ဘီယာက လူမှုရေးအသောက်အများဆုံး ဘာကြောင့်ဖြစ်တာလဲ။ ကွီးတို့ အများစုအနေနဲ့ လူမှုရေးအရသော်လည်းကောင်း၊ ပေါင်းသင်းဆက်ဆံရေးများအတွက် လည်းကောင်း၊ ဘော်ဒါတွေဆုံပြီး Chill ဖို့အတွက်လည်းကောင်း အရက်ကို သောက်သုံးရန် ရွေးချယ်တတ်ကြပါတယ်။ အရက်ဟာ ကွီးတို့ကို ကြည်နူးမှုရစေပြီး စိုးရိမ်မှုနည်းစေသည့် သီးခြားဦးနှောက်လုပ်ငန်းအပါ် ထင်ဟပ်စေနိုင်ပါတယ်။ အတူလက်တွဲသူတွေနဲ့၊ မိတ်ဆွေတွေအကြား၊ သူငယ်ချင်းတွေအချင်းချင်း လူမှုဆက်ဆံရေးကို မြှင့်တင်ပေးပါလိမ့်မယ်။ ဘီယာသည် အခြားအရက်လိုမျိုး လျင်မြန်စွာ မမူးစေဘဲ အရက်ခံစားမှုမျိုး ရနိုင်တာကြာင့် လူမှုရေးနယ်ပယ်တွင် ပို သောက်လာကြပါတယ်။ ကမ္ဘာပေါ်မှာ လူမျိုးအလိုက် ဒေသအလိုက် ထုတ်လုပ်တဲ့ ဘီယာအမျိုးအစား အများကြီး ရှိပါတယ်။ ဘီယာများထဲက လူသိများတဲ့ ဘီယာ အမျိုးအစားများ ထဲမှ အချို့ကိုဖော်ပြပေးချင်ပါတယ်။

(၁) Ale

Photo : Brewer World

ဘီယာ အမျိုးအစားများ ပထမဆုံးဖော်ပြချင်တာကတော့ Ale ပဲဖြစ်ပါတယ်။ Ale က အညိုရောင်ဖျော့ဖျော့ သို့မဟုတ် အရောင်ဖျော့ဖျော့ ရှေးအကျဆုံး အိမ်တွင်းချက် ဘီယာအမျိုးအစားပါ။ အချိန်တိုတိုအတွင်း ပူနွေးသော အပူချိန်ဖြင့် ကစော်ဖောက်ခြင်း ဖြစ်ပါတယ်။ မုယောစပါးနှင့် Malt လက်ဖက်တို့ကို အပေါ်ပိုင်း တဆေး အချဉ်ဖောက်နည်းဖြင့် ထုတ်လုပ်ထားပါတယ်။

(၂) Lager

Photo : Liquior.com

Lagers ကတော့ Ales နဲ့ အဓိက ကွာခြားချက်နှစ်ရပ်ပါတဲ့ ဘီယာအမျိုးအစား ဖြစ်ပါတယ်။ Lager တွေကို အပူချိန်နိမ့်နိမ့်မှာ အချိန်ကြာမြင့်စွာ အောက်ခြေအချဉ်ဖောက်နည်းနဲ့ ထုတ်လုပ်ထားပါတယ်။ ချက်၊ ဂျာမဏီ၊ နယ်သာလန် အပါအဝင် ဥရောပမှာ လူကြိုက်များတဲ့ ဘီယာမျိုး ဖြစ်ပါတယ်။

(၃) Porter

Photo : Pinterest

ဘီယာ အမျိုးအစားများ ထဲမှ‌ နောက်ထပ်ဖော်ပြချင်တာကတော့ Porter ပဲဖြစ်ပါတယ်။ Ale အုပ်စုတွင်ပါဝင်သော Porterဘီယာ အမျိုးအစားက အနက်ရောင် နှင့် Malt သီးနှံအနံ့ ကြောင့် လူသိများပါတယ်။

(၄) Stout

Photo : Wikipedia

အမဲရောင် Stout များက ပေါ်တာများထက် အချိုအရသာနည်းပြီး ဆေးဖက်ဝင်အပင်များ၊ ဂျုံမှုန့်ထည့်ထားသော မုယောစပါးကင်မှ ရရှိသည့် ခါးသော အရသာကို ခံစားနိုင်ပါတယ်။ လူကြိုက်များတဲ့ ဘီယာထဲမှာလည်း ပါဝင်ပါတယ်။

(၅) Blonde Ale

Photo : Nita Beer

သောက်သုံးရလွယ်ကူတဲ့ ပေါ့ပါးသော Malt ချိုမြမှုနှင့် ရနံ့ကို ပေါင်းထည့်သည့် ဟော့ပ်တို့ကြောင့် နွေရာသီမှာ သောက်ဖို့ အကောင်းဆုံး ဘီယာ ဖြစ်ပါတယ်။

(၆) Brown Ales

Photo : Cigar City Brewing

ချောကလက်၊ ကာရမေလ်၊ လိမ္မော်သီး သို့မဟုတ် အခွံမာသီးများ ပါရှိသော ပယင်းရောင်ကနေ အညိုရောင် ဘီယာဖြစ်ပါတယ်။ မူရင်းနိုင်ငံအလိုက် အမျိုးမျိုးသော Malts တွေကို အသုံးပြုထားသော ကြောင့် ပုံစံအမျိုးမျိုးတွေ့နိုင်ပါတယ်။

(၇) Pale Ale

Photo : John martin

ကြေးနီရောင်နှင့် သစ်သီးရနံ့ကြောင့် လူသိများသော အင်္ဂလိပ်စတိုင် Ale အမျိုးအစား ဘီယာ ဖြစ်ပါတယ်။ စပ်တဲ့အစားအစာတွေနဲ့ ကောင်းကောင်း တွဲစားနိုင်လောက်အောင် ပြင်းတဲ့အရသာရှိပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ လူသိများတဲ့ ဘီယာ အမျိုးအစားများ အချို့ဖြစ်ပါတယ်။ အယ်လ်ကိုဟော ပါဝင်နှုန်းအမျိုးမျိူး၊ အမှတ်တံဆိပ်အမျိုးမျိုး ရှိတာကြောင့် ကွီးတို့ ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။

Source : EHL Insight

Featured Photo : Hospitality