ဒီတစ်ခေါက်တော့ Cock Rings လို့ခေါ်တဲ့ သုတ်ထိန်းကွင်း တွေ အကြောင်း ပြောပြပေးချင်ပါတယ်။ သုတ်ထိန်းကွင်းတွေ ဆိုတာဟာ ဖွားဖက်တော် သို့မဟုတ် ကပ်ပယ်အိတ် တဝိုက်မှာ တပ်ဆင်အသုံးပြုရတဲ့ ရော်ဘာ(စီလီကွန်) ကွင်းတွေကို ခေါ်ပါတယ်။ သုတ်ထိန်းကွင်းတွေရဲ့ အဓိက လုပ်ဆောင်ချက်က လိင်တံရဲ့ သွေးစီးဆင်းမှုကို နှေးကွေးစေပြီး လိင်တံကို ပိုမိုတောင်မတ်စေကာ သုတ်လွှတ်ချိန်ကို ကြာအောင် ဆွဲဆန့်ပေးပါတယ်။

Photo : Medical News Today

အခြားသော အခေါ်အဝေါ်တွေအနေနဲ့ Penis Rings ၊ Tension Rings နဲ့ Constriction Rings စသည်ဖြင့်လည်း ခေါ်ကြပါတယ်။ Cock Rings တွေကို Erectile Dysfunction (ED) လို့ခေါ်တဲ့ ပန်းသေပန်းညိုး ပြဿနာ ဖြေရှင်းဖို့အတွက် အဓိက ထုတ်ထားပေမယ့် လိင်အင်္ဂါ ကမောက်ကမ ပြဿနာမရှိတဲ့ သူတွေလည်း အသုံးပြုကြတာ တွေ့ရပါတယ်။

သုတ်ထိန်းကွင်း အမျိုးအစားတွေကတော့ အခြေခံအားဖြင့် ၃ မျိုးရှိပြီး စီလီကွန်နဲ့ ပြုလုပ်ထားတဲ့ ပျော့ပျောင်းပြီး ကျုံ့နိုင်ဆန့်နိုင်တဲ့ Cock Rings တွေဟာ လက်ရှိ ဈေးကွက်ထဲမှာ အသုံးအများဆုံး ဖြစ်ပါတယ်။ နောက်တစ်မျိုး ကတော့ Adjustable Cock Rings လို့ခေါ်တဲ့ လိုသလို ချိန်ညှိနိုင်တဲ့ သုတ်ထိန်းကွင်းတွေနဲ့ နောက်ဆုံးတစ်ခုကတော့ လိင်စိတ်အာရုံခံစားမှု ပိုကောင်းစေဖို့ Vibrator အသေးလေးတွေ တပ်ဆင်ပေးထားတဲ့ တုန်ခါမှုပါတဲ့ Cock Rings တွေ ဖြစ်ပါတယ်။

Cock Rings တွေရဲ့ လုပ်ဆောင်ချက်နဲ့ အားသာချက်များ

Photo : Verywell Health

Cock Rings တွေကို ချစ်တင်းနှော ချိန်မှာ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်စေဖို့ အဓိက အကူကိရိယာအနေနဲ့ သုံးကြပါတယ်။ Cock Rings တွေရဲ့ လုပ်ဆောင်တွေကတော့……..

  • သုတ်လွှတ်ချိန်ကို ကြာရှည်အောင် ဆွဲဆန့်ပေးပြီး အထွတ်အထိပ် ခံစားမှု အော်ဂဇင် ပိုမိုရရှိအောင် စွမ်းဆောင်ပေးတယ်
  • ဖွားဖက်တော် ပိုမိုထောင်မတ်နိုင်မှု ရှိစေဖို့ ထောင်မတ်မှုကို အချိန်ကြာကြာ ထိန်းသိမ်းနိုင်ဖို့ ကူညီပေးတယ်
  • လိင်မှုစွမ်းဆောင်ရည် မြင့်မားပြီး အိပ်ရာထက်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေဖို့ အထောက်အကူ ပြုတယ်
  • ချစ်တင်းနှော ချိန်မှာ သင်ရောသင့်ပါတနာအတွက် မတူညီတဲ့ လိင်မှုဆိုင်ရာ ခံစားမှု အသစ်အဆန်းတစ်ခုကို ခံစားရရှိစေနိုင်တယ်

သုတ်ထိန်းကွင်းတွေကို တစ်ကိုယ်ရည် အာသာဖြေချိန်မှာ သုံးလို့ရပါသလား ?

Photo : Reviewed – USA Today

တစ်ကိုယ်ရည် အာသာဖြေနေစဉ် အတွင်းမှာလည်း Cock Rings တွေကို အသုံးပြုနိုင်ပါတယ်။ သုတ်ထိန်းကွင်းတွေဟာ ဖွားဖက်တော် ထောင်မတ်မှုကို မြှင်တင်ပေးပြီး သုတ်လွှတ်ချိန်ကို ကြာမြင့်စေဖို့ ကူညီပေးတဲ့အတွက် တစ်ကိုယ်ရည် အာသာဖြေချိန်မှာ အာရုံခံစားပိုကောင်းပြီး ပိုမိုသာယာကျေနပ်ဖွယ် လိင်စိတ်ခံစားမှုကို ရရှိစေမှာ ဖြစ်ပါတယ်။

သုတ်ထိန်းကွင်းတွေနဲ့ ပတ်သတ်ပြီး လွဲမှားနေတဲ့ အယူအဆများ

ပန်းသေပန်းညိုး ပြဿနာရှိသူတွေပဲ အသုံးပြုနိုင်တယ် – ဒီအချက်က မှားပါတယ်။ သုတ်ထိန်းကွင်းတွေကို ပန်းသေပန်းညိုး ပြဿနာ မရှိတဲ့သူတွေလည်း ထောင်မတ်မှု အချိန်ကြာကြာ ထိန်းထားနိုင်ဖို့ ၊ လိင်စိတ် အာရုံခံနိုင်စွမ်းကို တိုးမြင့်စေဖို့ သို့မဟုတ် တုန်ခါမှုပါတဲ့ Cock Rings အမျိုးအစားတွေကို မတူညီတဲ့ လိင်မှုဆိုင်ရာ အတွေ့အကြုံအသစ် ရစေဖို့အတွက် အသုံးပြုနိုင်ပါတယ်။

သန္ဓေတားနည်းတစ်ခုအဖြစ် သုံးနိုင်တယ် – ဒီအချက်က လုံးဝမဟုတ်ပါဘူး။ Cock Rings တွေဟာ ကိုယ်ဝန်မရအောင် တားဆီးပေးနိုင်ခြင်း လုံးဝမရှိသလို သန္ဓေတားနည်းတစ်ခုအဖြစ် လုံးဝ(လုံးဝ) အသုံးပြုလို့ မရပါဘူး။

လိင်တံနာကျင်မှုကို ခံစားရစေတယ် – Cock Rings တွေကို နည်းမှန်လမ်းမှန် စနစ်တကျ အသုံးပြုမယ်ဆိုရင်တော့ ဖွားဖက်တော် နာကျင်မှု ဝေဒနာ ခံစားရမှာ မဟုတ်ပါဘူး။ သုတ်ထိန်းကွင်း ကို တပ်ဆင်အသုံးပြုချိန်မှာ အနည်းငယ် တင်းကြပ်ကြပ် ခံစားရနိုင်ပေမယ့် ပြင်းပြင်းထန်ထန်နာကျင်ဝေဒနာ ခံစားရတယ်ဆိုရင်တော့ ချက်ချင်းဖြုတ်သင့်ပါတယ်။ ထို့နည်းတူစွာပဲ ပုံမှန်နဲ့မတူပဲ အခြားထူးခြားတဲ့ လက္ခဏာတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက Cock Ring ကို ချက်ချင်း ဖြုတ်လိုက်ပါ။

စွပ်ရ / ဖြုတ်ရ ခက်တယ် – ဖွားဖက်တော် အရွယ်အစားနဲ့ ကိုက်ညီမှုတဲ့ သုတ်ထိန်းကွင်းဆိုဒ်ကို ရွေးချယ်အသုံးပြုမယ်ဆိုရင် စတင်တပ်ဆင်အသုံးပြုချိန်မှာရော အသုံးပြုပြီး ပြန်ဖြုတ်ချိန်မှာပါ အခက်အခဲ ကြီးကြီးမားမား ရှိမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ လိင်တံနဲ့ အံဝင်ခွင်ကျဖြစ်တဲ့ ဆိုဒ်ကို သေချာလေး ရွေးချယ်တက်ဖို့ လိုပါတယ်။ အရေးကြီးဆုံး လိုက်နာရမယ့်အချက်ကတော့ Cock Rings တွေ မိနစ် ၃၀ ထက်ပိုပြီး တပ်ဆင်အသုံးမပြုဖို့ပါပဲ။

ဒီလောက်ဆိုရင်တော့ Cock Rings တွေအကြောင်းနဲ့ Cock Rings တွေရဲ့ အလုပ်လုပ်ပုံ ကောင်းကျိုးဆိုးပြစ်တွေကို သိသွားလောက်ပြီ ထင်ပါတယ်။

ကွီးတို့ရော ချစ်တင်းနှော တဲ့အခါ Cock Rings တွေ သုံးဖြစ်ပါသလား ???

Source : Web MD

Featured Photo : Premier Men’s Medical Center