ခန္ဓာကိုယ်မှာ ဗိုက်ခေါက်နေရာဟာ အဆီစုမှု အများဆုံးပါပဲ။ ဗိုက်ခေါက်မှာ အဆီစုဖို့လွယ်သလောက် အဆီချရာမှာတော့ တော်တော်လေးခက်တဲ့ ဘော်ဒီ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီလို ဖြုတ်ရခက် တဲ့ Belly Fat တွေကို အပြုတ်ဖြုတ်နိုင်ဖို့ လေ့ကျင့်ခန်းကို တစိုက်မတ်မတ်နဲ့ ပုံမှန်လေး အချိန်ပေး လုပ်ဆောင်ဖို့ လိုပါတယ်။ ဒီတစ်ခေါက်တော့ ကွီးတို့ ဝမ်းဗိုက်မှာရှိတဲ့ အဆီပိုတွေကို ထိထိရောက်ရောက် ဖြုတ်ချနိုင်မယ့် လေ့ကျင့်ခန်းနည်း ၅ ခုကို ပြောပြပေးပါမယ်။

(၁) Tuck Jumps

Photo : Men’s Health

Tuck Jumps ကတော့ ကယ်လိုရီလောင်ကျွမ်းမှုများတဲ့ Plyometric လေ့ကျင့်ခန်းတစ်ခုပါ။ ဒီလေ့ကျင့်ခန်းက Belly Fat တွေကိုလည်း တော်တော်လေး ထိစေပါတယ်။ လေ့ကျင့်ခန်း လုပ်ဖို့ဆိုရင် အရင်ဆုံး ပခုံးအကျယ်အတိုင်း ခြေထောက်တွေကို ချဲထားပြီး ဒူးကိုကွေးကာ လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်ထားရပါမယ်။ ခြေထောက်ရဲ့ပါဝါကို အသုံးပြုပြီး ဒွေးကိုကွေးကာ ခန္ဓာကိုယ်ကိုအပေါ်သို့ ခုန်ပေးပါ။ အောက်ပြန်ကျတဲ့အခါမှာလည်း ဒူးကိုအနည်းငယ်ကွေးပြီး ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းပေးရပါမယ်။ ဒီနည်းအတိုင်း ၁၀ ကြိမ် ၃ ကြော့လုပ်ပေးပါ။

(၂) Squat Jumps

Photo : Men’s Health

Tuck Jumps လေ့ကျင့်ခန်းနဲ့ တူသယောင်ယောင်ရှိပေမယ့် တကယ်တော့ မတူပါဘူး။ သူက Squat Position အတိုင်း ပုံစံယူပြီး ခန္ဓာကိုယ်ကိုအပေါ်သို့ ခုန်ကာ ခြေထောက်နဲ့လက်တွေကို ဆန့်ထုတ်ပေးရမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ် အောက်ကိုပြန်ကျတဲ့အခါမှာ မူလ Squat ပုံစံအတိုင်း ညှင်သာစွာ ပြန်ကျပေးရပါမယ်။ ဒီနည်းအတိုင်း ၁၀ ကြိမ် ၃ ကြော့လုပ်ပေးပါ။

(၃) Froggers

Photo : Men’s Health

အလွယ်ပြောရရင်တော့ ဖားခုန်လေ့ကျင့်ခန်းပါ။ အရင်ဆုံး Squat Down ထိုင်ချပြီး လက်ဖဝါးနှစ်ဖက်ကို ကြမ်းပြင်မှာ ကပ်,ထောက်ထားပါ။ ပြီးတဲ့အခါ Press-up Position အတိုင်းဖြစ်အောင် ခြေထောက်တွေကို နောက်သို့ကန်ထုတ်ရပါမယ်။ ထို့နောက် မူလပုံစံအတိုင်း ခြေထောက်တွေကို လက်နားပြန်ကပ်ပေးပါ။ ဒီနည်းအတိုင်း ၁၀ ကြိမ် ၃ ကြော့လုပ်ပေးပါ။

(၄) Jumping Jacks

Photo : Men’s Health

Belly Fat တွေ အပြုတ်ဖြုတ်မယ်ဆိုရင် Jumping Jacks လေ့ကျင့်ခန်းကို မေ့ထားလို့မရပါဘူး။ ဒီလေ့ကျင့်ခန်းက ကယ်လိုရီများများလောက်ကျွမ်းစေတဲ့အပြင် သက်လုံစွမ်းအားနဲ့ နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ ခြေထောက်နှစ်ဖက်ကို ဘေးသို့အနည်းငယ်ခုန်ပြီး လက်တွေကိုလည်း စည်းချက်ညီညီ လိုက်မြှောက်ပေးရပါမယ်။ ဒီနည်းအတိုင်း အကြိမ် ၂၀ , ၃ ကြော့လုပ်ပေးပါ။

(၅) Mountain Climber

Photo : Men’s Health

Mountain Climber ကတော့ Belly Fat တွေ ရှယ်ထိစေတဲ့ လေ့ကျင့်ခန်းတစ်ခုပါပဲ။ အရင်ဆုံး Plank ထောက်တဲ့ Position အတိုင်း ပုံစံယူပြီး လက်ဖျံနဲ့နီးကပ်တဲ့အထိ ဒူးကိုကွေးကာဆွဲကပ်ပေးရပါမယ်။ ခြေထောက်တွေကို ဘယ်ညာပြောင်းပြီး တစ်ဖက်ချင်းစီ ဆွဲကပ်ပေးပါ။ ဒီနည်းအတိုင်း ၁၅ ကြိမ် ၃ ကြော့လုပ်ပေးပါ။

Featured Photo : Pexels