၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ပြီးဆုံးသွားချိန်မှာ ပီအက်စ်ဂျီအသင်းရဲ့ GOAT ကြီး လီယွန်နယ် မက်ဆီ ဟာ သူရဲ့ လက်ရှိကလပ် ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ထပ်မံ တိုးမြှင့်မလား ဒါမှမဟုတ် သူ့အသင်းဟောင်း ဘာစီလိုနာကို ပြန်သွားလေမလားဆိုတာက လတ်တလောမှာ စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်နေရပါတယ်။

Photo Credit : The Athletic

လွန်ခဲ့တဲ့ (၂)နှစ်က နှစ်ပေါင်းများစွာ ကျင်လည် ဖြတ်သန်းခဲ့ရတဲ့ ဘာစီလိုနာအသင်းကို မျက်ရည်တွေနဲ့အတူ စွန့်ခွာခဲ့သူ မက်ဆီ ဟာ သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲကမှ လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းဆီ (၂)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ နေမာ ဘာပေတို့လို အလန်းစား တိုက်စစ်အတွဲအဖက်ကို မက်ဆီပါ ထည့်ပေါင်းလိုက်တော့ ပိုပြီးတော့ လန်းသွားမယ်လို့ မျှော်လင့်ထားခဲ့ရပေမယ့် မက်ဆီက ပထမရာသီမှာ အနည်းငယ် ရုန်းကန်မှုတွေ ရှိခဲ့ပြီး ဒုတိယရာသီဖြစ်တဲ့ အခုရာသီမှသာ မက်ဆီက လီဂူးမှာ ခြေစွမ်းတွေ ပိုမို ပြသလာနိုင်ပါတယ်။

Photo Credit : Forbes

မက်ဆီဟာ မနှစ်က အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ဖလားကြီးကို ပိုင်ဆိုင်နိုင်ခဲ့ရပေမယ့် ပီအက်စ်ဂျီနဲ့တော့ ချန်ပီယံလိဂ်ကနေ (၁၆)သင်းအဆင့်နဲ့ပဲ (၂)နှစ်ဆက်တိုက်အထိ ထွက်ခွာထားခဲ့ရသလို ပဲရစ်ကလည်း မက်ဆီအတွက် နေပျော်စရာ မကောင်းတော့တဲ့ နေရာတစ်ခုလို ဖြစ်လာခဲ့ပါတယ်။ ဒီအချိန်မှာ မက်ဆီအနေနဲ့ ပီအက်စ်ဂျီအသင်းနဲ့ပဲ မကြာခင် ကုန်ဆုံးတော့မယ့် စာချုပ်ကို ထပ်မံ သက်တမ်းတိုးသွားမလား သူ့ကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲကမှ အသင်းဟောင်း ဘာစီလိုနာကိုပဲ ပြန်ရွေးချယ်သွားမလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

Photo Credit : SPORTbilbe

မနေ့ကပဲ ဘာစီလိုနာအသင်းရဲ့ ဒုဥက္ကဖြစ်သူက သူတို့အနေနဲ့ မက်ဆီကို ပြန်လည် ခေါ်ယူသွားဖို့ တရားဝင် ကြိုးပမ်းလုပ်ဆောင်နေပြီလို့ အသိပေးသွားခဲ့သလို ဘာစီလိုနာနည်းပြ ဇာဗီကပါ မက်ဆီကို အသင်းမှာ ပြန်လည် မြင်တွေ့ရဖို့ မျှော်လင့်မိတယ်ဆိုပြီး ပြောဆိုလာခဲ့ပါတယ်။ ဘာစီလိုနာက မက်ဆီ ရဲ့ ကစားသမားဘဝ အစပြုရနေရာ ကစားသမားဘဝ တစ်ဆင့်ပြီးတစ်ဆင့် တိုးတတ်လာခဲ့ရာနေရာ အသေအချာ ပြောရမယ်ဆိုရင် သူ့အတွက် ဒုတိယမြောက် အိမ်လို ဖြစ်ခဲ့တဲ့ နေရာမို့ ၂၀၂၃နွေမှာ မက်ဆီတစ်ယောက် အိမ်ကို ပြန်သွားမလားဆိုတာကတော့…

Featured Photo : Marca