတော့ ၂၂၅ ဒေါ်လာခန့် ရှိပါတယ်။ စျေးနှုန်း အနည်းငယ်မြင့်သော်လည်း အရေးကြီးတဲ့ ပွဲအခမ်းအနားတွေအတွက် အရမ်းကို သင့်တော်ပါတယ်။

Billecart-Salmon Brut Reserve

Photo : The Cockey Wine

Billecart-Salmon Brut Reserve ကတော့ စားပွဲတစ်ခုမှာ အဓိက အစားအစားနဲ့ အချိုပွဲ ကြားထဲမှာ ထည့်သွင်းဧည့်ခံပါက တကယ်ကို လန်းဆန်းစေပြီး အရသာရှိတဲ့ ရှန်ပိန် ပဲဖြစ်ပါတယ်။ သူရဲ့စျေးနှုန်းကတော့ ဒေါ်လာ ၅၀ ဖြစ်ပါတယ်။

Moet & Chandon Imperial

Photo : Applejack Wine & Spirits

နောက်ထပ်ဖော်ပြချင်တဲ့ ရှန်ပိန်ကတော့ ရှန်ပိန်ချစ်သူတို့ အမြဲရွေးချယ်လေ့ရှိတဲ့ Moet & Chandon Imperial ရှန်ပိန် ပဲဖြစ်ပါတယ်။ ကွီးတို့ရဲ့ ညစာစားပွဲကို အဆင့်သစ်တစ်ခုသို့ မြှင့်တင်နိုင်စေရန် ဂန္ထဝင်ကြက်ကင်နဲ့ တွဲဖက် ဧည့်ခံလိုက်ပါ။ သူရဲ့စျေးနှုန်းကလည်း ဒေါ်လာ ၅၀ ခန့်ကျသင့်မှာ ဖြစ်ပါတယ်။

Pol Roger Brut Champagne

Photo : The Champange Company

လိမ္မော်သီးနဲ့ ဘယ်ရီသီးတွေပါဝင်တဲ့ Pol Roger Brut Champagne ဟာ တော်ဝင်မင်္ဂလာ ပွဲ တွေမှာတောင် အသုံးပြုကြတယ်တဲ့ ရှန်ပိန်များ ထဲကတစ်ခုပါပဲ။ သူ့ရဲ့ စျေးနှုန်းကတော့ ၅၉ ဒေါ်လာခန့်ကျသင့်မှာ ဖြစ်ပါတယ်။

Dom Pérignon P2 Plénitude Brut Champagne

Photo : BABYCHAM Liquors

ဘယ်လို ပွဲ အခမ်းအနားနဲ့ မဆို လိုက်ဖက်လှတဲ့ အကောင်းဆုံး ရှန်ပိန်များ ထဲမှာ မပါမဖြစ်ကတော့ Dom Pérignon P2 Plénitude Brut Champagne ပဲဖြစ်ပါတယ်။ ဒီရှန်ပိန်က တကယ်ကိုထူးခြားတဲ့ အရသာကိုခံစားရစေပြီး ဂန္တဝင်ဆန်တဲ့ ရှန်ပိန်လည်း ဖြစ်ပါတယ်။ သူရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၄၂၅ ကျသင့်မှာ ဖြစ်ပါတယ်။

Source : Town & Country

Featured Photo : Wine Champagne