စာရေးသူတို့ ယောကျာ်းလေးတိုင်းနီးပါး အမြောင်းမြောင်းထနေတဲ့ Six-Pack ကြွက်သားတွေ လိုချင်ကြသူတွေချည်းပဲ မဟုတ်လား ? Chest တွေ ၊ Shoulder တွေ ၊ Bicep တွေအတွက်ဆို ဘယ်နှစ်ကြိမ် ၊ ဘယ်နှစ်ကျော့ ဖြစ်ဖြစ် အမှန်အကန် ဗျင်းကြပေမယ့် ဗိုက်လေ့ကျင့်ခန်း ကစားရပြီဆို ကျော်ချင်တဲ့ ကွီးတို့က သပ်သပ်ကို ရှိပါတယ်။ ဗိုက်ချပ်ချပ်ရပ်ရပ်နဲ့ ကြွက်သားအဖုအထစ်တွေ ပေါ်ချင်တယ်ဆိုရင် Abs လေ့ကျင့်ခန်းတွေက လုံးဝကျော်သွားလို့ မရပါဘူး။ ဒီတစ်ခေါက်မှာ အမိုက်စား ဗိုက်ကြွက်သားတွေပေါ်ဖို့ ကွီးတို့အိမ်မှာပဲ အလွယ်တကူ ကစားလို့ရမယ့် Abs Exercises တွေကို မျှဝေပေးပါမယ်။

(၁) Battle Rope Slams

Source : PureGym

Battle Rope Slams ကတော့ ဗိုက်လေ့ကျင့်ခန်း သီးသန့်မဟုတ်ပါဘူး။ ဗိုက်ကြွက်သားတွေကို ထိရောက်မှု ပြင်းထန်တဲ့ Full-Body Exercise တစ်ခုပါ။ အဓိကအားဖြင့် ဗိုက်ကကြွက်သားတွေကို ညှစ်ပြီး ကြိုးကို အားပြင်းပြင်းနဲ့ လွှဲခတ်ကစားရမှာ ဖြစ်ပါတယ်။ ကယ်လိုရီလောင်ကျွမ်းမှုများပြီး ကြွက်သားကျစ်လစ်သန်မာစေဖို့အတွက် အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။

(၂) Bird-Dog

Source : Return To Perform

Bird-Dog လေ့ကျင့်ခန်းကတော့ ညင်သာတဲ့ လှုပ်ရှားမှုနဲ့အတူ ဗိုက်ကြွက်သားတွေကို အဓိကအလုပ်လုပ်စေတဲ့ ယောဂကျင့်စဉ်တစ်ခုလို့ ပြောလို့ရပါတယ်။ Core ကြွက်သားပြင်ကို အားဖိပြင်းပြင်းပေးထားရင်း ဆန့်ကျင်ဘက် လက်နဲ့ခြေထောက်တွေကို တစ်ပြိုင်နက်တည်း ဖြည်းဖြည်းချင်း ဆန့်ထုတ်ကစားရမှာပါ။ ခုန်ပေါက်ကစားရတဲ့ Cardio လေ့ကျင့်ခန်းလိုမဟုတ်ပေမယ့် ဗိုက်ကြွက်သားတွေကိုတော့ အတော်လေး ထိရောက်မှုရှိစေပါတယ်။

(၃) Medicine Ball Soccer-Throw Sit-Ups

Source : Rehab My Patient

အကောင်းဆုံး ဗိုက်လေ့ကျင့်ခန်း တွေထဲက တစ်ခုဖြစ်တဲ့ Sit-Ups ကိုမှ Med Ball Throw ပုံစံနဲ့ ပေါင်းစပ် ကစားရမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ ဗိုက်ကအဆီပိုတွေကို ထိထိရောက်ရောက် ကျစေပြီး ကြွက်သားကျစ်ကျစ်လစ်လစ် ဖြစ်လာစေဖို့ ကူညီပေးနိုင်သလို ခန္ဓာကိုယ် အပေါ်မာဆယ်တွေဖြစ်တဲ့ ပခုံး ၊ လက်မောင်းနဲ့ ရင်အုပ်ကြွက်သားတွေကိုလည်း ထိရောက်မှု ရှိစေပါတယ်။

(၄) Hollow Extension To Cannonball

Source : Functional AF

အလွယ်ကူ အရိုးရှင်းဆုံး ဗိုက်လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။ ခြေထောက်နဲ့ လက်တွေကို ဆန့်ထုတ်ထားပြီး ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ဟန်ချက်ညီညီ ထိန်းညှိထားရမှာပါ။ ဒီလေ့ကျင့်ခန်းက Abs နဲ့ Core ကြွက်သားတွေရဲ့ Strengthen ကို တိုးစေသလို နောက်ကျောအောက်ပိုင်း ကြွက်သားအစိတ်အပိုင်းတွေကိုလည်း ကျစ်လစ်သန်မာလာစေဖို့ ကူညီပေးပါတယ်။

Source : Man Of Many

Featured Photo : Steel Supplements