စာရေးသူတို့ ယောကျာ်းလေး အများစု အဆော့များတဲ့ မိုလ်ဘိုင်းဂိမ်းလို့ ပြောလိုက်တာနဲ့ ဘောလုံးဂိမ်း တွေကတော့ နံပါတ်တစ် နေရာမှာ ရှိနေမှာ အသေအချာပါပဲ။ တကယ်လို့များ ဘောလုံးဂိမ်းတွေပဲ အမြဲတမ်း ဆော့ရတာ ရိုးအီလာတယ်ဆိုရင် အပြောင်းအလဲ အနေနဲ့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ Racing ဂိမ်းတွေ ပြောင်းဆော့ကြည့်ဖို့ အကြံပြုချင်ပါတယ်။ နောက် ပိုင်း ထွက်လာတဲ့ ကားပြိုင်ဂိမ်း တော်တော်များများက Realistic ဆန်တဲ့ ဂရပ်ဖစ်တွေနဲ့ အမိုက်စား ဂိမ်းအတွေ့အကြုံကို ယူဆောင်လာပေးနေတာပါ။ ဒီတစ်ခေါက်တော့ ကားပြိုင်ဂိမ်းတွေ အများကြီး ရှိတဲ့ အထဲကမှ လုံးဝမိုက်တဲ့ အမိုက်စား ဂိမ်း အချို့ကို ရွေးချယ်တင်ဆက်ပေးပါမယ်။

(၁) F1 Mobile Racing

Source : EA SPORTS F1

ဒီဂိမ်းက 2023 FIA Formula One World Championship ရဲ့ Official မိုလ်ဘိုင်းဂိမ်း အနေနဲ့ ထွက်ရှိခဲ့တာပါ။ တရားဝင် F1 Teams ၁၀ သင်းထဲကနေ နှစ်သက်ရာ အသင်းကို ကွီးတို့ ရွေးချယ်ကစားနိုင်ပြီး ကားတွေကိုလည်း စိတ်ကြိုက် Customize လုပ်နိုင်ပါတယ်။ ဒီဂိမ်းမှာ စိတ်လှုပ်ရှားဖို့ကောင်းပြီး စိန်ခေါ်မှုပြင်းထန်တဲ့ ပြိုင်ပွဲတွေ ပါဝင်မှာဖြစ်ပြီး ဖိုင်ဆိုဒ်ကတော့ 1.3 GB ရှိပါတယ်။

(၂) Rally One: Race To Glory

Source : zBoson Studio

ဖိုင်ဆိုဒ်နည်းနည်းနဲ့ တကယ်မိုက်တဲ့ Racing ဂိမ်းဆော့ချင်တယ်ဆိုတဲ့ ကွီးတို့ အတွက်ကတော့ Rally One: Race To Glory ရှိပါတယ်။ ဒီဂိမ်းမှာက ထူးခြားတဲ့ ပြိုင်ကားတွေ ၊ Classic ကား အမိုက်စားတွေ ၊ Close To Real Driving Controls တွေ ပါဝင်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ပြိုင်ပွဲတွေနဲ့ လုံးဝမိုက်တဲ့ ဂိမ်းအတွေ့အကြုံကို ခံစားရမှာ ဖြစ်ပါတယ်။ ဖိုင်ဆိုဒ် ကတော့ 117MB သာ ရှိပါတယ်။

(၃) Rebel Racing

Source : RebelRacing

Racingဂိမ်း မကြိုက်တဲ့သူတွေတောင် ဒီဂိမ်းကိုဆော့ဖူးရင် တော်တော်လေး စွဲလန်းသွားစေမှာပါ။ ဂိမ်းရဲ့ ရုပ်ထွက် ၊ ဂရပ်ဖစ်တွေကို တော်တော်လေး Realistic ဆန်ဆန် ဖန်တီးပေးထားပြီး စိတ်ဝင်စားဖို့ကောင်းတာတစ်ခုက တစ်ကမ္ဘာလုံးက Players တွေနဲ့ အပြိုင်ကြုံးနိုင်မယ့် ပြိုင်ပွဲတွေ ပါဝင်ဆော့နိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲရလဒ်အလိုက် Rewards တွေ ရှိသလို New Items တွေကိုလည်း Unlock လုပ်နိုင်မှာ ဖြစ်ပြီး အထာကျတဲ့ အမိုက်စား ပြိုင်ကားတွေ အများကြီး ရွေးချယ်စရာ ပါဝင်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 664MB ရှိပါတယ်။

(၄) CarX Street

Source : CarX Technologies

လုံးဝကြမ်းတဲ့ Visuals တွေနဲ့ Open World Racing ဂိမ်း အမိုက်ကြီး ဆော့ချင်ရင်တော့ ဒီဂိမ်းကို Try ကြည့်ပါ။ ပေါ့ပေါ့ပါးပါး Casual Rides တွေပဲ မောင်းမလား ဒါမှမဟုတ် Challenges ဖြစ်ဖြစ် ပြိုင်ပွဲတွေပဲ ကစားမလား ကွီးတို့ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ ဂိမ်းရဲ့ ဂရပ်ဖစ်ပိုင်းကတော့ လုံးဝအပြစ် ပြောစရာမရှိအောင် ဖန်တီးပေးထားပြီး ကန့်သတ်ချက်အနေနဲ့ High-End ဖုန်းတွေ ၊ Gaming ဖုန်းတွေမှာသာ ဆော့လို့ အဆင်ပြေပါတယ်။ ဒီဂိမ်းရဲ့ ဖိုင်ဆိုဒ်က 1.1GB ရှိပါတယ်။

Source : 91mobiles

Featured Photo : XXLGamer.de