ဆံပင်စတိုင်ဆိုတာ မျက်နှာကျနဲ့ လိုက်ဖက်တဲ့ပုံစံကို ရွေးချယ်တက်ဖို့ အရေးကြီးပါတယ်။ အမျိုးသားတွေရဲ့ မျက်နှာကျပုံစံတွေ အများကြီးရှိတဲ့ အထဲကမှ Round Faces လို့ခေါ်တဲ့ ခပ်ဝိုင်းဝိုင်း မျက်နှာကျဟာ ဆံပင်စတိုင် ရွေးရအခက်ဆုံးလို့ ပြောရမှာပါ။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ဝိုင်းဝိုင်းဝန်းဝန်း ဖိုးလမင်း လို မျက်နှာကျရှိတဲ့ ကွီးတို့အတွက် ခေါင်းမစားရဖို့ Hairstyle အချို့ကို မျှဝေပေးချင်ပါတယ်။

(၁) Pompadour

Photo : The Trend Spotter

Pompadour ကတော့ ဖိုးလမင်း လို ဝန်းဝိုင်းတဲ့ မျက်နှာကျရှိသူတွေနဲ့ လိုက်ဖက်တဲ့ Hairstyle တွေထဲကတစ်ခု ဖြစ်ပါတယ်။ ဘေးဘက်ကို ခပ်တိုတိုပါးပါးနဲ့ အပေါ်ဘက် ဆံပင်ထုကိုတော့ အနည်းငယ် ခပ်မြင့်မြင့် ထားရတဲ့အတွက် ဒီဆံပင်ပုံစံက ဘဲဥပုံ မျက်နှာကျကို ရှည်သွားသယောင်ပေါ်စေမှာ ဖြစ်ပါတယ်။

(၂) Undercut

Photo : The Trend Spotter

Undercut က ယောကျာ်းလေးတွေကြားမှာ အညှပ်များတဲ့ Hairstyle တစ်ခုပါပဲ။ ခပ်ဝိုင်းဝိုင်း မျက်နှာကျ ရှိသူတွေအတွက် အတော်လေး သင့်လျော်လိုက်ဖက်တဲ့ ဆံပင်ပုံစံတစ်ခု ဖြစ်ပါတယ်။ ဘေးနှစ်ဖက်နဲ့အနောက်ကို ခပ်ပါးပါးပြောင်ပြောင် ညှပ်ထားရတာ ဖြစ်ပြီး အပေါ်ကိုတော့ စိတ်ကြိုက်ထားနိုင်ပါတယ်။ ပေါ့ပါးလွတ်လပ်မှု ရှိရှိနဲ့ လူငယ်ဆန်တဲ့ အသွင်ကိုရချင်တယ်ဆိုရင် Undercut က စဉ်းစားသင့်တဲ့ ဆံပင်စတိုင်တစ်ခုပဲ ဖြစ်ပါတယ်။

(၃) Textured Crop

Photo : The Trend Spotter

ဖိုးလမင်း မျက်နှာကျ ပိုင်ရှင်တွေအတွက် ရိုးရိုးရှင်းရှင်း ၊ တိုတိုပါးပါးနဲ့ အထာကျစေမယ့် ဆံပင်စတိုင်ဆိုရင် Textured Crop ရှိပါတယ်။ Textured Crop Hairstyle ပုံစံက အနည်းငယ် လှိုင်းတွန့်ပါတဲ့ ဆံသားပိုင်ရှင်တွေအတွက် ပိုသင့်တော်ပြီး ခပ်ပွပွ/ခပ်ရှုပ်ရှုပ် အနေအထား ထားရတဲ့အတွက် ပါးရိုးကျယ်ကျယ် မေးကားကား အသွင်အပြင်ကို ဟန်ချက်ညီအောင် ကူညီပေးနိုင်မှာပဲ ဖြစ်ပါတယ်။

(၄) Bro Flow

Photo : The Trend Spotter

မျက်နှာဝိုင်းဝိုင်း ကွီးတို့အတွက် နောက်ထပ်ရွေးချယ်ဖို့ အသင့်တော်ဆုံး Hairstyle တစ်ခုက Bro Flow ဖြစ်ပါတယ်။ ဘဲဥပုံ မျက်နှာကျကိုမှ ဆံပင်အရှည်လည်း ထားချင်တယ်ဆိုရင် Bro Flow က တကယ့်ကို‌ အဆင်ပြေတဲ့ ဆံပင်စတိုင် တစ်ခုပါပဲ။ ဝန်းဝိုင်းတဲ့ မျက်နှာကျကို ရှည်သွားပုံပေါ်စေပြီး အထာကျကျနဲ့ ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတစ်ယောက် အသွင်အပြင်မျိုးကို ပေးစွမ်းပါတယ်။

Featured Photo : All Things Hair