တစ်ချိန်တည်းက ဘာစီလိုနာအသင်းမှာ တွဲဖက် ကစားခဲ့ဖူးတဲ့ လီယွန်နယ် မက်ဆီ နဲ့ ဆာဂျီယို ဘူးစကွက်တို့ နှစ်ဦးဟာ အခုဆိုရင်တော့ အင်တာ မိုင်ယာမီ ဆိုတဲ့ နာမည်ကျော် ဘောလုံးသမားဟောင်းကြီး ဒေးဗစ် ဘက်ခမ်း ပူးတွဲ ပိုင်ဆိုင်ထားသော မေဂျာလိဂ် ကလပ် အင်တာ မိုင်ယာမီအသင်းဆီကို အတူတကွ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit : Deccan Herlad

တကယ်တော့ အင်တာ မိုင်ယာမီ ဆိုတာက မေဂျာလိဂ်ပြိုင်ပွဲ သက်တမ်း အတော်လေး နုနယ်သေးတဲ့ အသင်းတစ်သင်း ဖြစ်ပြီး လွန်ခဲ့တဲ့ ဇန်နဝါရီလကမှ အသင်း တည်ထောင်ထားတာ (၅)နှစ်ပြည့်ထားသေးတာပဲ ဖြစ်ပါတယ်။ အသင်းကိုလည်း အင်္ဂလန် ဘောလုံးသမားဟောင်းကြီး ဘက်ခမ်းနဲ့ အမေရိကန် ဘီလျံနာ သူဌေးကြီး နှစ်ဦးတို့က ပူးတွဲ ပိုင်ဆိုင်ထားတာ ဖြစ်ပြီး ဘက်ခမ်းကတော့ အသင်း ဥက္ကဌ တာဝန်ကိုပါ ရယူထားခဲ့ပါတယ်။ မိုင်ယာမီအသင်းဟာ ယခင်ကတော့ ဟီဂွာအင် မာတွီဒီတို့လို နာမည်ကျော် ဘောလုံးသမားကြီးတွေကို ခေါ်ယူခဲ့ပေမယ့်လည်း ၂၀၂၀မှာ အဆင့် (၁၉) ၂၀၂၁မှာ အဆင့် (၂၀) နဲ့ ၂၀၂၂မှာတော့ အဆင့် (၁၂)ထိ ရောက်ရှိလာခဲ့ပါတယ်။

Photo Credit : Marca

အခုတော့ အင်တာ မိုင်ယာမီ အသင်းဟာ ကမ္ဘာ့ဘောလုံး လောကရဲ့ GOAT ကြီး မက်ဆီ နဲ့ ကွင်းလယ် ခံစစ် ကစားသမားတွေထဲမှာ အကောင်းဆုံး စာရင်းဝင် ဖြစ်သူ ဘူးစကွက်ကိုပါ အသင်းဆီ အရ ခေါ်ယူလိုက်နိုင်တာကြောင့် မက်ဆီ တစ်ဦးတည်းနဲ့ပဲ အစစအရာရာ မျှော်လင့်ထားလာနိုင်ပြီ ဖြစ်ပါတယ်။ မက်ဆီလို ကမ္ဘာ့ထိပ်သီး ဘောလုံးသမားကြောင့် ဘက်ပေါင်းစုံကနေ ဝင်ငွေတွေ အသီးသီး ရရှိလာမှာ ဖြစ်သလို မက်ဆီရဲ့ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဆွာရက်ဇ် အယ်လ်ဘာ အင်နီယေစတာ ရာမို့စ်တို့အပြင် ဟာဇက်ပါ မိုင်ယာမီဆီကို ရောက်လာဖို့ ရှိနေပြန်ပါတယ်။

Photo Credit : Transfermarket

လက်ရှိ အနေအထားအရဆိုရင်တော့ မက်ဆီ ဘူးစကွက်တို့နောက် လိုက်လာဖို့ သေချာသလောက် ရှိနေသူကတော့ ဘယ်နောက်ခံလူကြီး အယ်လ်ဘာပါ။ မက်ဆီ နဲ့ ဘာစီလိုနာမှာ အရမ်းကို connection မိခဲ့တဲ့ အယ်လ်ဘာသာ ရောက်လာရင်တော့ မိုင်ယာမီ ဘယ်ခြမ်းကတော့ ရှယ်ပါပြီ။ ဒါကိုမှ ကွင်းလယ်မှာ အင်နီယေစတာ တိုက်စစ်မှာ ဆွာရက်ဇ် ခံစစ်မှာ ရာမို့စ်တို့အပြင် ဟာဇက်ပါ ရောက်လာခဲ့မယ်ဆိုရင်တော့ သက်ကြီး ကစားသမားတွေ ဖြစ်နေသည့်တိုင် ဒီ Squad ကိုတော့ သေချာပေါက် ရှိန်နေရမှာ ဖြစ်ပါတယ်။