ဆော်ဒီစူပါလိဂ်က ထိပ်သီး ကလပ်အသင်းတွေက ဘောလုံးနယ်ပယ်ရဲ့ GOAT ကြီးတစ်ဦးဖြစ်သူ လီယွန်နယ် မက်ဆီ ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ရာ အောင်မြင်ခြင်း မရှိခဲ့တာကြောင့် မက်ဆီရဲ့ ကလပ်အသင်းဖော်ဟောင်း နေမာကို ပြောင်းလဲ ကြိုးပမ်းလာဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Sportskeeda

၂၀၂၃ နှစ်စပိုင်းမှာကတည်းက ဘောလုံးလောကရဲ့ GOAT ကြီးဖြစ်သူ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ဆော်ဒီကလပ် အယ်လ်နာဆာအသင်းက ခေါ်ယူခဲ့ပြီးတဲ့နောက် ၂၀၂၃ နွေမှာလည်း ဆော်ဒီလိဂ်ရဲ့ လက်ရှိချန်ပီယံ အယ်လ်အစ်တီဟတ်ကပါ Ballon d’Or ဆုရှင်ဟောင်း ကာရန် ဘန်ဇီမာကို ထပ်မံ ခေါ်ယူခဲ့ပါတယ်။ ရော်နယ်လ်ဒို ဘန်ဇီမာတို့လို ကမ္ဘာ့ထိပ်တန်း ကစားသမားကြီးတွေကို ဆော်ဒီလိဂ်ဆီ ခေါ်ယူနိုင်ခဲ့ပြီးနောက် မက်ဆီကိုပါ အရ ခေါ်ယူဖို့အတွက် ဆော်ဒီကလပ် အယ်လ်ဟီလယ်က ကြိုးပမ်းခဲ့ပေမယ့်လည်း မက်ဆီ က အင်တာ မိုင်ယာမီကိုသာ ရွေးချယ်သွားခဲ့လို့ အခု ဆော်ဒီကလပ်တွေ အာရုံက နေမာ ဆီကို ရောက်လာကြပါတယ်။

Photo Credit : The National

အသက် (၃၁)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဆမ်ဘာကြယ်ပွင့် နေမာ က လက်ရှိမှာ ပီအက်စ်ဂျီအသင်းနဲ့ အနာဂတ် မရေမရာ ဖြစ်နေရပြီး ဒီနွေမှာပဲ အသင်းအပြောင်းအလဲ လုပ်ဆောင်သွားဖို့ ရှိနေရာ မန်ယူနိုက်တက် ချယ်လ်ဆီး နယူးကာဆယ်တို့နဲ့ အပြောင်းအရွှေ့ ကောလဟာလတွေလည်း ထွက်ပေါ်လို့ နေပါတယ်။ ဒီအသင်း(၃)သင်းထဲမှာ နေမာကို ခေါ်ယူဖို့အတွက် ချယ်လ်ဆီးအသင်းက အကြိုးပမ်းဆုံး ဖြစ်နေပြီး အသင်းပိုင်ရှင် တော့ဒ်ဘိုလေကိုယ်တိုင် ပီအက်စ်ဂျီရဲ့ အသင်းဥက္ကဌ နာဆာ အယ်လ်ခါလိုင်ဖီနဲ့ပါ တွေ့ဆုံလျက် ရှိနေပါတယ်။

Photo Credit : Goal

ဒီအချိန်မှာ ဆော်ဒီကလပ်တွေကလည်း မက်ဆီ ကို သူတို့လိဂ်ဆီ အရ မခေါ်ဆောင်နိုင်ခဲ့လို့ နောက်ထပ် mega star ကြီးတစ်ဦးဖြစ်သူ နေမာကို ခေါ်ယူသွားနိုင်ဖို့ စတင် လုပ်ဆောင်လာခဲ့ပြီဖြစ်ပြီး နေမာရဲ့ အေးဂျင့်တွေနဲ့ ချိတ်ဆက် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ပဲရစ်မှာ ဆက်ရှိဖို့ မသေချာတော့တဲ့ နေမာ တစ်ယောက် ပရီးမီးယားလိဂ်ကိုပဲ သွားမလား ဒါမှမဟုတ် ငွေပုံပိုက်ပြီး စံစားရမယ့် ဆော်ဒီလိဂ်ကိုပဲ သွားမလား ဆိုတာ…

Featured Photo : French Football Weekly