Tecno ကနေ Budget-Friendly စမတ်ဖုန်းအသစ် Tecno Spark 30 ကို တရားဝင် ကြေညာသွားခဲ့ပါပြီ။ အဆိုပါ စမတ်ဖုန်းမှာ ၆.၇၈ လက်မ 90Hz FullHD+ မျက်နှာပြင်ကို တပ်ဆင်ပေးထားပြီး 800 Nits Peak Brightness ထောက်ပံ့ပေး ထားပါတယ်။ ဖုန်းရဲ့ Display ဟာ ရေစို ဒါမှမဟုတ် လက်အဆီထွက်နေတဲ့ အခြေအနေမှာပင် အသုံးပြုနိုင်အောင် သေချာဒီဇိုင်းထုတ် ထားပါတယ်။

Photo : The Mobile Indian

အရှေ့ဘက် မျက်နှာပြင်ရဲ့ အလယ်တည့်တည့် Punch-Hole ထဲမှာ 13MP ဆယ်လ်ဖီ ကင်မရာကို ထည့်သွင်းပေးထားပြီး In-Display Fingerprint Sensor တော့ ပါဝင်မှာ မဟုတ်ပါဘူး။ အဲ့ဒီအစား လက်ဗွေဖတ် ကိရိယာကို Power ခလုတ်အောက်မှာ ထည့်သွင်းပေးထားပါတယ်။

ကျောဘက်က စက်ဝိုင်းပုံ Camera Island ထဲမှာ Primary ကင်မရာ အဖြစ် ပုံထွက်ကွာလတီ ကောင်းတဲ့ စွမ်းဆောင်ရည်မြင့် 64MP Sony IMX682 Sensor ကို တပ်ဆင်ပေးထားပါတယ်။ Chipset ကိုတော့ MediaTek ရဲ့ Helio G91 SOC မောင်းနှင်ထားပြီး 8GB RAM ၊ 128GB / 256GB Storage အတွဲအစပ်နဲ့ လာပါတယ်။ Software ပိုင်းမှာ Android 14 ကို အသုံးပြုထားပြီး နောက်ထပ်ဘယ်နှ နှစ်အထိ Software Updates တွေ ရနိုင်မလဲဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။

Photo : GSMArena.com

ဘက်ထရီအနေနဲ့ 18W Charging စနစ် ထောက်ပံ့ပေးထားတဲ့ 5,000 mAh ဘက်ထရီကို တပ်ဆပ်ပေးထားပြီး IP64 Rating ၊ Dolby Atmos ပါတဲ့ Dual Speakers ၊ USB-C နဲ့ NFC တို့ ပါဝင်ပါတယ်။

Tecno Spark 30 ရဲ့ အရောင်တွေကတော့ Orbit White နဲ့ Orbit Black ဆိုပြီး ရွေးချယ်စရာအရောင် ၂ မျိုး ထုတ်ထားပါတယ်။ Tecno Spark 30 စမတ်ဖုန်း ဟာ Budget-Friendly စမတ်ဖုန်းလို့ ဆိုပေမယ့် ဈေးနှုန်းနဲ့ အသေးစိတ် အချက်အလက်တွေကို တရားဝင်ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပါဘူး။

Source : GSMArena.com

Featured Photo : GadgetByte Nepal