ဖက်ရှင်ကို စိတ်ဝင်စားပြီး ကိုယ့်ကိုယ်ကို အမြဲတမ်း စတိုင်ကျချင်တယ်ဆိုရင် ဝတ်စားဆင်ယင်မှုမှာ နေရာ အမျိုးအစား အလိုက်သေချာစွာ ဝတ်ဆင်တတ်ဖို့ လိုပါတယ်။ ဒါ့ကြောင့် စတိုင်လ်ကျချင်တဲ့ ကွီးတို့အတွက် ဒီနေ့မှာတော့ ဘောင်းဘီရွေးချယ်ရာမှာ လွယ်ကူမှန်ကန်စေပြီး ကိုယ့်နဲ့ လိုက်ဖက်တဲ့ အမျိုးအစားကို ရွေးချယ်တတ်စေဖို့ ဘောင်းဘီ အမျိုးအစားများ ကိုဖော်ပြပေးချင်ပါတယ်။

(၁) Chinos

Photo : The Trend Spotter

ဘောင်းဘီ အမျိုးအစားများ ထဲက ပထမဆုံးဖော်ပြချင်တဲ့ တစ်ခုကတော့ Chinos ပဲဖြစ်ပါတယ်။ Chinos က ပေါ့ပေါ့ပါးပါး ဝတ်ဆင်လို့ရတဲ့ အပြင် တွဲဖက်ဝတ်ဆင်မှုပေါ်မှာ မူတည်ပြီးကွီးတို့ရဲ့ စတိုင်လ်ကို အများကြီးပံပိုးပေးပါတယ်။ “Chino” ဟူသော စကားလုံးက စပိန်လို တရုတ်လို့ အဓိပ္ပာယ်ရပြီး အဆိုပါ ဘောင်းဘီများအတွက် အထည်များကို မူလက တရုတ်နိုင်ငံမှ တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခုခေတ်မှာတော့ Chinos ဆိုတာ သက်တောင့်သက်သာရှိသော ချည်ထည်နဲ့ ပြုလုပ်ထားတဲ့ ဘောင်းဘီစတိုင်လ်ကို ယေဘူယျအားဖြင့် ရည်ညွှန်းနိုင်ပါတယ်။ ပေါ့ပေါ့ပါးပါး ဝတ်ဆင်လို့ရသလို အရမ်း Formal ဆန်စရာမလိုတဲ့ နေရာတွေမှာလည်း ဝတ်ဆင်လို့ ရပါတယ်။

(၂) ဂျင်းဘောင်းဘီ

Photo : Robels Markets

ကွီးတို့ရေ ဂျင်းဘောင်းဘီတွေကတော့ တကူးတက မိတ်ဆက်ရန်စရာ ဘောင်းဘီအမျိုးအစားပဲ ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး ပဲ ဝတ်မလား၊ ပုံစံမျိုးစုံနဲ့ ဖက်ရှင်ကျအောင်ပဲ ဝတ်မလား၊ ကွီးတို့ ဉာဏ်စွမ်းရှိသလောက် ကွန့်လေ၊ ဖက်ရှင်ကျလေဖြစ်တဲ့ အမျိုးအစားပါ။ ဂျင်းဘောင်းဘီက နေ့ဘက်ဖြစ်စေ၊ ညဘက်ဖြစ်စေ၊ ကြိုက်တဲ့အချိန် ဝတ်ဆင်နိုင်ပါတယ်။ ဂျင်းဘောင်းဘီအရောင်မျိုးစုံရှိတဲ့ အထဲမှာ ဂန္ထဝင်အပြာရောင်က ပုံစံမျိုးစုံ၊ အဝတ်အစားမျိုးစုံနဲ အလိုက်ဖက်ပါတယ်။ ဒါ့အပြင် ဂျင်းဘောင်းဘီတွေက တော်တော်အကြမ်းခံတဲ့အတွက် အထည်များစွာ ဝယ်ထားစရာလည်းမလိုပါဘူး။

(၃) Slim-Fit ဘောင်းဘီ

Photo : The Trend Spotter

Slim-Fit တွေက ဂျင်းဘောင်းဘီကဲ့သို ပေါ့ပေါ့ပါးပါးခံစားရသော်လည်း ဂျင်းဘောင်းဘီထက်ပိုမို ပါးလွှာပြီး ပိုမိုစမတ်ကျသော ပုံစံကိုရစေပါတယ်။ ဝတ်စုံနဲ့ပဲဖြစ်ဖြစ်၊ သီးသန့်ပဲဖြစ်ဖြစ်၊ ၎င်းတိုဟာ ဆွဲဆောင်မှုရှိစေတဲ့အရောင် ဖြစ်ပါတယ်။ အနက်ရောင်၊ မီးသွေး သို့မဟုတ် နက်ပြ ာရောင် စတဲ့ နက်မှောင်သော အရောင်ရှိတဲ့ Slim Fit ဘောင်းဘီများကို ရုံးသွားလျှင် သို့မဟုတ် ပုံမှန်ပွဲလမ်းသဘင်တစ်ခုသို့သွားလျှင် ဝတ်ဆင်ဖို့ အကောင်းဆုံး ရွေးချယ်မှုပါပဲ။ ပိုမိုပေါ့ပါးတဲ့ နေရာများအတွက်ဆိုရင်တော့ တောက်ပတဲ့အရောင်ရှိတဲ့ Slim-Fit ဘောင်းဘီများကို သတ္တိရှိရှိရွေးချယ်လိုက်ပါ။

(၄) Jogger သို့မဟုတ် Sweats Pant

Photo : The Trend Spotter

Jogger သို့မဟုတ် Sweat Pants တွေက ကွီးတို့ကို တကယ်ကို သက်တောင့်သက်သာရှိစေပြီး ပေါ့ပါးတဲ့ ဘောင်းဘီတွေပါ။ ပြေးပြေးလွှားလွှားလုပ်ရာတွင် လည်းကောင်း၊ လေ့ကျင့်ခန်းလုပ်ရာတွင်လည်း ဝတ်ဆင်လို့ရပါတယ်။ ထို့အပြင် စတိုင်လ်ကျတဲ့ Street Fashion အတွက်လည်း ရွေးချယ်လို့ရပါတယ်။ ထသွားထလာအတွက်ဆိုရင် တီရှပ်နဲ့ တွဲဖက်ဝတ်ဆင်ပါ။ ရိုးရှင်းပြီး စတိုင်လ်ကျစေမှာပါ။

(၅) Wool Trousers

Photo : The Trend Spotter

နောက်ထပ်ဖော်ပြပေးချင်တဲ့ ဘောင်းဘီ အမျိုးအစားများ ထဲကတစ်ခုကတော့ Wool Trousers ပဲ ဖြစ်ပါတယ်။ ဘယ်လို ပုံစံနဲ့မဆို လိုက်ဖက်ညီတဲ့ ဘောင်းဘီအမျိုးအစားပါ။ ကွီးတို့အတွက် အရေးကြီးတဲ့တွေ့ဆုံမှုတွေ၊ နေ့စဉ်ရုံးဝတ်စုံအနေနဲ့ စသည်ဖြင့် Formal ပုံစံကနေ ပါတီတွေအထိ ကြိုက်တဲ့ပုံစံအတိုင်း တွဲဖက်ဝတ်ဆင်လိုက်ပါ။ Blazers နဲ့ ဝတ်ဆင်ဖို့လည်း တကယ်ကိုလိုက်ဖက်တဲ့ ဘောင်းဘီ အမျိုးအစားပါ။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ ဘောင်းဘီ အမျိုးအစားများကို သိထားခြင်းဖြင့် ကွီးတို့ရဲ့ ဖက်ရှင်ကို တစ်ဆင့်မြှင့်တင်ပြီး စတိုင်လ်ကျစေဖို့ အမှန်တကယ်ကို အထောက်အကူ ပြုပါလိမ့်မယ်။

Source : The Trend Spotter

Featured Photo : Wall Street Journal