မနေ့ညက ဘောလုံးပွဲကောင်းတွေ ရှိနေတဲ့ကြားက နာမည်ကျော် ဘောလုံးဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနို တင်ဆက်လိုက်တဲ့ သတင်းတစ်ခုက တော်တော်လေး စိတ်ဝင်စားစရာ ဖြစ်ခဲ့ရပါတယ်။ ဒါကတော့ ဆော်ဒီ အာရေဗျကလပ် အယ်လ်ဟီလာအသင်းက ဘောလုံးလောကရဲ့ GOAT ကြီးတစ်ဦးဖြစ်သူ လီယွန်နယ် မက်ဆီ ကို တစ်နှစ်လုပ်ခ ယူရိုသန်း(၄၀၀)ကျော်နဲ့ တရားဝင် ကမ်းလှမ်းလိုက်တဲ့ဆိုတဲ့ breaking news တစ်ပုဒ်ပါပဲ။

Photo Credit : Twitter

လာမယ့် ဇွန်လမှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် မက်ဆီကို ပီအက်စ်ဂျီဘက်က စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကြိုးပမ်းလျက် ရှိနေပေမယ့် မက်ဆီ ကတော့ ဒီကမ်းလှမ်းချက်ကို လက်ခံထားခြင်း မရှိသေးသလို စာချုပ် ကုန်ဆုံးချိန်မှာ ပီအက်စ်ဂျီနဲ့ လမ်းခွဲဖို့အထိပါ ပြင်ဆင်နေတယ်ဆိုပြီး သတင်းထွက်လာခဲ့ပါတယ်။ ဒီလို အနာဂတ် မရေမရာ ဖြစ်လာတဲ့ မက်ဆီကို မေဂျာလိဂ် ဆော်ဒီလိဂ် အသင်းတွေအပြင် သူ့အသင်းဟောင်း ဘာစီလိုနာကပါ ခေါ်ယူသွားဖို့ စီစဉ်လာပါတော့တယ်။

Photo Credit : Eurosport

ဘာစီလိုနာအသင်းကတော့ သူတို့ရဲ့ icon player , legend player ကြီး မက်ဆီကို အသင်းဆီ ပြန်လည် ခေါ်ဆောင်ချင်တာ ဖြစ်ပေမယ့် မေဂျာလိဂ်နဲ့ ဆော်ဒီ လိဂ်တွေကတော့ မက်ဆီနဲ့ သူတို့ရဲ့ လိဂ်ပြိုင်ပွဲတွေကို ပိုပြီး လူကြိုက်များလာအောင် စွဲဆောင်သွားချင်တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းက မက်ဆီ အတွက် တစ်ပတ်လုပ်ခ ယူရိုသန်း(၄၀၀)အထက်နဲ့ ကမ်းလှမ်းမှုတွေကို တရားဝင်တောင် ပြုလုပ်လာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : CNN

တကယ်လို့ မက်ဆီသာ ဒီကမ်းလှမ်းမှုကို လက်ခံလိုက်မယ်ဆိုရင် မက်ဆီ အနေနဲ့ သူရဲ့ပြိုင်ဘက်ဟောင်းကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ဆော်ဒီလိဂ်မှာ ပြန်လည် ဆုံတွေ့ရတော့မှာဖြစ်ပြီး အယ်လ်ဟီလာနဲ့ အယ်လ်နာဆာအသင်းကြားမှာလည်း အားပြိုင်မှုတွေ ပိုမို ပြင်းထန်လာနိုင်ပါတယ်။ ဒါပေမယ့် မက်ဆီကတော့ အရှေ့အလယ်ပိုင်း နဲ့ အမေရိကတို့မှာထက် ဥရောပမှာပဲ သူရဲ့ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းသွားဖို့သာ ဆန္ဒရှိတာကြောင့် အခု ကမ်းလှမ်းမှုကို ပယ်ချသွားဖွယ် ရှိနေရပါတယ်။

Featured Photo : Livescore’s Twitter