Penis Rings လို့ခေါ်တဲ့ လိင်တံအစွပ်တွေအကြောင်း ကွီးတို့ ဘယ်လောက်သိထားလဲ ? Penis Rings တွေက တကယ်ရော Safe ဖြစ်ပါရဲ့လား ? ဘယ်လိုကောင်းကျိုး ဆိုးကျိုးတွေ ရှိပါသလဲ ? ဒီဆောင်းပါးမှာတော့ ဖွားဖက်တော်မှာ စွပ်ရတဲ့ Penis Rings တွေရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို ပြောပြပေးချင်ပါတယ်။

(၁) ပိုကြာပိုမတ်စေတယ်

Photo : Deccan Chronicle

Penis Rings တွေက ကွီးတို့ရဲ့ ဖွားဖက်တော် ထောင်မတ်မှုကို ပိုမိုအားကောင်းစေပြီး အချိန်ကြာကြာ ထောင်မတ်မှုကို ထိန်းသိမ်းထားနိုင်ပါတယ်။ အဓိကအားဖြင့် Penis Rings ဝတ်ဆင်ထားစဉ် လိင်တံရဲ့ ရိုးတံအတွင်းမှာ သွေးတွေကို စုထားပေးတဲ့အတွက် ထောင်မတ်မှုကို အားပိုကောင်းစေပြီး ထောင်မတ်နိုင်စွမ်းကို ကြာမြင့်စွာ ထိန်းထားပေးနိုင်တာပါ။ ဒါပေမယ့် နာရီဝက် ထက်ပိုပြီး Penis Rings တပ်ဆင်အသုံးမပြုသင့်ပါဘူး။

(၂) သုတ်လွှတ်ချိန်ကို ကြန့်ကြာစေတယ်

Photo : MedicalNewsToday

Penis Rings တွေက သုတ်လွှတ်ချိန်ကို ကြန့်ကြာအောင် ဆွဲဆန့်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ သိပ္ပံနည်းကျ တိကျတဲ့ သုတေသနပြုချက် အဖြေတွေ မရှိပေမယ့်လည်း Penis Rings တွေဟာ အမျိုးသားတွေရဲ့ လိင်တံအရင်းနဲ့ ကပ်ပယ်အိတ် ခြေရင်းပတ်ပတ်လည်ကို ညှစ်ပေးထားသလို ဖိအားသက်ရောက် သက်ရောက်စေတာကြောင့် အော်ဂဇင်ရမှု / သုတ်လွှတ်ချိန်ကို ကြာမြင့်အောင် ထိန်းထားပေးနိုင်တဲ့သဘော ဖြစ်ပါတယ်။

(၃) ပါတနာကို ခံစားမှုကောင်းကောင်း ပေးနိုင်တယ်

Photo : Groupon

တုန်ခါမှု စနစ်ပါတဲ့ Vibrating Penis Rings တွေက လိင်ဆက်ဆံချိန်မှာ ကိုယ့်ဆက်ဆံဖော် ပါတနာကို ခံစားမှုကောင်းကောင်း ပေးစွမ်းနိုင်ဖို့ ကူညီပေးပါတယ်။ Vibrating Penis Rings မှာ ပါဝင်တဲ့ တုန်ခါမှုပေးတဲ့ အစိတ်အပိုင်းလေးဟာ ပါတနာရဲ့ မိန်းမကိုယ် အင်္ဂါစေ့ Clitoris ကို နှိုးဆွလှုံ့ဆော်ပေးနေတာကြောင့် ခံစားမှု အထွတ်အထိပ်ကို ပိုမိုရောက်ရှိစေဖို့ ကူညီပေးနိုင်တာ ဖြစ်ပါတယ်။

Source : Men’s Health

Featured Photo : Business Insider