Shirt အင်္ကျီ တွေဆိုတာ ယောကျ်ားလေး တစ်ယောက်အတွက် အချိန်ရာသီမရွေး ပေါ့ပေါ့ပါးပါးနဲ့ သပ်ရပ်စတိုင်ကျမှုကို ပေးစွမ်းနိုင်တဲ့ ဖက်ရှင် တစ်ခုပါ။ ပူအိုက်တဲ့ ရာသီပဲ ဖြစ်ဖြစ် ၊ အေးစိမ့်စိမ့် ခပ်မှိုင်းမှိုင်း မိုးရာသီကာလတွေမှာပဲ ဖြစ်ဖြစ် ၊ ချမ်းစိမ့်စိမ့် မိုးအကုန်ဆောင်းအကူး ရာသီမျိုးမှာပဲ ဖြစ်ဖြစ် Shirt အင်္ကျီတွေက ဝတ်လို့ အဆင်ပြေပါတယ်။ ဒီတစ်ခေါက်တော့ ဝတ်ရတာ ပေါ့ပါးပြီး သက်တောင့်သက်သာ ဖြစ်ဖြစ်နဲ့ စတိုင်ကျနေစေဖို့ ကွီးတို့ ဝယ်ထားရမယ့် Shirt အင်္ကျီ အမျိုးအစား အချို့ကို မျှဝေပေးချင်ပါတယ်။

(၁) Heavyweight Flannel Shirt

Photo : Ape to Gentleman

အခုလို မိုးအေးတဲ့ ရာသီတွေနဲ့ ဆောင်းရာသီလို ကာလတွေမှာတော့ Heavyweight Flannel Shirt တွေက ဝတ်လို့ အကောင်းဆုံးပါပဲ။ Flannel Shirt တွေက လူငယ် ၊ လူကြီးမရွေး ဝတ်လို့ အဆင်ပြေသလို ရွေးစရာ ဒီဇိုင်း Patterns တွေလည်း များပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျတဲ့ Casual ဖက်ရှင် တစ်ခုအဖြစ် ရွေးချယ်ဝတ်နိုင်ပြီး ချည်ထည်အထူသားနဲ့ ချုပ်ထားတဲ့အတွက် ရာသီဥတုအေးတဲ့ အချိန်တွေမှာ ခန္ဓာကိုယ်ကို အနွေးဓာတ် ကောင်းကောင်းပေးနိုင်ပါတယ်။

(၂) Cuban Collar Shirt

Photo : Ape to Gentleman

အခုနောက်ပိုင်း ဖက်ရှင် ရေစီးကြောင်းပေါ်မှာနေရာယူလာတဲ့ Shirt အင်္ကျီတစ်မျိုးပါ။ Cuban Collar Shirt တွေက လူငယ်ဆန်ဆန်နဲ့ ပေါ့ပါးလွတ်လပ်တဲ့ Vibe ကို အပြည့်အဝ ပေးနိုင်ပါတယ်။ အထူးသဖြင့် အနည်းပူ ပူအိုက်တဲ့ ရက်တွေမှာ ပေါ့ပေါ့ပါးပါး Cool ဖြစ်ဖြစ် ဝတ်လို့အကောင်းဆုံးပါပဲ။ လက်တိုဒီဇိုင်း Cuban Collar Shirt တွေက ပိုပြီး လွတ်လပ်ပေါ့ပါးမှု ရှိတဲ့အတွက် ဝတ်လို့ကောင်းပါတယ်။ ဗြောင်ဒီဇိုင်း ၊ အပွင့်အခက် Patterns တွေ ကွီးတို့ စိတ်ကြိုက်ရွေးချယ် ဝတ်နိုင်ပါတယ်။

(၃) Linen Shirt

Photo : Ape to Gentleman

Linen Shirt တွေကတော့ နွေရာသီလို ချွေးထွက်များတဲ့ကာလတွေအတွက် အထူးသင့်လျော်တဲ့ Shirt အင်္ကျီ လို့ လူသိများပါတယ်။ ချည်သားခပ်ပါးပါးနဲ့ ချုပ်ထားတာဆိုတော့ လေဝင်လေထွက်ကောင်းသလို ဝတ်ရတာ ပေါ့ပါးလွတ်လပ်ပြီး အေးမြလန်းဆန်းတဲ့ ခံစားမှုကို ပေးစွမ်းပါတယ်။ အရောင်ခပ်နုနု ၊ ကာလာဆန်းဆန်းလေးတွေ ရွေးချယ်ဝတ်နိုင်သလို ပေါ့ပါးလွတ်လပ်မှုအပြည့်နဲ့ ဖက်ရှင် ကျစေမယ့် Shirt အင်္ကျီတစ်မျိုးပဲ ဖြစ်ပါတယ်။

(၄) Chambray Shirt

Photo : Ape to Gentleman

Chambray Shirt တွေကို တော်တော်များများ Jeans အပျော့သား Shirt လို့ အလွယ်ခေါ်ကြပါတယ်။ တကယ်တော့ Jeans သားနဲ့ တူတယ်ဆိုပေမယ့် Chambray Shirt တွေက ချည်နဲ့ပဲ ရက်လုပ်ထားတာပါ။ Jeans ထက်ဝတ်ရတာ ပိုပေါ့ပါးလွတ်လပ်မှု ရှိပါတယ်။ ရိုးရိုးရှင်းရှင်း သန့်ပြန့်တဲ့ Look ကို ဖော်ဆောင်ပေးတဲ့အတွက် ရုံးတက်ကျောင်းတက် ဖက်ရှင်တစ်ခုကနေ ထသွားထလာ ပေါ့ပေါ့ပါးပါး ဖက်ရှင် အဖြစ်နဲ့ပါ ရွေးချယ်ဝတ်လို့ အဆင်ပြေပါတယ်။

Source : Ape to Gentleman

Featured Photo : DMARGE